SJ WorldNews - шаблон joomla Авто

ဝိုင်းမော်မြို့နယ်၊ ဆဒုံးမြို့၊ ပူးပေါင်း စစ်ဆေးရေးဂိတ်၌ မူးယစ်ဆေးဝါး သယ်ဆောင်လာသူအား ဖမ်းဆီးရမိ

Saturday, 27 June 2020 21:58 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   ဇွန် - ၂၇

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဆဒုံးမြို့၊ ပူးပေါင်း စစ်ဆေးရေးဂိတ်၌ လုံခြုံရေးဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် ယာဉ်ဖြတ်သန်း သွားလာမှုများအား စစ်ဆေးစဉ် ဇွန် ၂၆ ရက် မွန်းလွဲ  နာရီခန့်တွင် ဝိုင်းမော်မြို့ဘက်မှ ဆဒုံးမြို့ဘက်သို့ ဦးဇော်နော်()ဦးလကော့ဂမ် မောင်းနှင်လာသည့် CANDA-125  အမျိုးအစား  မော်တော်ဆိုင်ကယ်တစ်စီးအား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်ပေါ်မှ ဆပ်ပြာခွက် ၅၅၀ ခွက်ဖြင့် ထည့်ထားသည့် ဘိန်းဖြူ ၅၅၀ ဂရမ်ခန့်(ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၄၄၀ ခန့်) ကို တွေ့ရှိဖမ်းဆီး ရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူ၊ မော်တော်ဆိုင်ကယ်နှင့် မူးယစ်ဆေးဝါးများကို ဆဒုံး နယ်မြေရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

 

Read 14 times Last modified on Saturday, 27 June 2020 21:59