SJ WorldNews - шаблон joomla Авто

ဘုတ်ပြင်းမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း စည်းပျက် ကမ်းနီးတရွတ်ဆွဲ ငါးဖမ်းလှေ တစ်စီးဖမ်းဆီးရမိ

Monday, 29 June 2020 07:57 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ ဇွန်-၂၈

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့အနီးရှိ မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် ဇွန် ၂၇ ရက် ညနေ ၃ နာရီခန့်တွင် အလယ်မန်ကျွန်း၏ အနောက်တောင်ဘက်ရေမိုင် ၈ မိုင်ခန့် အကွာ၌ အလျား ၄၀ ပေ၊ အနံ ၇ ပေ၊ ရေစူး ၃ ပေခန့်ရှိ စည်းပျက်ကမ်းနီး တရွတ်ဆွဲငါးဖမ်းလှေတစ်စီးပေါ်မှ ဦးအောင်ကျော်(ဘ)ဦးမြင့်စိုး အပါအဝင် အမျိုးသား ၅ ဦးကို ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ စည်းပျက်ကမ်းနီး တရွတ်ဆွဲငါးဖမ်းလှေနှင့်အတူ ဖမ်းဆီးရမိသူများအား ဘုတ်ပြင်းမြို့ငါးလုပ်ငန်း ဦးစီးဌာနသို့ စနစ်တကျ လွှဲပြောင်းအပ်နှံ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

Read 10 times Last modified on Monday, 29 June 2020 07:58