SJ WorldNews - шаблон joomla Авто

မော်တော်ယာဉ်တစ်စီး နောက်ဘီးပေါက်၍ သစ်ပင်ကိုဝင်တိုက်မိ တစ်ဦးသေ သုံးဦးဒဏ်ရာရ

Monday, 29 June 2020 09:16 font size decrease font size decrease font size increase font size increase font size

နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ဇွန် ၂၇ ရက် ည ၆ နာရီ မိနစ် ၂၀ က  မော်တော်ယာဉ်တစ်စီး နောက်ဘီးပေါက်၍ သစ်ပင်ကိုဝင်တိုက်မိရာမှ တစ်ဦးသေဆုံးပြီး  သုံးဦးဒဏ်ရာရရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၁၈၆/ဝ) နှင့် (၁၈၆/၁)ကြား၌ ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ ယာဉ်မောင်း (အမည်၊ နေရပ်စုံစမ်းဆဲ) မောင်းနှင်လာသော PROBOX အဖြူရောင် မော်တော်ယာဉ်သည် မောင်းနှင်နေစဉ် နောက်ယာဘက်ဘီးပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ သစ်ပင်ကို ဝင်တိုက်မိကာ ယာဉ်မောင်းမှာ အခင်းဖြစ်နေရာမှ     ထွက်ပြေးတိမ်းရှောင်သွားသည်။

ထိုသို့တိုက်မိမှုကြောင့်    PROBOX ယာဉ်ပေါ်ရှိ  ယာဉ်မောင်းပါ  အမျိုးသားခြောက်ဦးအနက်  တစ်ဦးမှာ  အခင်းဖြစ် နေရာ၌ သေဆုံးပြီး သုံးဦးမှာ ထိခိုက်ဒဏ်ရာရရှိသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း(စုံစမ်းဆဲ)အား ပလွေးအမြန်လမ်းမကြီး ရဲစခန်းက ယာဉ်(ပ)၁၂/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-က/၃၃၇/၃၃၈/၇၀၂ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိပြီး  ဖမ်းဆီးရမိရေးအတွက်  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။                   

ရဲဝင်းနိုင်(နေပြည်တော်)

Read 15 times Last modified on Monday, 29 June 2020 09:17