SJ WorldNews - шаблон joomla Авто

ဖျာပုံမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း တရားမဝင်သစ်များ တင်ဆောင်လာသည့် လှေတစ်စီး ဖမ်းဆီးရမိ

Monday, 29 June 2020 20:35 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ၊ ဇွန် - ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေး ဆောင်ရွက် လျက်ရှိသော တပ်ဖွဲ့ဝင်များသည် ဇွန် ၂၈ ရက် နံနက် ၂ နာရီ ၅၀ မိနစ်ခန့်တွင် ဖျာပုံမြို့၏တောင်ဘက် ရေမိုင် ၅၈ မိုင်ခန့်အကွာ၌ အလျား ၆၈ ပေ၊ အနံ ၁၉ ပေ၊ ရေစူး ၈ ပေ ခန့် ဗေဒါစံအမည်ရှိ တရားမဝင်သစ်မှောင်ခိုလှေပေါ်မှ ဇော်လင်း(ဘ) ဦးဇော်မင်း အပါအဝင် လှေသား ၆ ဦးတို့ကို ပိတောက်သစ်ခွဲသားဆိုဒ်စုံ ၃၅ တန်ခန့်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူများ၊ လှေနှင့် သစ်ခွဲသားများအား ဖျာပုံမြို့သစ်တောဦးစီး ဌာနသို့ စနစ်တကျလွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Read 22 times Last modified on Monday, 29 June 2020 20:39