SJ WorldNews - шаблон joomla Авто

VMS စနစ်တပ်ဆင်ခြင်း မရှိသည့် ငါးဖမ်းရေယာဉ် ၄၂ စင်းကို ဖမ်းဆီး အရေးယူ

Tuesday, 30 June 2020 08:44 font size decrease font size decrease font size increase font size increase font size

မြန်မာ့ပင်လယ်ပြင်အတွင်း Vessel Monitoring System (VMS)  တပ်ဆင် ခြင်းမရှိသည့် ငါးဖမ်းရေယာဉ်များကို ဇွန်လမှစ၍ အရေးယူရာ  ရေယာဉ်  ၄၂ စင်းကို ဖမ်းဆီးအရေးယူခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင်၏ ပြောဆိုချက်အရ သိရသည်။

''ဇွန်လပထမပတ်မှာ VMS   တပ်ဆင်ထားခြင်း မရှိတဲ့ ငါးဖမ်းရေယာဉ်  ၃၂ စင်းတွေ့တယ်။  အရေးယူထားတာ  ငါးဖမ်းရေယာဉ် ကိုးစင်းပါ။  ကျန်တဲ့  ၂၃ စင်းအတွက်တော့ VMS တပ်ဆင်တဲ့ ကုမ္ပဏီက  တာဝန်ရှိလို့ VMS တင်ဆင်တဲ့ ကုမ္ပဏီတွေက ဒဏ်ကြေး ပေးဆောင်ရမှာပါ။ ဇွန်လဒုတိယပတ်မှာ ငါးဖမ်းရေယာဉ်ခုနစ်စင်း၊  VMS  တင်ဆင်တဲ့ ကုမ္ပဏီက သုံးစင်းအရေးယူတာ ရှိတယ်''ဟု ဦးဝေလင်းမောင်ကပြောသည်။

သို့သော် ဇွန်လတတိယပတ်နှင့် စတုတ္ထပတ်တွင် ဒဏ်ကြေးပေးဆောင်ရသည့် ရေယာဉ်မရှိကြောင်း၊  ဇွန်လပထမပတ်နှင့်  ဒုတိယပတ်တွင် ဒဏ်ကြေးပေးဆောင်ထားရသည့်အတွက် လုပ်ငန်းရှင် များကလည်း  စည်းကမ်းလိုက်နာမှု ရှိလာကြောင်းနှင့် ဖေဖော်ဝါရီလမှ ဧပြီလအထိ VMS တပ်ဆင်ပြီး  ပညာပေး ကာလဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ငါးမဖမ်းရရာသီဖြစ်သည့် အတွက်  ရေယာဉ်အားလုံး  သက်ဆိုင်ရာ ဆိပ်ကမ်းအသီးသီးသို့ ပြန်လည်ဝင်ရောက်လျက်ရှိပြီး VMS စင်တာနှင့်  အဆက်အသွယ် မလုပ်သည့်ကာလဖြစ်သည်။ ထိုသို့ အဆက်အသွယ် မလုပ်သည့်ကာလဖြစ်သည့်အတွက်  VMS  တပ်ဆင်ခြင်း ရှိ၊ မရှိ စစ်ဆေးပြီး သင့်လျော်သည့် ဒဏ်ကြေးဖြင့်သာ အရေးယူခြင်းဖြစ်ပြီး ငါးဖမ်းရာသီပြန်ရောက်ချိန်တွင်    သတ်မှတ်ထားသော တားမြစ် ဧရိယာများ အတွင်းဝင်ရောက်၍ တရားမဝင်ငါးဖမ်းသည့် ရေယာဉ်များကို  အရေးယူမည်ဖြစ်သည်။   

လက်ရှိတွင် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊  ဧရာဝတီတိုင်း ဒေသကြီး၊   မွန်ပြည်နယ်နှင့်  ရခိုင်ပြည်နယ်တို့၌ရှိသည့်  VMS  စင်တာများမှ  ၂၄  နာရီ  စစ်ဆေးစောင့်ကြည့် ထိန်းချုပ်လျက်ရှိကြောင်း သိရသည်။                          

 

Read 13 times Last modified on Tuesday, 30 June 2020 08:46