SJ WorldNews - шаблон joomla Авто

မောင်တောမြို့နယ်အတွင်း ငွေကျပ် ၁ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

Tuesday, 30 June 2020 21:04 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   ဇွန် - ၃၀

 ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော အဖွဲ့သည် သီဟိုဠ်ခြံ ရဲကင်းစခန်းရှေ့ ကားလမ်းပေါ်၌ ယာဉ်ဖြတ်သန်း သွားလာမှုများအား စစ်ဆေးစဉ် ယနေ့နံနက် ၁၀ နာရီခွဲခန့်တွင် အငူမော်ဘက်မှ ငါးခူရဘက်သို့ မောင်ခင် ()ဦးထွန်းသိန်းဖြူ မောင်းနှင်လာပြီး ဟန်သိန်း()ဦးထွန်းသောင်းကျော်နှင့် အောင်စိုးမင်း ()ဦးထွန်းလှခိုင်တို့ လိုက်ပါလာသည့်   ALPHARD    အမျိုးအစား မော်တော်ယာဉ်အမှတ်၊ YGN/9H----------  ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်မောင်းထိုင်ခုံနှင့် နောက်လူစီး ထိုင်ခုံကြားရှိ  ကြမ်းခင်းအား အပေါက်ဖောက်ထားသည့် အံဝှက်အတွင်းမှ WY  စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား  ၅၇၉၅၀၀ ပြား (ခန့်မှန်းတန်ဖိုးငွေကျပ် ဘီလီယံကျော်) နှင့်အတူ တွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူများနှင့် မူးယစ်ဆေးဝါးများကို ပြင်ဖြူနယ်မြေရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

 

Read 12 times Last modified on Tuesday, 30 June 2020 21:06