SJ WorldNews - шаблон joomla Авто

စစ်တွေမြို့မရဲစခန်းမှ ရဲတပ်ကြပ်ကြီး တစ်ဦးကို ဓားဖြင့် ထိုးသတ်မှုဖြစ်ပွား

Tuesday, 30 June 2020 21:38 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ ဇွန် - ၃၀

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်လျက် ရှိသည့် ရဲတပ်ကြပ်ကြီး မောင်မောင်သန်း() ဦးမောင်ကြာအောင် သည် ဇွန် ၂၉ ရက် နာရီ မိနစ်ခန့်တွင် စစ်တွေမြို့၊ မကျည်းမြိုင်ရပ်ကွက်၊ အကွက်() မဏိပူရလမ်းရှိ ၎င်း၏ နေအိမ်သို့ သွားရောက်စဉ် နေအိမ်အဝင်ဝ၌ အသင့်စောင့်ဆိုင်းနေသည့် အမည်မသိ အမျိုးသား ဦးက အသင့်ပါလာသော သံတုတ်၊ ဓားမြှောင်တို့ဖြင့် ဝိုင်းဝန်း တိုက်ခိုက်ခဲ့သည်။ တိုက်ခိုက်မှုကြောင့် ရဲတပ်ကြပ်ကြီး မောင်မောင်သန်း၏ ဝမ်းဗိုက်ဝဲဘက်တွင် ထိုးသွင်းဒဏ်ရာ ချက်၊ ဝဲဘက်ရင်အုံတွင် ထိုးသွင်းဒဏ်ရာ ချက်၊ ဝဲဘက်နံဘေးတွင် ထိုးသွင်းဒဏ်ရာ ချက်တို့ ရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါဒဏ်ရာရ ရဲတပ်ကြပ်ကြီး မောင်မောင်သန်း အား နာရီ ၂၅ မိနစ်ခန့်တွင်   စစ်တွေပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ အတွင်းလူနာအဖြစ် ဆေးကုသပေးလျက်ရှိစဉ် နာရီ ၄၀ မိနစ်ခန့်တွင် ရရှိဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်းနှင့် သေဆုံးမှုနှင့် ပတ်သက်၍ တရားခံအား ဖမ်းဆီးရမိရေး စစ်တွေမြို့မရဲစခန်း၌ လုပ်ထုံးလုပ်နည်းနှင့် အညီ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

 

Read 15 times Last modified on Tuesday, 30 June 2020 21:39