SJ WorldNews - шаблон joomla Авто

ကေတု

စာရေးသူ၏မိတ်ဆွေ ဗိသုကာပညာရှင်များက တောင်ပို့ဖုံးအုပ်နေသော ထူးထူးခြားခြား ပုဂံခေတ် ဗိသုကာလက်ရာများနှင့် တည် ထားသည့် ဘုရားသို့ သွားမည်ဟု ပြောလာသဖြင့်  ခရီးသွားရသည်ကို ဝါသနာပါသော    ကျွန်မက လိုက်မယ်ဟု ပြောလိုက်မိပြီးမှပင် ဘယ်ဒေသကို သွားမှာလဲဟု   မေးမိသည်။ 

ရန်ကုန်   သြဂုတ်   ၃၁

ပြည်တွင်း၌ အဓိကကျသည့် စိုက်ပျိုးရေး  လုပ်ငန်း၊ SME လုပ်ငန်းနှင့် ဆောက်လုပ်ရေး လုပ်ငန်းသုံးခုကို ငွေကြေးပိုင်းဆိုင်ရာ ပံ့ပိုး ကူညီမှုများ ပေးမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောသည်။

မုံရွာ   သြဂုတ် ၃၁

လက်ရှိမှတ်တမ်းတင်ထားသည့် အကြီးဆုံး ကျွန်းပင်ကြီးများထက် လုံးပတ်ကြီးမားသည့် ကျွန်းပင်ကြီးနှစ်ပင်ကို စစ်ကိုင်းတိုင်း ဒေသကြီး ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ် နံသာကျေးရွာအုပ်စု တုံစကားရွာအနီး ဥရုကြိုးဝိုင်း အကွက်အမှတ်(၇၉)အတွင်း ရှာဖွေဖော်ထုတ် မှတ်တမ်းတင်နိုင်ခဲ့ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့မှသိရသည်။

မင်းဘူး  သြဂုတ်  ၃၁

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်ရှိ မန်းရေနံမြေနှင့် ထိစပ်ကျေးရွာများမှ ဒေသခံပြည်သူများ  ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်နိုင်ကြစေရန် ရည်ရွယ်၍ ဖွင့်လှစ်သော တန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲ အခမ်းအနားကို မန်းရေနံမြေလုပ်ငန်းခွင် သင်တန်းကျောင်းခန်းမ၌   ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပသည်။

ကျိုင်းတုံ  သြဂုတ်  ၃၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် မိုင်းဇင်းကျေးရွာအုပ်စု မိုင်းဇင်းကျေးရွာရှိ တောင်သူ ဦးအားထူ၏ လယ်မြေတွင်းရှိ ဆင်းဧကရီ-၃ မျိုးသန့်စပါးခင်း၌ ယမန်နေ့ ညနေပိုင်းက ဘက်စုံအဆင့်မြင့်နည်းပညာသုံး မြေသြဇာ ထောက်ပံ့ပေးအပ်ခြင်းနှင့် မျိုးကွဲနုတ်ပယ်ခြင်း ကွင်းဆင်းသရုပ်ပြ အခမ်းအနား ကျင်းပသည်။

ပဲခူး  သြဂုတ်  ၃၁

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း အား G3 Group Limited မှ ဦးအောင်စိုးမိုး ဦးဆောင်သော   ကိုယ်စားလှယ်အဖွဲ့သည်  e-Government  လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးရန် ယမန်နေ့ ညနေ ၃ နာရီ က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။

ရန်ကုန်   သြဂုတ်   ၃၁

အမေရိကန်အခြေစိုက်  Condé  Nast  Traveler ကဖော်ပြသည့်   ကမ္ဘာ့အလှဆုံး ဗုဒ္ဓသာသနိက အဆောက်အအုံ ၁၁ ခုစာရင်းတွင် ရွှေတိဂုံစေတီတော်နှင့် ပုပ္ပားတောင်ကလပ်ကို ထည့်သွင်း ဖော်ပြခဲ့ကြောင်း သိရသည်။

ရန်ကုန်   သြဂုတ်   ၃၁

ရန်ကုန်တိုင်းဒေသကြီး  အခြေခံပညာကျောင်းများရှိ ကျောင်းမုန့်ဈေးတန်းများ၌ ယခုအခါ တရုတ်မုန့်များ ရောင်းချမှု ကင်းစင်သော အနေအထားမျိုး ရှိလာကြောင်း မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်ထံမှ သိရသည်။

Page 2237 of 2288