SJ WorldNews - шаблон joomla Авто

နေပြည်တော်   အောက်တိုဘာ  

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၂ ရက် ည ၇ နာရီခွဲခန့်တွင် လောက်ကိုင်မြို့နယ်၊ ထင်ပါကျိုင်းကျေးရွာ၏ တောင်ဘက်မီတာ ၂ဝဝဝ ခန့်အကွာ၌ ကျန်စစ်(ဘ)ဦးကျန်ဆဲ အပါအဝင် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးအား  တရားမဝင် သယ်ဆောင်လာသည့် နွားထီးကြီး ၁၈ ကောင်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ နွား ၁၈ ကောင်နှင့်အတူ ဖမ်းဆီးရမိသူများအား လောက်ကိုင်မြို့နယ် ရန်လုံကျိုင်း ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံ သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

Page 10 of 237