SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106
JUser: :_load: Unable to load user with ID: 107

နေပြည်တော်  သြဂုတ်  ၁၃

ရခိုင်ပြည်နယ် ဘူးသီးတောင် မြို့နယ်စိုင်းဒင် ဈေးကျေးရွာမှ ကျန်းမာရေး ဝန်ထမ်းတစ်ဦး ဆေးကုသွားရာမှ ပျောက် ဆုံးလျက်ရှိကြောင်း သိရသည်။

မြိတ် သြဂုတ် ၁၃

တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့ ကလွင်ကျေးရွာ အုပ်စု တောရကျောင်းရပ်ကွက် အဝေးပြေး ကားဝင်းဟောင်း အတွင်းရှိ ကေသီရီ(၁) KTV နှင့် စားသောက်ဆိုင်၌ မူးယစ်ဆေးဝါး လက်လီလက်ကား ရောင်းချနေသည့် ဆိုင်ပိုင်ရှင်နှင့် ပူးပေါင်းပါဝင်သူ ၁၂ ဦးကို ယနေ့နံနက် ၁ နာရီ မိနစ် ၅ဝ တွင် ဖမ်းဆီးရမိကြောင်း သိရသည်။

မြဝတီ သြဂုတ် ၁၃

ကရင်ပြည်နယ် မြဝတီမြို့ အမှတ်(၄) ရပ်ကွက်ရှိ နေအိမ်တစ်အိမ်၌ ယနေ့နံနက် ၃ နာရီတွင် WY စာတန်းပါ စိတ်ကြွဆေးပြား ၂၇ဝဝဝ ကျော် သိမ်းဆည်း ရမိကြောင်း သိရသည်။

မြိတ် သြဂုတ် ၁၃

တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့ ကလွင်ကျေးရွာအုပ်စု ကျွဲကူးလမ်းမကြီး တောရကျောင်း ရပ်ကွက် စိုးရေခဲစက် ရှေ့၌ ယမန်နေ့ ည ၁ဝ နာရီက ဆိုင်ကယ်နှစ်စီး တိုက်မိမှု ဖြစ်ပွားရာ တစ်ဦးသေဆုံးကြောင်း သိရသည်။

မြစ်ကြီးနား သြဂုတ် ၁၃

ကချင်ပြည်နယ် တစ်ခုလုံး အတိုင်းအတာဖြင့် ၂ဝ၁၇ ခုနှစ် ဇူလိုင်လအတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုမှာ ၁၅၅ မှုရှိကြောင်း ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

နေပြည်တော် သြဂုတ် ၁၃

နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဝဏ္ဏသိဒ္ဓိ ရပ်ကွက် အားကစား ကျေးရွာရှိ CLUSTER 4 ၌ ယမန်နေ့ နံနက် ၈ နာရီ မိနစ် ၄ဝ က အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးမှု ဖြစ်ပွားကြောင်း သိရသည်။

နမ္မတူ သြဂုတ် ၁၂

ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ္မတူမြို့ နမ္မတူ-လားရှိုး ကားလမ်းပေါ်၌ ယမန်နေ့ နံနက် ၈ နာရီက မော်တော်ယာဉ်ဖြင့် ဘော်ကျောက်များ တရားမဝင် သယ်ဆောင် လာသူတစ်ဦးကို အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။

ကျောက်တံခါး သြဂုတ် ၁၂

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် မြို့ချောင်း အမြန်လမ်းမကြီး ရဲစခန်းအပိုင် ရန်ကုန်-မန္တလေး အမြန်လမ်းမ ကြီး၌ ယမန်နေ့နံနက် ၂ နာရီက ယာဉ်မတော်တဆမှု ဖြစ်ပွားကြောင်း သိရသည်။

နတ်တလင်း သြဂုတ် ၁၂

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ်၌ ယမန်နေ့ နံနက် ၇ နာရီခွဲက လွှတ်ကျောင်းထားသော နွားသုံးကောင်ကြောင့် ဆိုင်ကယ်မောင်းနှင်သူ ဒဏ်ရာရရှိကာ ဆိုင်ကယ်ပျက်စီးခြင်းကြောင့် ပိုင်ရှင်ကို အရေးယူပေး ရန်တိုင်တန်းမှု ဖြစ်ပွားကြောင်း သိရသည်။

ဖားကန့် သြဂုတ် ၁၂

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကောင်ဆန်ကျေးရွာအနီး စိန်လုံတောင်တန်း ကုမ္ပဏီ လုပ်ကွက်ဟောင်း၌ ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲက အမျိုးသားတစ်ဦး ရေမဆေးကျောက် ရှာဖွေနေစဉ် ကျောက်တုံးထိမှန်၍ သေဆုံးမှုဖြစ်ပွားကြောင်း သိရသည်။

Page 251 of 254