SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

လားရှိုး စက်တင်ဘာ ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ် လားရှိုး-တန့်ယန်း ကားလမ်း၌ ယမန်နေ့မွန်းလွဲ ၁၂ နာရီခွဲက ဆိုင်ကယ်ခွကြားတွင် သယ်ဆောင်လာသော ကျောပိုးအိတ် အတွင်းမှ ဘိန်းစိမ်းများ သိမ်းဆည်း ရမိခဲ့သည်။

သထုံ စက်တင်ဘာ ၁၉

မွန်ပြည်နယ် သထုံမြို့နယ် နောင်ဘိုကျေးရွာ ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်၌ ယမန်နေ့  ည ၁ဝ နာရီက မော်တော်ယာဉ်တစ်စီး ရှေ့ဘီးပေါက်၍ တိမ်းမှောက်ရာ နောက်မှ လိုက်ပါလာသည့် ဆိုင်ကယ်က ဝင်ရောက်တိုက်မိ၍ ဆိုင်ကယ်မောင်းသူမှာ သေဆုံးကြောင်း သိရသည်။

ကော့သောင်း စက်တင်ဘာ ၁၉

ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက် တော်ဝင်(၂)လမ်း၌ တရားမဝင် သစ်ခွဲသားများ တင်ဆောင်လာသည့် ယာဉ်တစ်စီးအား ယမန်နေ့ မွန်းလွဲပိုင်းက ဖမ်းဆီးရမိကြောင်း သိရသည်။

တောင်ကြီး စက်တင်ဘာ ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ ရေအေးကွင်းရပ်ကွက် အရှေ့မြို့ပတ်လမ်းရှိ တော်ဝင်ပုလဲနှင်းဆီ လက်ဖက်ရည်ဆိုင်၌ ယမန်နေ့ နံနက် ၉ နာရီ မိနစ် ၅ဝ က လက်ဖက်ရည် သောက်နေစဉ် ကားမှန်ခွဲခံရပြီး ကားအတွင်းမှ ငွေနှင့်ပစ္စည်းများ ခိုးယူခံရမှု ဖြစ်ပွားကြောင်း သိရသည်။

မော်လမြိုင် စက်တင်ဘာ ၁၈

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ခရိုက်သစ်ကျေးရွာ လမ်းပေါ်၌ ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲက ထော်လာဂျီယာဉ်ကို ဆိုင်ကယ်က ဝင်ရောက်တိုက်မိမှု ဖြစ်ပွားကြောင်း သိရသည်။

သိန်းနီ စက်တင်ဘာ ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန်းနီမြို့ အမှတ်(၄)ရပ်ကွက်ရှိ နေအိမ်တစ်အိမ်၌ ယမန်နေ့နံနက် ၁၁ နာရီက မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိကြောင်း သိရသည်။

ဖြူး စက်တင်ဘာ ၁၈

ပဲခူးတိုင်း ဒေသကြီး ဖြူးမြို့ မင်းကံရိုး ကျေးရွာအုပ်စု ဒိုင်းတရာ ကျေးရွာအနီး ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ဖြူးအမြန်လမ်း ရဲစခန်းအပိုင်၌ ယနေ့ နံနက် ၃ နာရီခန့်တွင် ကျွန်းသစ်များ တရားမဝင် တင်ဆောင်လာသော မော်တော်ယာဉ် တစ်စီးကို သိမ်းဆည်းရမိကြောင်း သိရသည်။

နောင်ချို စက်တင်ဘာ ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ် ခြေမြစ်ပင်ကျေးရွာ မန္တလေး-လားရှိုးလမ်း၌ ယမန်နေ့ နံနက် ၉ နာရီက အရှိန်မထိန်းနိုင်သော မော်တော်ယာဉ် တစ်စီးသည် တစ်ဖက် ယာဉ်ကြောမှ မော်တော်ယာဉ် တစ်စီးဖြင့် မျက်နှာချင်းဆိုင် တိုက်မိရာ လူတစ်ဦး သေဆုံးမှု ဖြစ်ပွားကြောင်း သိရသည်။

နေပြည်တော် စက်တင်ဘာ ၁၈

နေပြည်တော် ကောင်စီနယ်မြေ ဒက္ခိဏသီရိ မြို့နယ် ဒက္ခိဏသီရိ ရပ်ကွက် အာသာဝတီ (၆)လမ်းရှိ နေအိမ်တစ်အိမ်၌ မူးယစ်ဆေးဝါး လက်ဝယ်ထားရှိ သုံးစွဲသူနှစ်ဦးကို ယမန်နေ့ နံနက် ၈ နာရီက ဖမ်းဆီးရမိကြောင်း သိရသည်။

Page 253 of 269