SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107
JUser: :_load: Unable to load user with ID: 106

ပုလော စက်တင်ဘာ ၁၇

တနင်္သာရီတိုင်း ဒေသကြီး ပုလောမြို့နယ်၌ ယမန်နေ့မွန်းလွဲ ၁ နာရီက ဘေးတွဲဆိုင်ကယ် တိုက်မိ၍ သုံးနှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးကြောင်း သိရသည်။

မြဝတီ စက်တင်ဘာ ၁၇

မြဝတီ- ကော့ကရိတ် လမ်းသစ်၌ စက်တင်ဘာ ၁၅ ရက် ညနေ ၃ နာရီ ၄၅မိနစ်က မော်တော်ယာဉ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိမှုကြောင့် ယာဉ်မောင်းတစ်ဦး သေဆုံးကြောင်း သိရသည်။

ပဲခူး စက်တင်ဘာ ၁၇

ပဲခူးမြို့ အမှတ်(၂) နယ်မြေရဲစခန်း အပိုင် ရန်ကုန်-မန္တလေး ကားလမ်း မဇင်းမီးပွိုင့်၌ ယမန်နေ့ မွန်းလွဲ ၁၂ နာရီကျော်က ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားကြောင်း သိရသည်။

မြိတ် စက်တင်ဘာ  ၁၆

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ သဘွတ်ကျေးရွာအုပ်စု   ပရည်တောင်ကျေးရွာရှိ နေအိမ်အတွင်းမှ ယမန်နေ့ နံနက် ၆ နာရီက WY စာတန်းပါ  စိတ်ကြွဆေးပြားများ သိမ်းဆည်း ရမိကြောင်း သိရသည်။

ရေး စက်တင်ဘာ  ၁၆

မွန်ပြည်နယ် ရေးမြို့ ဇီးဖြူသောင်းကျေးရွာ ဆိပ်ကမ်းသာ(၂)ရပ်ကွက်၌ ယမန်နေ့မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်က အိမ်ထောင်ရေးပြဿနာဖြင့် စကားများရန်ဖြစ်နေစဉ် ဝင်ရောက်ဖျန်ဖြေရာမှ အဒေါ်တော်စပ်သူမှာ ကတ်ကြေးဖြင့် အထိုးခံရ၍  သေဆုံးမှု ဖြစ်ပွားကြောင်း သိရသည်။

အုတ်တွင်း စက်တင်ဘာ  ၁၆

ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ် တောင်ငူ-ထန်းတပင်သွား   ကားလမ်း၌ ယနေ့  နံနက် ၁ နာရီခွဲတွင် ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်မိရာ ဆိုင်ကယ်မောင်းနှင်သူ တစ်ဦးသေဆုံးကာ နောက်တွင်လိုက်ပါလာသူ တစ်ဦး ဒဏ်ရာများ ရရှိကြောင်း သိရ သည်။

အင်းတော် စက်တင်ဘာ  ၁၆

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့၌ ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲက မူးယစ်ဆေးဝါး များ သိမ်းဆည်းရမိကြောင်း သိရသည်။

ပဲခူး စက်တင်ဘာ  ၁၆

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ အမှတ်(၂) နယ်မြေရဲစခန်းအပိုင် ကျွန်းသာယာရပ်ကွက် မော်တော်ယာဉ်ဝင်းအသစ် ထွက်ပေါက်၌  ယမန်နေ့နံနက် ၁၁ နာရီက ယာဉ်တိုက်မှု ဖြစ်ပွားသည်။

Page 254 of 269