SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ခင်ဦး စက်တင်ဘာ ၁၁

စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့ ဝင်/ထွက်ဂိတ်များ၌ ယမန်နေ့ ည ၁ဝ နာရီက လုံခြုံရေးစစ်ဆေး ဆောင် ရွက်နေစဉ် ဘိန်းဖြူမှုန့်များ သိမ်းဆည်း ရမိကြောင်း သိရသည်။

မြစ်ကြီးနား  စက်တင်ဘာ ၁၁

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက် ဧဒင်နယ်မြေ အပိုင်း(၄) အိမ်အမှတ်(၁၃၈)၌  ယနေ့နံနက်    နာရီ ၁ဝ မိနစ်တွင် မီးအားမြှင့်စက် အပူလွန်ကဲရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပွားကြောင်း သိရသည်။

မိုးကောင်း စက်တင်ဘာ ၁၁

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် မန်ရွက်ကျေးရွာ၌  ယမန်နေ့နံနက် ၁၁ နာရီက လူငယ်နှစ်ဦး စကားများ ရန်ဖြစ်ရာ မှ ဓားထိုးမှု ဖြစ်ပွားကြောင်း သိရသည်။

မန္တလေးတိုင်း ဒေသကြီး မြင်းခြံမြို့နယ် အမှတ်(၁၇)ရပ်ကွက် နယ်မြေ(၁ဝ)ရှိ ယုန်မင်းဆေးလိပ်ခုံတွင် ဆေးရိုးကျပ် တင်ရာမှ ယမန်နေ့ ည ၁၁ နာရီ မိနစ် ၂ဝ က မီးလောင်မှု ဖြစ်ပွားကြောင်း သိရသည်။

မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင်ခရိုင်မတ္တရာမြို့နယ် ဘိုကုန်းကျေးရွာ အနီး၌ ယမန်နေ့ ညနေ ၃ နာရီခွဲက ယာဉ် တိုက်မှုဖြစ်ပွားကြောင်း သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့ အထွက်ရှိ တိုးဂိတ်အနီး၌ တပ်မတော်သားများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယာဉ်ဝင်/ထွက်မှုများအား စစ်ဆေးစဉ် စက်တင်ဘာ ၉ ရက် မွန်းတည့် ၁၂ နာရီ ခန့်တွင် လားရှိုးမှ မူဆယ်ဘက်သို့ ကျော်ရဲအောင်(ဘ)ဦးကြည်မောင် မောင်းနှင်၍ ဇင်မင်းဦး(ဘ)ဦးဂျပန်နှင့် စိုင်းမင်း သူ(ဘ)ဦးမြသန်းတို့ လိုက်ပါလာသော SURF အမျိုးအစား မော်တော်ယာဉ်အမှတ်၊ MDY-1E/---- အားစစ်ဆေးရာ ယာဉ်ပေါ်မှ တရားမဝင် သယ်ဆောင်လာသည့် ကျောက်စိမ်းအရိုင်းတုံး ဖြတ်စဆိုဒ်စုံ ၁ဝ တုံးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

တနင်္သာရီ တိုင်းဒေသကြီး၊ ကော့သောင်းမြို့ အနီးရှိ မြန်မာ့ပင်လယ်ပြင်အတွင်း တပ်မတော်(ရေ)မှ တပ်မတော်သားများက ပင်လယ်ပြင် လုံခြုံရေး ဆောင်ရွက်စဉ် စက်တင်ဘာ ၈ ရက် ညနေ ၃ နာရီ ၄၅ မိနစ်ခန့်တွင် ကော့သောင်းမြို့၏ အနောက်မြောက်ဘက် ရေမိုင် ၁၅၈ မိုင်ခန့်အကွာ၌ ဦးသန်းမောင် (ဘ)ဦးသိန်းကျော် အပါအဝင် လှေသား ၁၁ ဦး လိုက်ပါလာသော တောသစ်လုံးပိုင်းဆိုဒ်စုံ ၉ဝ တန်ခန့် တင်ဆောင်ထားသည့် လှေတစ်စင်းနှင့် ညနေ ၄ နာရီခန့်တွင် ဦးအေးဇော် (ဘ) ဦးညွန့်သိန်း အပါအဝင် လှေသား ၁၂ ဦး လိုက်ပါလာသော တောသစ်လုံးပိုင်းဆိုဒ်စုံ ၁၁ဝ တန်ခန့် တင်ဆောင်ထား သည့် လှေတစ်စင်းတို့ကို တွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။

နေပြည်တော် စက်တင်ဘာ ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့၊အမှတ်(၁) ရပ်ကွက်ရှိ မြို့ဝင်ဂိတ် အနီး၌မြန် မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည်

Page 256 of 269