SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106
JUser: :_load: Unable to load user with ID: 107

ကျွန်းလှ စက်တင်ဘာ ၇

စစ်ကိုင်းတိုင်း ဒေသကြီး ကျွန်းလှမြို့ သစ်ရာမြိုင်ရပ်ကွက် လင်းရောင်ဝင်းစက်သုံး ဆီဆိုင်အနီး၌ ယမန်နေ့နံနက် ၁၁ နာရီခွဲက ခြောက်ဘီးယာဉ်ပေါ်မှ တရားမဝင် တမလန်း သစ်ဓားရွေတုံးများ သိမ်းဆည်းရမိကြောင်း သိရသည်။

သိန်းနီ စက်တင်ဘာ ၇

ရှမ်းပြည်နယ် (မြောက်ပိုင်း) သိန်းနီမြို့ရပ်ကွက်(၄)တွင် ယမန်နေ့က ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိ၍   ဒဏ်ရာများ အသီးသီး ရရှိကြောင်း သိရသည်။

ဟိုပန်   စက်တင်ဘာ ၇

ရှမ်းပြည်နယ် (မြောက်ပိုင်း) ဟိုပန်မြို့နယ် နောင်မိုကျေးရွာ၌ ယမန်နေ့က လင်မယားချင်း စကားများ ရန်ဖြစ်ရာမှ ဓား ခုတ်မှုဖြစ်ပွားကြောင်း သိရသည်။

တောင်သာ   စက်တင်ဘာ 

မန္တလေးတိုင်း ဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ် ရွှေပြည်တော် ကျေးရွာအနီး မြင်းခြံ-ရန်ကုန်သွားကားလမ်း ပေါ်တွင် ယမန်နေ့ည ၇ နာရီက  ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သိရသည်။

တောင်ကြီး စက်တင်ဘာ ၇

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ ကံကြီးရပ်ကွက်၌ နေအိမ် အဝတ်ဗီရို အံဆွဲအတွင်းမှ ရွှေထည်ပစ္စည်းများ နှင့် ငွေများခိုးယူ ခံရမှုဖြစ်ပွားခြင်းကြောင့် ယမန်နေ့ ည ၆ နာရီ ၄၅ မိနစ်က တောင်ကြီးမြို့မ ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားထားကြောင်း သိရသည်။

ရန်ကုန်   စက်တင်ဘာ  

ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ ငွေလဲကောင်တာ တစ်ခု၌ လုယက်ရန် အကြံအစည်ဖြင့် သေနတ်ပစ် ဖောက်ထွက်ပြေးသူ နှစ်ဦးနှင့် သေနတ်ယူဆောင် ရောင်းချပေးသူ နှစ်ဦးတို့အား ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့က ရက်ပေါင်း ၃ဝ အတွင်း ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့သည်။

လားရှိုး  စက်တင်ဘာ 

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ မြို့ရှောင်လမ်း မိုင်တိုင်အမှတ်(၁၄/၃)နှင့် (၁၄/၄)ကြား၌ ယမန်နေ့ ညနေ ၃ နာရီကမဆင်မခြင် မောင်းနှင်သော မော်တော်ယာဉ်တစ်စီး လမ်းဘေးကမ်းပါးကို ဝင်ရောက်တိုက်မိကာ ယာဉ်မောင်း သေဆုံးမှုဖြစ်ပွားကြောင်း သိရသည်။

ကွတ်ခိုင် စက်တင်ဘာ 

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ် ခိုမုန်းကျေးရွာ မြောက်ဘက် မိုင်တိုင်အမှတ် (၂၅၈/၂) အနီး၌ ယမန်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်က ၂၂ ဘီးယာဉ်အား ကျော်တက်စဉ် ဆိုင်ကယ် စီးလာသူသုံးဦး နောက်ဘီးဖြင့် ကြိတ်မိ သေဆုံးမှု ဖြစ်ပွားကြောင်း သိရသည်။

ဟုမ္မလင်း စက်တင်ဘာ 

စစ်ကိုင်းတိုင်း ဒေသကြီး ဟုမ္မလင်းမြို့နယ် မက္ကလတ်ကျေးရွာ ရွာလယ်လမ်းမပေါ်၌ ယမန်နေ့ နံနက် ၁ နာရီခွဲက မသ င်္ကာဖွယ် တွေ့ရှိသူ တစ်ဦးကို စစ်ဆေးရာ ၎င်း၏လွယ်အိတ်အတွင်းမှ ဘိန်းဖြူများ သိမ်းဆည်းရမိကြောင်း သိရသည်။

မိုးကောင်း  စက်တင်ဘာ 

ကချင်ပြည်နယ် မန္တလေး-မြစ်ကြီးနား ရထားလမ်းခရီး၌ ယမန်နေ့ ည ၆ နာရီ မိနစ် ၂ဝ က ရထားစီးခရီးသည်၏ ကျော ပိုးအိတ်ခိုးယူသူကို နာရီပိုင်းအတွင်း ဖမ်းဆီးရမိကြောင်း သိရသည်။

Page 257 of 268