SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

နေပြည်တော် သြဂုတ် ၃၁

နေပြည်တော် ကောင်စီနယ်မြေ ပျဉ်းမနားမြို့ ဘိုကုန်းရပ်ကွက် ရွှေညောင်ပင် ကားဂိတ်အနီး၌ ယမန်နေ့ ည ၈ နာရီခွဲက ခိုက်ရန်ဖြစ်ပွားရာ လူသတ်မှု ဖြစ်ပွားပြီး ပြစ်မှုကျူးလွန်သူ များကို  ညတွင်းချင်း ဖမ်းဆီးရမိကြောင်း သိရသည်။

တန့်ဆည် သြဂုတ် ၃၁

စစ်ကိုင်းတိုင်း ဒေသကြီး တန့်ဆည်မြို့နယ် ငှက်ပျောတောကျေးရွာ အနောက်ဘက် ကင်းတပ်ဆည် လက်ယာတူးမြောင်း ပေါင်ပေါ်၌ ယမန်နေ့ နံနက် ၁ဝ နာရီခွဲက ကျွဲ ၁၅ ကောင်ကို တရားမဝင် သယ်ဆောင်လာသူ ကိုးဦး ဖမ်းဆီးရမိကြောင်း သိရသည်။

သထုံ သြဂုတ် ၃ဝ

မွန်ပြည်နယ် သထုံမြို့နယ် ကြာပန်း ကျေးရွာအနီး သထုံ-ဘားအံ ကားလမ်း မွန်/ကရင် သစ်တော ပူးပေါင်းစစ်ဆေးရေး ဂိတ်၌ ယမန်နေ့ နံနက် ၅ နာရီ ၄၅ မိနစ်က မော်တော်ယာဉ်ဖြင့် ကျွန်းသစ်များ တရားမဝင် သယ်ဆောင်လာသူကို ဖမ်းဆီးရမိကြောင်း သိရသည်။

တောင်ကြီး သြဂုတ် ၃ဝ

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက် ရွှေပြည်အေးလမ်း၌ သြဂုတ် ၂၈ ရက် နံနက် ၁ဝ နာရီက ရပ်ကွက် အုပ်ချုပ်ရေးမှူး အိမ်ရှိ ရွှေထည်ပစ္စည်း များနှင့်ငွေများ ခိုးယူခံရမှု ဖြစ်ပွားကြောင်း သိရသည်။

တာချီလိတ်  သြဂုတ်  ၃ဝ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့နယ် ဟိုနားကျေးရွာ၌ ယမန်နေ့နံနက် ၆ နာရီက မူးယစ်ဆေးဝါးများ လက်ဝယ် ထားရှိသူများကို ဖမ်းဆီးရမိကြောင်း သိရသည်။

လားရှိုး သြဂုတ် ၃ဝ

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ် ဟိုပိတ်ကျေးရွာအုပ်စု (၁ဝ)မိုင်ပန်ဟတ် ကျေးရွာ  အကျော် ပြောင်းခင်းအနီး၌ ယမန်နေ့ နံနက်ပိုင်းက မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိကြောင်း သိရသည်။

နေပြည်တော်  သြဂုတ်  ၂၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့၏ အနောက်ဘက် မိုင် ၂ဝ ခန့် အကွာရှိ မိုင်းပွန် တိုက်နယ်၊ ပွန်ချောင်း တံတားအနီး၌ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ

ပန်းတောင်း သြဂုတ် ၂၉

ပဲခူးတိုင်း ဒေသကြီး (အနောက်ပိုင်း) ပန်းတောင်းမြို့နယ် ပုသိမ်-မုံရွာ ကားလမ်းဘေး ဇရပ်တစ်ခုတွင် နားခိုနေသည့် လူငါးဦးထံမှ တရားမဝင် သယ်ဆောင်လာသော ပြောင်ခေါင်းများနှင့် စိုင်ခေါင်းများ သိမ်းဆည်း ရမိကြောင်း ပန်းတောင်းမြို့နယ် သစ်တောဦးစီး ဌာနမှ သိရသည်။

ခင်ဦး သြဂုတ် ၂၉

စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ် အင်ပတ်ကွေ့ သံလမ်းအနီး၌ ယမန်နေ့ နံနက် ၁ နာရီက ရေဦးမြို့နယ်ဘက်မှ တရားမဝင် သယ်ဆောင်လာသော တမလန်း သစ်ကားနှစ်စီး သိမ်းဆည်းရမိကြောင်း သိရသည်။

ပဲခူး သြဂုတ် ၂၉

ပဲခူးမြို့ မြို့မ ရဲစခန်းအပိုင် ပဲခူး-သနပ်ပင် ကားလမ်း ဗန္ဓုလ လမ်းထိပ်မီးပွိုင့်၌ ယမန်နေ့ မွန်းလွဲ ၁ နာရီ မိနစ် ၅ဝ က ကားနှင့်ဆိုင်ကယ် တိုက်မိရာ အမျိုးသမီး တစ်ဦးသေဆုံးကြောင်း သိရသည်။

Page 259 of 268