SJ WorldNews - шаблон joomla Авто

COVID-19 ရောဂါကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းများအတွက် ဆေးရုံသုံးပစ္စည်းများ ဆက်လက်လှူဒါန်း

Wednesday, 20 May 2020 20:48 font size decrease font size decrease font size increase font size increase font size

COVID-19 ရောဂါကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းများအတွက် ဆေးရုံသုံးပစ္စည်းများ ဆက်လက်လှူဒါန်း

နေပြည်တော်၊ မေ - ၂၀   

တပ်မတော်အနေဖြင့် COVID-19 ရောဂါကူးစက်ပြန့်ပွားမှုကာကွယ် တားဆီးရေးနှင့် ထိန်းချုပ်ရေး လုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် မြို့နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တိုက်နယ် ဆေးရုံများ၊ ကျန်းမာရေးဌာနခွဲများ၌ ကာကွယ်ကုသရေးများတွင် အဆင်ပြေချောမွေ့စေရေးအတွက် ဆေးရုံသုံးပစ္စည်းများကို ပေးပို့လှူဒါန်းလျက်ရှိသည်။

ယနေ့တွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်အနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်၊ ပျဉ်းမနားအရှေ့ခြမ်း တောင်ပေါ်ဒေသရှိ ပြဒါးချောင်းကျေးလက် ကျန်းမာရေးဌာနခွဲ၌လည်းကောင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ချင်းရွှေဟော်၊ သိန်းနီ၊ ကျောက်မဲနှင့် လောက်ကိုင်တို့ရှိ ပြည်သူ့ဆေးရုံများ၊ နောင်ဖာနှင့် နမ့်မူဆယ်တို့ရှိ ကျေးလက် ကျန်းမာရေးဌာနများ၌ လည်းကောင်း၊  အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ခိုလမ်မြို့ပြည်သူ့ဆေးရုံ၌ လည်းကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်ရှိ မြို့နယ်ဆေးရုံ၌ လည်းကောင်း၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နှင့် အရာတော်မြို့ တို့ရှိ ပြည်သူ့ဆေးရုံများ၌ လည်းကောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် မန္တလေးတိုင်း ဒေသကြီး၊ မန္တလေးမြို့၊ ကလေးဆေးရုံကြီး၊ အမရပူရမြို့နယ်ဆေးရုံ၊ ပြင်ဦးလွင်မြို့၊ အထွေထွေရောဂါကု ဆေးရုံကြီး၊ ယင်းထော်တိုက်နယ် ဆေးရုံနှင့် သာစည်မြို့နယ်၊ မကွေးတိုင်း ဒေသကြီး၊ မြို့သစ်မြို့နယ်၊ ချောက်မြို့နယ်၊ သရက်မြို့နယ်နှင့် မင်းလှမြို့နယ်တို့ရှိ ပြည်သူ့ဆေးရုံများ၌ လည်းကောင်း၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်အနေဖြင့် ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့၊ တရုတ်မှော်တိုက်နယ် ဆေးရုံနှင့် ကွေ့မရွာကျေးလက် ကျန်းမာရေးဌာနများ၊ ပြည်မြို့၊ ကုန်းသာလင်း ကျေးလက် ကျန်းမာရေးဌာနများ၌လည်းကောင်း တပ်မတော်က လှူဒါန်းသော ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း Surgical  Mask များ၊ N95 Mask များ၊  Personal Protective Equipment (PPE)ဝတ်စုံများ၊ Hand Gelများ၊ Hand Wash များ၊ ခွဲစိတ်ခန်းသုံးလက်အိတ် (Surgical Gloves)များ၊ မျက်မှန်(Goggles)များ၊ Pulse Oxymeter (Finger Tip) များ၊ Non- Contact Infrared Thermometer  များ၊ Non Touch Thermometer များ၊Hand Sanitizer များ၊ ရေမလိုလက်သန့်ဆေးရည်များကို တိုင်းမှူးများနှင့် တာဝန်ရှိသူများက ဆေးရုံ အသီးသီးရှိ တာဝန်ရှိသူများထံသို့ ပေးအပ်လှူဒါန်းကြသည်။  

ထို့ပြင် တိုင်းစစ်ဌာနချုပ်များနှင့် တပ်နယ်အသီးသီးများရှိ ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျန်းမာရေးဌာနခွဲများတို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများ၊ ဆေးရုံ တက်ရောက် ကုသမှုခံယူလျက်ရှိသော ပြည်သူများ၊ သီးသန့်စောင့်ကြည့်လူနာများနှင့် ဒေသခံ ပြည်သူများ အတွက် ဆေးဝါးများနှင့် ဘီစကစ်၊ ကြက်ဥ၊ နွားနို့၊ ကုလားပဲ၊ ငှက်ပျောသီး၊ ပေါင်မုန့်၊ ခေါက်ဆွဲခြောက်၊ အိုဗာတင်း၊ ရွှေဖီဦးလဖက်ရည်ထုပ်၊ နို့ဆီ၊ သကြား၊ ကော်ဖီမစ်(စ်)၊ တီးမစ်(စ်) စသည့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

 

Read 35 times Last modified on Wednesday, 20 May 2020 20:59