SJ WorldNews - шаблон joomla Авто

COVID-19 ရောဂါကာကွယ်ရေးအထောက်အကူဖြစ်စေရန် တပ်မတော်အနေဖြင့် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီး၌ ဘုန်းတော်ကြီးကျောင်း ၆၇၇၇ ကျောင်း၊ သီလရှင်ကျောင်း ၁၈၄ ကျောင်း၊ အခြားဘာသာရေးများဆိုင်ရာ နေရာဌာနတို့တွင် ကြိုတင်ကာကွယ်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိ

Thursday, 21 May 2020 21:10 font size decrease font size decrease font size increase font size increase font size

 COVID-19 ရောဂါကာကွယ်ရေးအထောက်အကူဖြစ်စေရန် တပ်မတော်အနေဖြင့် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီး၌ ဘုန်းတော်ကြီးကျောင်း ၆၇၇၇ ကျောင်း၊ သီလရှင်ကျောင်း ၁၈၄ ကျောင်း၊ အခြားဘာသာရေးများဆိုင်ရာ နေရာဌာနတို့တွင် ကြိုတင်ကာကွယ်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော်၊ မေ - ၂၁   

ကမ္ဘာ့ကပ်ရောဂါ COVID-19  သည် နိုင်ငံ့အရေး၊ အမျိုးသားအရေး ကိစ္စရပ်ဖြစ်ပြီး ကူးစက်ခံရမှုများလာ သဖြင့် တပ်မတော်မှ လုပ်နိုင်တာမှန်သမျှဆောင်ရွက်ပေးရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏  လမ်းညွှန်ချက်နှင့်အညီ  တပ်မတော်အနေဖြင့် COVID-19  ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးတို့အတွက် သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးတို့နှင့်ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။   

တပ်မတော်အနေဖြင့် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးတွင် ပါရဂူများနှင့် ဆေးမှူးများ ပါဝင်သော ဆေးအဖွဲ့များဖြင့် (COVID-19) ရောဂါနှင့်ပတ်သက်၍ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာများကို မတ်လ ၂၈ ရက်မှစတင်၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ရာ မေ ၂၀ ရက်အထိ ဘုန်းတော်ကြီးကျောင်း ၆၇၇၇ ကျောင်း၊ သီလရှင်ကျောင်း ၁၈၄ ကျောင်း၊ ဟိန္ဒူဘုရားရှိခိုးကျောင်း ၁၀၅ ကျောင်း၊ အစ္စလာမ်ဘုရားရှိခိုးကျောင်း ၁၈၅ ကျောင်း၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်း ၆၄၇ ကျောင်း၊ တရုတ်ဘုံကျောင်း ၂၇ ကျောင်း၊ ဘိုးဘွားရိပ်သာ ၆၄ ခု၊ မိဘမဲ့ကျောင်း ၆၂ ကျောင်း၊ စာသင်ကျောင်း ၃၃၈ ကျောင်း၊ ဆေးရုံ ၂၀၅၉ ရုံ ၊ ဘဏ် ၂၁၅ ခု၊ ကားဂိတ် ၁၁၁ ခု၊ ဘူတာရုံ ၄၉ ခု၊ လေဆိပ် ၂၈ ခု၊ အကျဉ်းထောင် ၁၁ ခု၊ သင်္ဘောဆိပ် ၇ ခု၊ ဈေး ၃၉၂ ခုနှင့် အခြားနေရာများ၌ ဆောင်ရွက်မှု ၂၅၅၈ နေရာ၊ စုစုပေါင်း ၁၃၈၁၉ နေရာတို့တွင် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်း၊ စနစ်တကျလက်ဆေးနည်းသရုပ်ပြခြင်း၊ Face Mask အသုံးပြုနည်း သရုပ်ပြသခြင်းများ၊ ပညာပေးလက်ကမ်းစာစောင်များနှင့် Face Mask များ ဖြန့်ဝေပေးခြင်းနှင့် ပိုးသတ်ဆေးဖျန်းခြင်းများကို ဆောင်ရွက်ပေးခဲ့ပြီး စာရေးအဆင်ပြေစေရေး အတွက် ဆန်၊ ဆီ၊ဆား စသည့် စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းခဲ့ကြောင်းနှင့် အဆိုပါလုပ်ငန်းများကို ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

Read 42 times Last modified on Friday, 22 May 2020 21:21