SJ WorldNews - шаблон joomla Авто

COVID-19 ရောဂါရှာဖွေရေး၊ ထိန်းချုပ်ကာကွယ်ရေးအတွက် တပ်မတော်က အမြဲတမ်းတံခါးဖွင့်ထား ၍ ယခုထက်ပိုပြီးပူးပေါင်းဆောင်ရွက်သင့်ကြောင်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အကြံပြု ဆွေးနွေး

Friday, 22 May 2020 11:02 font size decrease font size decrease font size increase font size increase font size

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၆)ကြိမ်မြောက်   ပုံမှန်အစည်းအဝေးဒုတိယနေ့ကို ယနေ့ နံနက် ၁ဝ နာရီတွင်နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင်   ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၂ ပုဒ်မခွဲ(က)နှင့် ပုဒ်မ ၃၂ ပုဒ်မခွဲ(ခ)တို့ကို ပြင်ဆင်နိုင်ရန်   ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပရေးနှင့်  စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးသန်းအောင်က  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် တာဝန်ယူကျင်းပ ရမည့်  ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ဆန္ဒခံယူပြင်ဆင်ဆောင်ရွက် ပေးရမည့်ပြဋ္ဌာန်းချက်များမှာ ပထမ အကြိမ်လွှတ်တော်သက်တမ်းတွင်ပြင်ဆင်ခဲ့သည့်    ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉ ပုဒ်မခွဲ(ဃ)၊ ဒုတိယအကြိမ်လွှတ်တော်သက်တမ်းတွင် ပြင်ဆင်ခဲ့သည့်  ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၂ပုဒ်မခွဲ(က) နှင့်ပုဒ်မခွဲ(ခ)တို့ဖြစ်ကြောင်း၊ ယခုနှစ်ကျင်းပမည့် ၂ဝ၂ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့်အတူ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကိုကျင်းပခြင်းအားဖြင့်  အချိန်လုပ်အားနှင့် ဘဏ္ဍာငွေကုန် ကျမှုများသက်သာ မှုရှိနိုင်မည်ဟုဆိုသော်လည်း  သီးခြားဆောင်ရွက်ရမည့် လုပ်ငန်းတစ်ရပ်ဖြစ်ခြင်း၊ လိုအပ်သည့် အထောက်အကူပစ္စည်းများအတွက် နိုင်ငံတော်ဘဏ္ဍာငွေမှ ကျပ်သန်းပေါင်း ၁၄၆၄၆ ဒသမ ၃၁၄ သန်း ကို အနည်းဆုံးအကုန်ကျခံသုံးစွဲရမည်ဟု တွက်ချက်ရရှိခဲ့ကြောင်း၊    ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို မဖြစ် မနေဆောင်ရွက်ရန်အတွက် လမ်းညွှန်မည်ဆိုပါက လိုအပ်မည့်အဆိုပါဘဏ္ဍာငွေများကို လုပ်ထုံး လုပ်နည်းနှင့်အညီ   တင်ပြတောင်းခံသွားမည်ဖြစ်ကြောင်း။

 

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပခြင်းကြောင့် နိုင်ငံတော်၏ အရေးအရာကိစ္စများ ပြည်ထောင်စုအစိုးရ အဖွဲ့နှင့်  လွှတ်တော်များ၏ လုပ်ငန်းများအပေါ်     ပြောင်းလဲသက်ရောက်မှုများစွာ မရှိသောကြောင့် လည်းကောင်း၊ နိုင်ငံတော်၏ဘဏ္ဍာငွေကုန်ကျမှု အခြေအနေအရလည်းကောင်း၊ နောင်တွင်ပေါ်ပေါက် လာနိုင်သည့် အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာများနှင့်အတူ ဆန္ဒခံယူပွဲပြုလုပ်မည်ဆိုပါက    ပိုမိုသင့် လျော်မည်ဖြစ်ကြောင်း၊ ထို့ကြောင့်   ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကိုကျင်းပခြင်းမပြုသေးဘဲ    ခေတ္တဆိုင်း ငံ့ထားသင့်ကြောင်း  အကြံပြုတင်ပြသည်။

 

အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်နာယကက     ကော်မရှင်၏ ရှင်းလင်းတင်ပြချက် သည်  ကျိုးကြောင်းညီညွတ်မှုရှိသည့်အတွက် လက်ခံစဉ်းစားသင့်သည်ဟုသုံးသပ်ကြောင်း၊ ထို့ကြောင့် လွှတ်တော်၏ သဘောထားရယူရာ သဘောမတူသူမရှိသည့်အတွက်  ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၂ ပုဒ်မခွဲ(က) နှင့် ပုဒ်မခွဲ(ခ) တို့ကိုပြင်ဆင်ရန် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကိုကျင်းပခြင်းမပြုသေးဘဲ ခေတ္တ ဆိုင်းငံ့ထားသင့်ကြောင်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တင်ပြချက်ကို လွှတ်တော်က သဘောတူကြောင်း ကြေညာသည်။

 

ထို့နောက် နိုင်ငံတော်သမ္မတထံမှပေးပို့ထားသော ပြည်ထောင်စု၏ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေပါအရေးပေါ်ရန်ပုံငွေမှ နယ်စပ်ရေးရာဝန်ကြီးဌာနအတွက် ကျပ်၂ဝ၉၉ ဒသမ ၃၁ သန်းခွဲဝေသုံးစွဲ ခဲ့ခြင်းနှင့်စပ်လျဉ်း၍    နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ရှင်းလင်း တင်ပြပြီး   လွှတ်တော်ကမှတ်တမ်းတင်သည်။

 

ယင်းနောက်   နိုင်ငံတော်သမ္မတထံမှပေးပို့ထားသော   COVID-19  ရောဂါကြောင့်   လူမှုစီးပွားရေး ထိခိုက်မှုများကို ကုစားနိုင်ရေးနှင့် မြန်မာနိုင်ငံ၏စီးပွားရေးမူဝါဒ၊   ပြုပြင်ပြောင်းလဲမှု တိုးတက်ရေး အတွက် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA) ထံမှ ဂျပန်ယန်း ၃ဝ ဘီလီယံချေးငွေရယူရေးကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင် မောင်ဝင်းကလွှတ်တော်သို့ရှင်းလင်းတင်ပြပြီး၎င်းချေးငွေရယူရေးကိစ္စကိုဆွေးနွေးလိုသည့်လွှတ်တော်ကိုယ်စားလှယ်များရှိပါက   အမည်စာရင်းတင်သွင်းနိုင်ကြောင်း သိရသည်။

 

ဆက်လက်၍   နိုင်ငံတော်သမ္မတထံမှပေးပို့ထားသော ကျန်းမာရေးဆိုင်ရာ တုံ့ပြန်မှုအရေးပေါ် စီမံချက် အကောင်အထည်ဖော်ရန် ကမ္ဘာ့ဘဏ် အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအဖွဲ့(IDA)ထံမှ အမေရိကန် ဒေါ်လာ သန်း ၅ဝ  ချေးငွေရယူရေးကိစ္စနှင့်စပ်လျဉ်း၍ အမည်စာရင်းတင်သွင်းထားကြသော လွှတ်တော်ကိုယ် စားလှယ်များကဆွေးနွေးကြသည်။

 

အဆိုပါချေးငွေရယူရေးကိစ္စနှင့်ပတ်သက်၍  တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးဝင်းမင်း ထွန်းက COVID-19  နှင့်ပတ်သက်ပြီး ထိန်းချုပ်၊ ကာကွယ်၊ ကုသမှုအောင်မြင်နေသော  အာဆီယံ နိုင်ငံများဖြစ်သည့် ဗီယက်နမ်၊ လာအိုတို့ကို လေ့လာကြည့်မည်ဆိုပါက WHO က Pandemic အဖြစ် မကြေညာခင်ကတည်းက အစိုးရ၏အကောင်းဆုံးကြိုတင်ပြင်ဆင်စီမံခန့်ခွဲနိုင်မှု၊ Planning များရေး ဆွဲ၍    ကမ္ဘာ့ဘဏ်မှချေးငွေစောစီးစွာရရှိအောင်  ဆောင်ရွက်နိုင်မှု၊ ရောဂါကိုစောစီးစွာ ရှာဖွေတွေ့ရှိ နိုင်မှု၊ လူများစွာကို     နေ့စဉ်စစ်ဆေးပေးနိုင်မှု၊အစိုးရကထုတ်ပြန်သည့်   ကာကွယ်မှု၊ ထိန်းချုပ်မှု နည်းလမ်းများကို   ပြည်သူများကတာဝန်သိစိတ်ဖြင့်   တိကျစွာလိုက်နာမှု၊ လုံလောက်သော ထောက်ပံ့ ဝန်ဆောင်ပေးနိုင်မှု၊ တာဝန်ရှိသူများ၏ အချိန်နှင့်တစ်ပြေးညီတုံ့ပြန်ဆောင်ရွက်မှု၊ သတင်းအချက် အလက်ပွင့်လင်းမြင်သာမှု၊    အစိုးရကရိုးသားစွာ ဆောင်ရွက်မှု၊ တပ်မတော်များနှင့်   နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်မှုစသည်တို့ကိုတွေ့ရှိရမည်ဖြစ်ကြောင်း။

 

မိမိတို့နိုင်ငံအနေဖြင့်   COVID-19  ရောဂါကိုထိရောက်စွာ ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက်   ယခုလို ချေးငွေရယူပြီး ရေရှည်စီမံချက်များ ချမှတ်ဆောင်ရွက်ရမည်ဖြစ်သလို  အောင်မြင်အောင် ဆောင်ရွက် နိုင်ရန်အတွက် ပြည်သူများပူးပေါင်းပါဝင်နိုင်မှုစွမ်းအားနှင့် အစိုးရအနေဖြင့်  ပြည်သူများကိုမည်မျှ ထောက်ပံ့ဝန်ဆောင်မှုပေးနိုင်မည့်အပေါ်တွင် တိုက်ရိုက်အချိုးကျနေသည်ကိုတွေ့ရမည်ဖြစ်ကြောင်း၊   မိမိတို့နိုင်ငံကိုကြည့်မည်ဆိုပါက COVID-19  ရောဂါကို   ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပြန်လည်ကု စားရေးအစီအစဉ်တွင် ပြည်ထောင်စု အစိုးရအနေဖြင့်   အစွမ်းကုန်ဆောင်ရွက်နေသည်ကို တွေ့ရသည့် အတွက်ပြည်သူများ ကိုယ်စားကျေးဇူး တင်ကြောင်း၊ သို့သော်လည်း     စီမံချက်များ ရေးဆွဲကာ ချေးငွေ ရယူရေးတွင် အခြားနိုင်ငံများထက်များစွာနောက်ကျပြီး ရရှိသည်မှာ အစိုးရ၏စီမံခန့်ခွဲမှု လိုအပ်ချက် ရှိနေသည်ကိုဖော်ပြနေကြောင်း၊ ပြည်သူများကလည်း လှူဒါန်းမှုမနည်းလှသလို     နိုင်ငံတကာကလည်း ငွေကြေး၊  ပစ္စည်းလှူဒါန်းမှုများ မနည်းလှကြောင်း၊ သို့သော်လည်း လှူဒါန်းမှုများနှင့်ပတ်သက်၍  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ Website  တွင် ၁ဝ-၄-၂ဝ၂ဝ ထိပဲ ဖော်ပြထား၍ ကျန် လှူဒါန်းမှုများကို  Social Media များကပဲ သိရှိခွင့်ရနေ၍ပြည်သူများကိုယ်စား   ပြည်ထောင်စု အစိုးရ အနေဖြင့် တိကျစွာဖော်ပြပေးရန်အစီအစဉ် ရှိ၊ မရှိလည်းမေးခွန်းထုတ်လိုကြောင်း။

 

ယခုချေးငွေဖြင့်ဆောင်ရွက်မည့် စီမံကိန်းများက ကုသရေးအတွက် ဖြစ်နေသည်ကိုတွေ့ရကြောင်း၊   လုပ်သင့်သည့်လုပ်ငန်းတစ်ခုဖြစ်၍ ယေဘုယျအားဖြင့်ထောက်ခံကြောင်း၊ ရောဂါရှာဖွေစစ်ဆေးနိုင်သည့် စက်များကိုမဝယ်ဘဲ    ကုသရေးအတွက်စက်များဝယ်သည်က   ရောဂါအတည်ပြု စစ်ဆေးနိုင်သည့် စက်များလုံလောက်နေပြီလား၊ သို့မဟုတ် ဝယ်ယူရခက်ခဲနေ၍လား၊ကိုယ်တိုင်မဝယ်ဘဲ   အလှူရှင်ကို မျှော်နေသည်လား မေးခွန်းထုတ်စရာဖြစ်နေကြောင်း၊ယခုချေးငွေဖြင့်  ဆေးရုံများကိုအဆင့်မြှင့်တင်ရုံ သာမကဘဲ ကူးစက်ရောဂါ အထူးကုသီးခြားဆေးရုံများကို တိုင်းဒေသကြီး/ပြည်နယ်များ အလိုက် ဆောင်ရွက်ရန်အစီအစဉ်ရှိ၊ မရှိသိလိုကြောင်း၊     အစီအစဉ်ရှိပါက တိုင်းပြည် စီးပွားရေးကောင်းမွန် သည့်အချိန်ကာလတစ်ခုတွင်   နိုင်ငံခြားငွေချေးယူပြီးဆောင်ရွက်ရန် အကြံပြုလိုကြောင်း။

 

ရောဂါရှာဖွေရေးနှင့်ကာကွယ်ထိန်းချုပ်ရေးသည် COVID-19 တွင် ကုသရေးထက်     ပိုမိုအရေးပါအရာ ရောက်သည့်လုပ်ငန်းတစ်ခုဖြစ်သည်ကို  အားလုံးသိပြီးဖြစ်ကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနကထုတ်ပြန်ချက်တွင် ဓာတ်ခွဲအတည်ပြုလူနာများအနက်   ၆၂ ရာခိုင်နှုန်းကရောဂါလက္ခဏာ ပြသခြင်းမရှိဘဲ ရောဂါပိုးတွေ့နေရသည်ဟုပြောထားကြောင်း၊ ယနေ့မြန်မာနိုင်ငံတွင် တစ်နေ့ကို သံသယရှိသူ ရာဂဏန်းသာရောဂါရှာဖွေစစ်ဆေးနိုင်သည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ပြည်သူများ စိုးရိမ်နေသည်မှာရောဂါရှာဖွေရေးကိုများစွာလုပ်မပေးနိုင်၍ Silent Carrier  များကနေကူးစက်မှုများ ပြန်လည်ဖြစ်ပေါ်လာနိုင်သလို ပြည်သူများကလည်းရေရှည် Quarantine မဝင်နိုင်ဘဲမဖြစ်မနေ အလုပ် ပြန်လုပ်ရပါက Outbreak ဖြစ်လာမည်ကို    စိုးရိမ်နေကြကြောင်း၊ငါးပွက်ရာငါးစာချသလို Positive လူနာသွားလာနေထိုင်ထိတွေ့သည့် ပတ်ဝန်းကျင်များလောက်သာစစ်ဆေးပြီးLockdown ချခြင်းမျိုး၊ Quarantine ဝင်ခိုင်းခြင်းမျိုးလောက်ဖြင့် ထိန်းချုပ်နိုင်မည်မဟုတ်ကြောင်း၊ ဘာကြောင့် Quarantine ဝင်ရသည့်လူအားလုံးကိုမစစ်ဆေးလဲ မေးခွန်းထုတ်စရာဖြစ်ကြောင်း။

 

မိမိတို့လက်ရှိ COVID-19  အခြေအနေက    လိမ္မော်ရောင်လား၊ အနီရောင်လား ဘာအရောင်လဲဆို သည်ကို ရှင်းရှင်းလင်းလင်းဖော်ပြပေးရန်လိုအပ်ကြောင်း၊ ကိုယ်လိုချင်သလောက်ဆွဲစစ်နေပြီး နည်းနည်းလေးတွေ့ရှိခြင်းမျိုးများက Manipulate လုပ်ထားသည့်  Data များကဲ့သို့ဖြစ်နေကြောင်း၊ On Ground  တွင် မည်မျှလောက်အထိ စစ်နိုင်ပြီလဲ၊ အမှန်တကယ် Public ကြားတွင် ပျံ့နှံ့ခြင်း ရှိ၊မရှိ သံသယဖြစ်သည့် လမ်း၊ ရပ်ကွက်၊  ဈေး၊  စက်ရုံ၊ အလုပ်ရုံ၊ကားဂိတ်၊ ဘူတာရုံ၊ သင်္ဘောဆိပ်လိုနေ ရာများတွင် လူပေါင်းများစွာကို Random စစ်ဆေးပြီး မတွေ့ရှိမှသာ ပြည်သူများ၏ စိုးရိမ်ပူပန်မှု လျော့ကျပြီး   စိတ်ချလက်ချ လုပ်ငန်းခွင်ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း၊ ထို့အတွက် ယခု ချေးငွေထဲက အနည်းငယ်သုံးစွဲရုံဖြင့် ဆောင်ရွက်နိုင်ကြောင်း၊ ပြည်သူများအပေါ်တွင်   ရောဂါကိုထိန်းချုပ်ထား နိုင်သလို    ပုံဖော်ထားခြင်းမျိုး မဖြစ်သင့်ကြောင်း။

 

ယနေ့အချိန်အထိ  အာဆီယံနိုင်ငံများတွင် နေ့စဉ်ထောင်ဂဏန်းစစ်ဆေးပေးနိုင်သော်လည်း မိမိတို့နိုင်ငံ က ရာဂဏန်းကျော်လောက်သာစစ်ဆေးပေးနိုင်သည်ကိုတွေ့ရကြောင်း၊  ရောဂါရှာဖွေရေး၊ ထိန်းချုပ် ကာကွယ်ရေးအတွက်လည်း   တပ်မတော်ကအမြဲတမ်းတံခါးဖွင့်ထား၍  ယခုထက်ပိုပြီးပူး ပေါင်းဆောင် ရွက်သင့်ကြောင်း၊ ကူးစက်မှုကို   ထိန်းချုပ်နိုင်မှ ကုသမှုကို   စနစ်တကျဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာလှူဒါန်းငွေသည် အမေရိကန်ဒေါ်လာသန်း ၂ဝဝဝ ခန့်ရှိသည်ဟု ပြည်ထောင်စု ဝန်ကြီးတစ်ဦး၏  လူမှုကွန်ရက်စာမျက်နှာတွင်တွေ့ရကြောင်း၊ ယခုချေးငွေမတိုင်မီ   COVID-19  ကာလ အတွင်းဝန်ကြီးဌာနအနေဖြင့် ်နိုင်ငံတော်၏ဘဏ္ဍာငွေ၊   စာရင်းပျောက်နေသည့် သမ္မတ၏အရေးပေါ် ရန်ပုံငွေ ၁ဝဝ ဘီလီယံ၊ အပြည်ပြည်ဆိုင်ရာလှူဒါန်းငွေ၊ ပြည်တွင်းလှူဒါန်းငွေများထဲမှ မည်မျှထုတ်ယူ သုံးစွဲခဲ့သလဲ၊ ထိုသို့ထုတ်ယူသုံးစွဲမှုများထဲမှ ရောဂါရှာဖွေရေး၊ ကာကွယ်ရေး၊    ကုသရေး အတွက်မည်မျှ စီသုံးစွဲထားပါသလဲ၊ ရောဂါရှာဖွေရေးကို  ယခုထက်ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန် မည်သို့ဆောင်ရွက်ထားပါသလဲဟု မေးလိုကြောင်း။

 

ချေးငွေသန်း ၅ဝ ဖြင့်  ICU များကိုအဆင့်မြှင့်တင်ပြီးလူများ   COVID-19  ရောဂါအပါအဝင် Severe  ရောဂါများဖြစ်ပါက ICU ထဲတွင်ထည့်ပြီးကုရန်ဆိုသော်လည်း ရောဂါအကြောင်းပြပြီး ချေးငွေများ ခဏခဏချေးနေရင်လူများ ICU ထဲ အရင်မရောက်ဘဲ တိုင်းပြည်စီးပွားရေး COVID-19 ကူးစက်ခံရပြီး  ICU ထဲအရင်ရောက်သွားနိုင်သည်ကို သတိပြုရမည်ဖြစ်ကြောင်း၊ ပြည်သူများ၏ စိတ်ပူပန်မှုသောက များကို အေးအေးဆေးဆေးဖြစ်အောင်   ဘယ်လိုဆောင်ရွက်ထားပါသည်ဆိုပြီး ယနေ့အချိန်အထိ မည်သူကမှ တာဝန်ယူမှု/တာဝန်ခံမှုမရှိသေးကြောင်း၊ ရောဂါနှင့်ပတ်သက်ပြီး ခိုင်လုံသော အကြောင်း ပြချက်မရှိဘဲ အသွားအလာနေထိုင်ကန့်သတ်မှုများကို ရက်များထပ်တိုးပြီးပိတ်ပင်နေမှုကြောင့်  ပြည်သူများစိတ်ဒုက္ခရောက်နေရသည်မှာ သင့်တော်ရဲ့လားဟုဆင်ခြင်သုံးသပ်သင့်ကြောင်း၊ ယခုချေး ငွေသန်း ၅ဝ ကိုအသုံးပြုပြီး ဝန်ကြီးဌာနအနေဖြင့် မှန်တကယ်ဖျားသွားအောင် ဆောင်ရွက်နိုင်ပါစေရန် ဆုမွန်ကောင်းတောင်အပ်ကြောင်း၊ ဆေးရုံကြီးများအဆင့်မြှင့်တင်ရေးအတွက် အမေရိကန် ဒေါ်လာသန်း ၅ဝ ချေးယူရေးကို   ကျန်းမာရေးဝန်ထမ်းတစ်ဦးအနေဖြင့် လှိုက်လဲစွာထောက်ခံပါကြောင်း တင်ပြ ဆွေးနွေးသည်။

 

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူး ဇေဖြိုးက ကမ္ဘာ့ဘဏ်အုပ်စုသည် ဖွံ့ဖြိုးဆဲနိုင်ငံများ ကို COVID-19  ကူးစက်ရောဂါတုံ့ပြန်နိုင်ရန်အတွက် အလျင်အမြန်အထောက်အကူပေးသည့်  သီးသန့် အစီအစဉ်ခေါင်းစဉ်အောက်မှ အရှေ့အာရှနှင့်  ပစိဖိတ်ဒေသနိုင်ငံ ရှစ်နိုင်ငံအတွက်အမေရိကန်ဒေါ်လာ ၂၄ဝ ဒသမ ၃ သန်းချေးငွေများ  ထုတ်ချေးမည်ဖြစ်ကြောင်း၊ ယခုချေးငွေနှင့်ဆေးရုံများ၏ လိုအပ် ချက်ဖြစ်သည့်   ပြင်းထန်လူနာများကုသရေးအတွက်  အားဖြည့်သွားနိုင်မည်ဖြစ်သလို ရောဂါကြောင့် သေဆုံးမှုနှုန်းလည်း လျော့ကျလာနိုင်မည်ဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းများ၏ စွမ်းဆောင်ရည်လည်း ပိုမိုမြင့်မားလာနိုင်မည်ဖြစ်ကြောင်း။

 

စီမံကိန်းအကောင်အထည်ဖော်သည့်ကာလကို  နိုင်ငံတော်သမ္မတရုံးမှ ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ သောစာအရ ၂ဝ၂ဝ ဧပြီလမှ   ၂ဝ၂၁  စက်တင်ဘာလအထိ တစ်နှစ်နှင့် ခြောက်လ ဖြစ်သည်ဟုသိရ ကြောင်း၊ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြချက်မှ ၂ဝ၂ဝ ဧပြီ လမှ ၂ဝ၂၂ မတ်လအထိ နှစ်နှစ်ဖြစ်သည်ဟု တင်ပြထားကြောင်း၊ နိုင်ငံတော်သမ္မတရုံးနှင့် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ အချက်အလက်နှစ်ခုအနက်မည်သည်က အမှန်လဲဆိုသည်ကို ပြန်လည် ဖြေကြားပေးစေလိုကြောင်း၊ အဆိုပါစီမံကိန်းအကောင်အထည်ဖော်ကာလအတွင်း ချေးငွေရာနှုန်းပြည့် ထုတ်ယူသုံးစွဲနိုင်ရေးနှင့်စီမံကိန်းအသုံးစရိတ်များကို စည်းမျဉ်းများနှင့်အညီ သုံးစွဲနိုင်ရေး ဝန်ကြီးဌာနမှ ဆောင်ရွက်ရန်လိုအပ်ကြောင်း။

 

၂ဝ၂ဝ ပြည့်နှစ်   မတ်၂ဝရက်အထိဗဟိုအဆင့်ဆေးရုံကြီးများတွင် အထူးကြပ်မတ်ကုသသည့် ခုတင် (ICU Bed) ၂ဝဝ ခု၊တိုင်းဒေသကြီး/ပြည်နယ်အဆင့်ဆေးရုံများတွင် ICU Bed ၁၄၆ ခု၊ ဝေဘာဂီ ကူးစက်ရောဂါကုဆေးရုံတွင် ICU Bed ၁၇ခုရှိကြောင်း၊  အသက်ရှူအထောက်အကူပြုစက် (Ventilators) အနေဖြင့် တစ်နိုင်ငံလုံးတွင် ၂၄၉ လုံးရှိသည်ကို ကမ္ဘာ့ဘဏ်စာရင်းများအရသိရကြောင်း၊  မိမိတို့နိုင်ငံလူဦးရေအချိုးအရ လူတစ်သိန်းလျှင် ICU Bedသုည ဒသမ ၇၁၊ အသက်ရှူ အထောက် အကူပြုစက် သုည ဒသမ ၄၆ လုံးရှိပြီး ဒေသတွင်းနိုင်ငံများနှင့်နှိုင်းယှဉ်ရင် နည်းပါးသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊   အခြားနိုင်ငံများဖြစ်သည့် အိန္ဒိယနိုင်ငံတွင် လူတစ်သိန်းလျှင် ICU Bed၂ ဒသမ ၃ ခု၊ တရုတ်နိုင်ငံတွင်၃ ဒသမ ၆ ခု၊ တောင်ကိုရီးယားနိုင်ငံတွင်၁ဝ ဒသမ ၆ ခု၊ အီတလီနိုင်ငံတွင် ၁၂ ဒသမ ၅ ခု၊ ဂျာမနီနိုင်ငံတွင် ၂၉ ဒသမ ၂ ခုရှိသည်ကိုသိရကြောင်း၊ မိမိတို့နိုင်ငံတွင် အတည်ပြု လူနာတွေ့ရှိမှုအရေအတွက်တိုးလာပါကလေ့ကျင့်ပေးထားသည့်ကျွမ်းကျင်ဝန်ထမ်းများနှင့် ICU Bed တိုးမြှင့်ခြင်းဖြင့် COVID-19 ရောဂါကုသမှုစွမ်းရည်မြင့်တက်လာမည်ဖြစ်ကြောင်း၊ အဆိုပြုစီမံကိန်းတွင် အစိတ်အပိုင်း သုံးခုပါဝင်ပြီး အပိုင်း(၁)တွင် ICU အတွက် လိုအပ်သည့်ပစ္စည်းများဖြည့်တင်းခြင်းနှင့် အဆင့်မြှင့်တင်ခြင်းတို့ကိုတွေ့ရှိရကြောင်း၊  တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဗဟိုအဆင့် ဆေးရုံ ကြီးများတွင် ICU Bed  ၈ဝ၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့်ဆေးရုံများတွင် ICU Bed ၂၅၈ခုစုစုပေါင်း ICU Bed  ၃၃၈ ခု ခန့်မှန်း တိုးတက်လာမည်ဖြစ်ကြောင်း၊ ICU Bed  များကို   တိုင်းဒေသကြီး /ပြည် နယ်အလိုက်လူဦးရေအရခွဲဝေပေးသလား    သို့မဟုတ် မည်သည့်မူဝါဒကိုအခြေခံ၍ ခွဲဝေပေးသည်ကို လည်း    ရှင်းလင်းတင်ပြစေလိုကြောင်း၊ ၂ဝ၁၉ -၂ဝ၂ဝ ဘဏ္ဍာနှစ် ဖြည့်စွက်ခွင့်ပြုငွေမှာ ICU အဆင့်မြှင့် တင်ရေးစီမံချက်အတွက် အရေးပေါ်လိုအပ်သော  စက်ကိရိယာ ၃၈ မျိုးဝယ်ယူရန်အတွက် အမေရိ ကန်ဒေါ်လာ ၂၅ သန်းနှင့်ညီမျှသောကျပ်  ၃၇ ဒသမ ၅ ဘီလီယံ သုံးစွဲသွားမည်ဖြစ်ကြောင်း၊  COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးအတွက်  အချိန်နှင့်တစ်ပြေးညီဆောင်ရွက်နိုင်ရန်   နိုင်ငံတော်သမ္မတရုံး ညွှန်ကြားချက် ၁/၂ဝ၁၇ ပါ တင်ဒါလုပ်ငန်းစဉ်များ ကင်းလွတ်ခွင့်ပြုထားသော်လည်း ပစ္စည်းဝယ် ယူရာတွင် ပွင့်လင်းမြင်သာမှုရှိစေရေး၊ အဂတိလိုက်စားမှုမဖြစ်ပွားစေရေး သက်ဆိုင်ရာဝန်ကြီးဌာနမှ ကြီးကြပ်ဆောင်ရွက်နိုင်ရန် တိုက်တွန်းအကြံပြုအပ်ကြောင်း။

 

COVID-19 လူနာများကို ICU အတွင်း ကုသနေစဉ် နောက်ထပ်အခြေခံလိုအပ်ချက်တစ်ခုမှာ  တည်ငြိမ်လျှပ်စစ်မီးရရှိရန်ဖြစ်ပြီး အပြည့်အဝမရရှိသေးသည့် နေရာများအတွက်   Backup    Generator နှင့် စက်သုံးဆီကိုလည်း ထည့်သွင်းစဉ်းစားထားသင့်ကြောင်း၊ ရန်ကုန်မြို့ National  Health Laboratory တွင်လည်း လျှပ်စစ်မီးရရှိမှုနှင့် ပတ်သက်ပြီး   500   KVA Generator  ရရှိပြီးမှသာ အပြည့် အဝလုပ်ငန်းလည်ပတ်နိုင်သည့်အတွက် Backup Generator အစီအစဉ်ထည့်သွင်းရေးဆွဲသင့်ကြောင်း၊ ထို့ပြင် လက်ရှိဖြစ်ပွားနေသည့် COVID-19  ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ရောဂါရှာဖွေစစ် ဆေးစက်  ဘယ်နှလုံးရှိပါသလဲ လှူဒါန်းထားသည့် စက်နဲ့ပဲစစ်နေသည်လား၊ အစိုးရအနေနှင့် ရောဂါ ရှာဖွေစစ်ဆေးစက် ထပ်မံဝယ်ယူရန်   အစီအစဉ်ရှိပါသလားဆိုသည်များကိုလည်း မေးမြန်းလို ကြောင်း၊ ပြည်သူလူထုကို များများစစ်ဆေးပေးနိုင်ခြင်းဖြင့် ရောဂါဖြစ်ပွားမှုကို စောစီးစွာသိရှိလာနိုင်မည်ဖြစ်ပြီး ရောဂါအန္တရာယ်ကို ပိုမိုထိန်းချုပ်လာနိုင်မည်ဖြစ်ကြောင်း။

 

ICUများ အဆင့်မြှင့်တင်ရေး ဆောင်ရွက်ရာတွင် လက်ရှိ ICU လုပ်ငန်းလည်ပတ်နိုင်သည့် Human  Resources  Assess-ment   ပြုလုပ်ထားရန်လိုသလို တစ်နိုင်ငံလုံးရှိI CUများ စနစ်တကျလည်ပတ် နိုင်ရေး Capacity  Building အမြန်ဆုံးလုပ်ဆောင်ရန် လိုအပ်နေသည်မှာ   အထင်အရှားဖြစ် ကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များအတွင်း  COVID-19  အတည်ပြုလူနာတွေ့ရှိမှုမှာ ကယားပြည်နယ် တစ်ခုသာလျှင်   ကျန်ရှိတော့ကြောင်း၊  အလားတူ  COVID-19     ကာကွယ်နှိမ်နင်းရေးတွင် အရေးကြီး သည့်Facility Quarantine များကို စနစ်တကျဆောင်ရွက်နိုင်အောင် နိုင်ငံတော်စရိတ်မှ ကျခံသုံးစွဲရန် လိုအပ်မည်ဖြစ်ကြောင်း၊ နိုင်ငံတကာတွင်COVID-19  ရောဂါကာကွယ်ကုသ နှိမ်နင်းရေးမှာ ရှေ့တန်း ကျကျတာဝန်ထမ်းဆောင်လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်းများကို Incentive  Program  များဖြင့် အားပေးချီးမြှောက်လျက်ရှိကြောင်း၊  အမေရိကန်အောက်လွှတ်တော်တွင်နောက်ဆုံးအဆိုပြုခဲ့သည့် Coronavirus  Aid  Package တွင်လည်း ကျန်းမာရေးဝန်ထမ်းများအတွက် Hazard  Hero  Pay  ကို ထည့်သွင်းထားသည်ကို လေ့လာတွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံတွင်လည်း COVID-19 ကာကွယ်ကု သ ရေးတွင် ရှေ့တန်းကျကျ ပါဝင်ဆောင်ရွက်နေသည့် ကျန်းမာရေးဝန်ထမ်းများအတွက် ချီးမြှင့်ငွေနှင့် လို အပ်သော အထောက်အပံ့များဖြည့်ဆည်းပေးသည့်   အစီအစဉ်များထည့်သွင်းသင့်ကြောင်း အကြံပြု ဆွေးနွေးသည်။

 

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးမိုးကျော်က ရောဂါကူးစက်ပျံ့နှံ့မှု မည် သည့်အချိန်တွင်ရပ်တန့်သွားမည်ဟု တိတိကျကျခန့်မှန်းရန် ခက်ခဲသည့်အခြေအနေတွင်သာ ရှိနေသေး ကြောင်း၊ ကာကွယ်ဆေး၊ ကုသဆေးအတည်ပြုနိုင်ရန်လည်း တစ်နှစ်မှ တစ်နှစ်ခွဲလောက်အထိ ကြာမည်ဟု   ပညာရှင်များကခန့်မှန်းပြောဆိုနေကြသည်ကို ကြားသိနေရကြောင်း၊ ထို့ကြောင့် မြန်မာ နိုင်ငံအနေဖြင့်လည်း အကောင်းဆုံးကို မျှော်လင့်ရင်း အဆိုးဆုံးအတွက် မိမိနိုင်ငံစွမ်းအားရှိသမျှ    ပြင်ဆင်နေရမည်ဖြစ်ကြောင်း၊ COVID-19 ရောဂါ ကူးစက်မှုထိန်းချုပ်ခြင်း၊  ကုသခြင်းလုပ်ငန်းများကို   ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတစ်ခုတည်းက ဆောင်ရွက်ရမည်မဟုတ်ဘဲ အစိုးရဌာနအားလုံး၊ ပြည်တွင်း၊ ပြည်ပစေတနာရှင်များ၊ ပြည်သူများအားလုံးပူးပေါင်းဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ အစိုးရ အနေဖြင့် စီးပွားရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျန်းမာရေး၊ ပညာရေး၊ ဝန်ဆောင်မှုစသည့် ကဏ္ဍ အလိုက် ထိခိုက်ဆုံးရှုံးနိုင်မှုအခြေအနေများကို အနီးစပ်ဆုံး ငွေကြေးတန်ဖိုး သတ်မှတ်ခန့်မှန်းထားရ မည်ဖြစ်ကြောင်း၊ ပြန်လည်ကုစားမည့် အစီအမံများလည်း ရေးဆွဲထားရမည်ဖြစ်ကြောင်း၊   ပြန်လည် ကုစားခြင်းအတွက် ငွေကြေးမည်မျှကုန်ကျမည်ကို ကဏ္ဍအလိုက်၊ စီမံချက်များအလိုက် ခန့်မှန်း တွက်ချက်ထားရမည်ဖြစ်ကြောင်း၊ လိုအပ်သည့်ဘဏ္ဍာငွေကိုဘယ်လိုရှာဖွေရမည်ဆိုသည့်  အစီအမံများ     ချမှတ်ရကြောင်း ဘဏ္ဍာငွေရရှိမှု အခြေအနေအရအပြည့်အဝမရနိုင်၍ ၇၅ ရာခိုင်နှုန်းသာရရင် ဘာတွေဦးစားပေးဆောင်ရွက်မည်၊ ၅ဝ ရာခိုင်နှုန်းသာရရင် ဘာတွေဦးစားပေးဆောင်ရွက်မည်ဟု တိကျ သည့် စီမံချက်များကိုရေးဆွဲပြီးပြည်သူကို ရှင်းလင်းစွာချပြသင့်သည်ကို အကြံပြုဆွေးနွေးလိုကြောင်း၊ ဆန်စဉ်ရာ ကျည်ပွေ့လိုက်ဆိုသလိုမျိုးမဖြစ်စေရန် အထူးအရေးကြီးကြောင်း၊ COVID-19 Economic Relief  Plan-CERP ထွက်လာသော်လည်း အထက်ပါအချက်များ ပြည့်ပြည့်စုံစုံဖော်ပြထားခြင်းမရှိ၍   ယခုလို အကြံပြုတင်ပြရခြင်းဖြစ်ကြောင်း။

 

ယခုချေးငွေများကို သုံးစွဲရာတွင်ဗဟိုအဆင့် ဆေးရုံကြီး ၈ ရုံ အဆင့်မြှင့်တင်ရေးအတွက် အမေရိကန် ဒေါ်လာ ၇ ဒသမ ၂ သန်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့် ဆေးရုံကြီး    ၄၃ ရုံ အဆင့်မြှင့်တင်ရေး အတွက် အမေရိကန်ဒေါ်လာ ၂၈ ဒသမ ၈ သန်းနှင့် Liquid Oxygen Set ၄၂ စုံ ဝယ်ယူရေးအတွက် အမေရိကန်ဒေါ်လာ ၁၄ သန်း သုံးစွဲမည်ဟု နိုင်ငံတော်သမ္မတက ပေးပို့သည့်စာတွင်    ဖော်ပြထား ကြောင်း၊ အဓိကအားဖြင့်    ကုသရေးလုပ်ငန်းများအတွက်   အသုံးပြုထားသည်ဟုယူဆမိကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့်လည်း ကုသရေးနှင့်ပတ်သက်၍ တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ဗဟို၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဆေးရုံအသီးသီးတွင်  လက်ရှိအခြေအနေအရ COVID-19 ရောဂါဝေဒနာခံစားနေရသူ ဘယ်နှဦးကို လက်ခံကုသပေးနိုင်ပါသလဲ၊ ICU ခန်းများတွင် လူနာဘယ်နှဦးကို ကြီးကြပ်ကုသပေးနိုင်ပါသလဲစသည်ဖြင့် လက်ရှိ ဆေးရုံ၊ ဆေးခန်း၊  ဆေးပစ္စည်း၊ လူသားအရင်းအမြစ်အခြေအနေများအပေါ်အခြေခံပြီးဗဟို၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက်  ဆေးရုံ အသီးသီး၏ ကုသပေးနိုင်မည့်အခြေအနေကို ဘယ်အတိုင်းအတာအထိ တိုးချဲ့ရန် ရည်မှန်းထားပါသလဲ၊ ထိုရည်မှန်းချက်များကို မည်သည့်အချိန်တွင်ပြည့်မီအောင် ဆောင်ရွက်မည်လဲဆိုသည်ကို ရှင်းပြစေချင် ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူများအနေဖြင့် COVID-19 နှင့်ပတ်သက်၍  မည်မျှအခြေအနေအထိ   ကာကွယ်စောင့်ရှောက်မှုပေးနိုင်ကြောင်း သိရှိနိုင်မည်ဖြစ်သလို  တစ်ဖက်က လည်း   ဝန်ကြီးဌာန၏အခက်အခဲများကို သိရှိရပြီး ဘဏ္ဍာငွေ၊ ပစ္စည်း၊ လူအင်အား လိုအပ်ချက်များကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း။

 

ယခုတင်ပြနေသည်မှာ ကုသရေးပဲရှိသေးကြောင်း၊ ရောဂါကူးစက်မှု တားဆီးထိန်းချုပ်ရေးကလည်း ကျယ်ပြန့်ပြီးရှုပ်ထွေးခက်ခဲကြောင်း၊ ကူးစက်ပျံ့နှံ့မှုထိန်းချုပ်ရန်အတွက်    တိကျသည့်ရည်မှန်းချက်များ ချမှတ်ခြင်း၊   အကောင်အထည်ဖော်မည့် အစီအမံများရေးဆွဲချမှတ်ခြင်း၊ ဘဏ္ဍာငွေလိုအပ်ချက်  တွက် ချက်ခြင်း၊ ဘဏ္ဍာငွေဖြည့်ဆည်းမည့်နည်းလမ်းများရှာဖွေခြင်း၊ ပြည်တွင်းပြည်ပမှ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ပူးပေါင်းဆောင်ရွက်ရန် ညှိနှိုင်းခြင်း စသည်တို့ကိုဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခုလို ဆွေးနွေး ရခြင်းမှာ အပြုသဘောထောက်ပြဆွေးနွေးခြင်းသာဖြစ်ပြီး   ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အပေါ် အပြစ်ရှာဆွေးနွေးနေခြင်းမဟုတ်ကြောင်း၊ လက်ရှိကြုံတွေ့နေရသည့် COVID-19  ကပ်ရောဂါ ကြီးအား ကာကွယ်ကုသပေးရာတွင်  အသက်ကိုပဓာနမထားဘဲ ဆောင်ရွက်ပေးနေကြသည့် ဆရာဝန် များ၊ သူနာပြုများ၊ အခြားသောဆေးဘက်ဆိုင်ရာပညာရှင်များ၊ အလုပ်သမားများနှင့်  ကျရာတာဝန် အသီးသီးကို စွမ်းစွမ်းတမံ  ဆောင်ရွက်ပေးနေကြသည့် ကျန်းမာရေးနှင့်  အားကစားဝန်ကြီးဌာနမှ အရာ ထမ်း၊   အမှုထမ်းများအားလုံးကို လေးစားဂုဏ်ပြုကြောင်းစသည်ဖြင့် ဆွေးနွေးသည်။

 

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးမျိုးဝင်းလှိုင် က ကမ္ဘာ့ဘဏ်၏ IDA 18 ချေးငွေဆိုင်ရာ စည်းကမ်းချက်များအရ ဆိုင်းငံ့ကာလငါးနှစ်၊ ပြန်ဆပ်ကာလ ၂၅ နှစ်၊ စုစုပေါင်းချေးငွေ သက်တမ်း အနှစ် ၃ဝ ဖြစ်ကြောင်း၊ အတိုးနှုန်းမှာ တစ်နှစ်လျှင် ၁ ဒသမ ၂၅ ရာခိုင်နှုန်းဖြစ်ပြီး ဝန်ဆောင်ခမှာ တစ်နှစ်လျှင် သုည ဒသမ ၇၅ ရာခိုင်နှုန်း ဖြစ်ကြောင်း၊   အဆိုပါချေးငွေ၏ Grant Elem ent  တွက်ချက်ရာတွင် ၃၈ ဒသမ ၃၇ ရာခိုင်နှုန်းရရှိသည့်အတွက် သက်သာသော ချေးငွေ (Concessi onal  Loan)ဖြစ်သည်ကို သိရကြောင်း၊ ချေးငွေရယူရေး ကိစ္စအပေါ် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖွံ့ဖြိုးမှုအကူအညီများညှိနှိုင်းရေးအဖွဲ့၊ ပြည်ထောင်စု အစိုးရအဖွဲ့၊  စီးပွားရေးရာကော်မတီတို့မှ တစ်ဆင့်   ပြည်ထောင်စုအစိုးရအဖွဲ့သို့တင်ပြခဲ့ပြီး(၂-၄-၂ဝ၂ဝ) ရက်တွင်ကျင်းသည့်   ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၇/၂ဝ၂ဝ) မှ  အတည်ပြုချက်ရရှိပြီးဖြစ်သည်ကိုလည်း   သိရှိရကြောင်း။

 

စီမံကိန်းကို အဓိကတာဝန်ယူ အကောင်အထည်ဖော်ဆောင်ရွက်မည့်ဌာနမှာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနဖြစ်ပြီး (၃၁-၁၂-၂ဝ၂ဝ)ရက်နေ့ရှိ ဝန်ကြီးဌာန၏ ကြွေး မြီပေးဆပ်ရန် လက်ကျန်မှာ   အမေရိကန်ဒေါ်လာ ၇၅ ဒသမ ၈ဝ၆ သန်းရှိကြောင်း၊ ချေးငွေအပြည့်အဝထုတ်ယူသုံးစွဲပြီးချိန်မှစ၍ အကြမ်းအားဖြင့် ဆိုင်းငံ့ကာလအတွင်း တစ်နှစ်လျှင်  အတိုး  အမေရိကန် ဒေါ်လာတစ်သန်းခန့်၊   ပြန်ဆပ် ကာလအတွင်းတစ်နှစ်လျှင် အရင်းနှင့်အတိုးပေါင်း အမေရိကန်ဒေါ်လာ၂ ဒသမ ၆ သန်းခန့် တို့ကို နှစ်စဉ်ပြန်လည်ပေးဆပ်ရမည်ဖြစ်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏   သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်အလိုက် ဘဏ္ဍာငွေများ   လျာထားသွားရမည်ဖြစ်ကြောင်း။

 

စီမံချက်တွင်ပါဝင်သော အစိတ်အပိုင်းသုံးခုအတွက် လျာထားသည့်အသုံးစရိတ်များမှာ  Component  1  အနေဖြင့် Hospital Preparedness  to  Respond  to COVID-19  အမေရိကန်ဒေါ်လာ ၄၈ ဒသမ ၅ သန်းအား မိမိတို့နိုင်ငံ၏လိုအပ်ချက်များဖြစ်သော ဆေးရုံအဆင့်မြှင့်တင်ခြင်း၊ လိုအပ်သောဆေးရုံသုံး စက်ပစ္စည်းကိရိယာများ ဝယ်ယူမည့်အရေအတွက်အား ရှင်းလင်းတင်ပြသဖြင့် ကြိုဆိုကြောင်း၊ Component 2   အနေဖြင့် Capacity Building and  Community Engagement အမေရိကန်ဒေါ်လာ တစ်သန်းအား   မည်ကဲ့သို့သော သင်တန်းလိုအပ်ချက်များတွင်  ဆောင်ရွက်မည်ကို  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး၏တင်ပြမှုတွင်ပါဝင်မှုမရှိခြင်းကို ရှင်းလင်းစွာချပြစေလိုကြောင်း၊ မလိုအပ်ပါက  နိုင်ငံခြားချေးငွေအတိုးဖြင့်ယူ၍သုံးခြင်းမဟုတ်ဘဲ နှစ်စဉ်ဘတ်ဂျက်ငွေမှ သုံးစွဲသင့် ကြောင်း၊ ဝန်ထမ်းများ၏ Capacity Building မှာ စဉ်ဆက်မပြတ် ဖြည့်ဆည်းရသည့်ကိစ္စဖြစ်၍   ယခုချိန်မှဖြည့်ဆည်းရမည့်ကိစ္စဟုမထင်ကြောင်း၊ သို့သော် လိုအပ်ချက်ရှိ၍ဆောင်ရွက်လျှင်လည်း အနည်းဆုံးလိုအပ်ချက်ကိုသုံးပြီး ¤င်းမှပိုလျှံငွေအားTangible ဖြစ်သော ဆေးရုံအဆင့်မြှင့်တင်မှု၊ စက်ကိရိယာပစ္စည်းများကိုတိုး၍ အရေအတွက်တိုး၍ ဖြည့်ဆည်းပေးစေလိုကြောင်း၊ Component 3  အနေဖြင့် Project  Mana-gement  and   monitoring  and  eva-luation ကို အမေရိကန်ဒေါ်လာ သုညဒသမ ၅ သန်း    သုံးစွဲရန်လျာထားပြီး ထိရောက်စွာသုံးစွဲခြင်းကို စိစစ်အကဲဖြတ်မည်ဖြစ်၍ ကြိုဆို ကြောင်း၊ နှစ်ရှည်ချေးငွေအမေရိကန်ဒေါ်လာ သန်း ၅ဝ လျာထားရာတွင်၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ် ဖြည့်စွက်တွင်၂၅ သန်းကို အသုံးပြုမည်ဖြစ်ကြောင်း၊ ငွေလုံးငွေရင်းအသုံးစရိတ် အမေရိကန်ဒေါ်လာ ၄၈ ဒသမ ၅ သန်းကို  မြန်မာတစ်နိုင်ငံလုံးရှိ ဗဟိုအဆင့်၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်ဆေးရုံများရှိ အထူးကြပ်မတ်ကုသဆောင်များနှင့် အခြေခံကျပြီးအရေးကြီးသည့် အောက်ဆီဂျင်ဖြင့်ကုသမှုပေးနိုင်မည့်  အခြေအနေများ ဖြည့်ဆည်းခြင်းတို့အတွက်လိုအပ်သော ဆေးရုံသုံးပစ္စည်းကိရိယာ ၃၈ မျိုး လျာထား ထောက်ပံ့မည်ဖြစ်သည်ကိုသိရှိရပြီး    တိုင်းဒေသကြီး/ပြည်နယ်အချို့ဆေးရုံများတွင်  လျှပ်စစ်မီးရရှိရေး အတွက်ကိုပါ    ယခုကျန်းမာရေးဆိုင်ရာတုံ့ပြန်မှုအရေးပေါ်စီမံချက်တွင် တစ်ပါတည်းထည့်သွင်းနိုင်ရေး စိစစ်ဆောင်ရွက်ရန် အကြံပြုတင်ပြကြောင်း။စီမံချက်များ အကောင်အထည်ဖော်ရာတွင်  ရောဂါကူး စက်မှုနှင့် ရောဂါကြောင့် သေဆုံးမှုကိုအနည်းဆုံးဖြစ်အောင် တတ်နိုင်သမျှလျှော့ချနိုင်စေပြီး ရောဂါဖြစ် ပွားမှုကာလ ကျော်လွန်ပြီးပါက ယခုစီမံကိန်းဖြင့် အဆင့်မြှင့်တင်ထားသည့် လူနာဆောင်များနှင့် အထူးကြပ်မတ်ကုသဆောင်များသည် နိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို အဆင့်မြင့်မား လာစေရန်အတွက်   ဆက်လက်အထောက်အကူပြုမည်ဖြစ်ပြီး   ရေရှည်အကျိုးဖြစ်ထွန်းစေမည် ဖြစ် ကြောင်း၊ စီမံကိန်းအသုံးစရိတ်များကို ထိရောက်မြန်ဆန်စွာ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်း များနှင့်အညီ    သုံးစွဲရန်လိုအပ်ကြောင်း၊ စီမံကိန်းတိုးတက်မှု  အစီရင်ခံစာများကိုလည်း ပွင့်လင်းမြင် သာမှုရှိစေရန်နှင့်  ချပြရှင်းလင်းရန်လိုအပ်ကြောင်း   ထောက်ခံအကြံပြုဆွေးနွေးသည်။

 

ယင်းနောက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်အတွင်းဆောင်ရွက်ခဲ့သော လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာကို တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး ဇော်လွင် က နိုင်ငံခြားသားနှင့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် တန်ဖိုးမြင့် ကုန်ထုတ်လုပ်ငန်းများ အတွက် ရင်းနှီးမြှုပ်နှံမှုများ အားနည်းနေသောကြောင့် ကုန်ကြမ်းတင်သွင်းလာပြီး လုပ်အား၊ နေရာ၊ လျှပ်စစ်အသုံးပြု၍ ကုန်ချောအဖြစ် ပြန်လည်တင်ပို့နေရသည့်လုပ်ငန်းများထက်   မိမိနိုင်ငံမှ ထွက်ကုန်၊ သီးနှံ၊ သားငါး၊ သယံဇာတထွက်ရှိမှုအား ကုန်ချောအဖြစ် တန်ဖိုးမြင့်ကုန်ထုတ်လုပ်ငန်း၊ ကုန်ထုတ် စွမ်းအားစုများ ဖြစ်ပေါ်လာစေရေး၊  လက်ရှိရင်းနှီးမြှုပ်နှံမှုများအပေါ် လေ့လာသုံးသပ်ရှင်းလင်းပေး စေလိုကြောင်း။

 

ယခုကာလတွင် နိုင်ငံတကာမှ နိုင်ငံသားအများအပြား ပြန်လည်ဝင်ရောက်လာပြီးဖြစ်၍ အလုပ်အကိုင် အခွင့်အလမ်း  ပိုမိုရရှိရေး နိုင်ငံခြားသားနှင့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုများမှ ရှိပြီးသားလုပ်ငန်းများ မရုပ်သိမ်းစေရေး၊ လုပ်ငန်းသစ်များ ရင်းနှီးမြှုပ်နှံလာစေရေး ခိုင်မာလုံခြုံစွာချည်နှောင်ထားမှုရှိရေးကို စောင့်ကြည့်လေ့လာခြင်းနှင့် အကဲဖြတ်သုံးသပ်ခြင်းလုပ်ငန်းစဉ်များ ဆောင်ရွက်မှု အခြေအနေကို ရှင်းလင်းပေးစေလိုကြောင်း၊ Online  ပေါ်မှာ   မှတ်ပုံတင်ပြီး  အမှန်တကယ်မြေပြင်တွင်မရှိသည့် ကုမ္ပဏီလုပ်ငန်းများ၊ အခြေအမြစ်မရှိသည့်ကုမ္ပဏီလုပ်ငန်းများ ဖျက်သိမ်းခဲ့ရမှု များပြားစွာရှိနေသည့် အတွက် အမှန်တကယ်ကုန်ထုတ်စွမ်းအားစုရရှိနိုင်သည့် နိုင်ငံခြားသားနှင့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ပေါ်ပေါက်စေရေး ဆောင်ရွက်နိုင်မည့်အစီအမံများ သုံးသပ်ဖော်ထုတ်ရမည်ဖြစ်ကြောင်း၊   ဆက်စပ်ဝန်ကြီးဌာနများ၏ ဥပဒေမူဘောင်များသည် ရင်းနှီးမြှုပ်နှံမှုလွယ်ကူချောမွေ့စေရေးကို   ဆောင် ရွက်နိုင်ရန် အခက်အခဲအဟန့်အတားများဖြစ်ပေါ်နေသည်ဟုဖော်ပြထား၍ ဦးစီးဌာနမှ အခြားဝန်ကြီး ဌာနများကို ညှိနှိုင်းတင်ပြရသည်ထက် ကော်မရှင်နှင့် ဝန်ကြီးဌာနမှ တာဝန်ယူ၊ တာဝန်ခံဆောင်ရွက်မှ သာ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရာ၌ အဓိက ကျသည့် အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်ဟူသော နိဂုံးတွင်ဖော်ပြချက်နှင့် ကိုက်ညီရန် ပြန်လည်ရှင်းလင်းတင်ပြစေလိုကြောင်း။         

 

ဝိုင်းဝန်းဆောင်ရွက်ရမည့် အဖွဲ့အစည်းများ၏ ဖွဲ့စည်းပုံများသည် ဌာနများမှချမှတ်ထားသော   အကျိုး စီးပွားအတွက်သာ ကာကွယ်နေခြင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုဖိတ်ခေါ်နိုင်မည့် ဥပဒေမူဘောင် စနစ်တကျမရှိခြင်းတို့ကြောင့် FDI ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်အပေါ်  သက်ရောက်မှုရှိနေသည်ဟု ဖော်ပြထားခြင်းကြောင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြခွင့်ရှိသော ပြည် ထောင်စုဝန်ကြီးဌာနများနှင့် နိုင်ငံတကာသို့ ညှိနှိုင်းဆောင်ရွက်ခွင့်ရှိသော ကော်မရှင်နှင့် ဝန်ကြီးဌာန၏ တာဝန်ယူမှု၊  တာဝန်ခံမှုများဖြင့် ဆောင်ရွက်မည့်အစီအစဉ်ကို  ပြန်လည်ရှင်းလင်းတင်ပြစေလိုကြောင်း။

 

နိုင်ငံတကာနည်းတူ ရင်းနှီးမြှုပ်နှံမှုနှင့် ဆက်စပ်သော  ဥပဒေမူဘောင်များနှင့် ဝန်ဆောင်မှုဆိုင်ရာ ဥပဒေ မူဘောင်များအား ခိုင်မာအောင် ဆောင်ရွက်နိုင်မှသာလျှင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ နိုင်ငံအတွင်းသို့ ယုံကြည်စိတ်ချစွာ စီးဝင်လာနိုင်မည်ဟု သုံးသပ်တင်ပြထားပါ၍ ကော်မရှင်နှင့် ဝန်ကြီးဌာနသည် ပြည် ထောင်စုအစိုးရနှင့် ပြည်ထောင်စုလွှတ်တော်သို့ တာဝန်ယူ၊ တာဝန်ခံ၍  ဆောင်ရွက်မည့်   အစီအမံများ ကို ဆောလျင်စွာ ရှင်းလင်းတင်ပြစေလိုကြောင်း သုံးသပ်ဆွေးနွေးကြောင်း သိရသည်။

 

Read 55 times Last modified on Friday, 22 May 2020 11:07