SJ WorldNews - шаблон joomla Авто

တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က သတင်းမီဒီယာများအား တွေ့ဆုံ၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်

Friday, 22 May 2020 21:16 font size decrease font size decrease font size increase font size increase font size

တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က သတင်းမီဒီယာများအား တွေ့ဆုံ၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်

နေပြည်တော်၊ မေ - ၂၂   

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကိုယ်စား အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ယနေ့မွန်းလွဲပိုင်းတွင်နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်၌ သတင်းမီဒီယာများနှင့်တွေ့ဆုံ၍ လတ်တလောဖြစ်ပေါ်နေသည့်အကြောင်းအရာများ၊ COVID-19  ရောဂါနှင့်ပတ်သက်၍တပ်မတော်၏ ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားကာ ၎င်းတို့သိရှိလိုသည့် မေးမြန်းချက်များကို ပြန်လည် ဖြေကြားခဲ့သည်။   

သတင်းစာရှင်းလင်းပွဲမစတင်မီ တက်ရောက်လာကြသူများအား COVID-19  ရောဂါကြိုတင် ကာကွယ်ရေးအတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံးမှ တာဝန် ရှိသူများက ကိုယ်အပူချိန်တိုင်းတာခြင်းများကို ဆောင်ရွက်ပေးပြီး သတ်မှတ်အကွာအဝေးအတိုင်း နေရာယူကာ စနစ်တကျမေးမြန်းခြင်းများကို ဆောင်ရွက်ကြသည်။   

ဦးစွာ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက တပ်မတော် အနေဖြင့် "ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့်ထာဝရ ငြိမ်းချမ်းရေးအတွက်ထုတ်ပြန်ချက် "တစ်စောင်ကို မေ ၉ ရက်တွင် ထုတ်ပြန်ခဲ့ပြီး နိုင်ငံ တော်မှ အကြမ်းဖက်ဟုသတ်မှတ်ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများ ရှိသည့် နေရာမှအပ ကျန်နယ်မြေများ၌ မေ ၁၀ ရက်မှ သြဂုတ် ၃၁ ရက်အထိ ၃ လကျော် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲထားသည့်အခြေအနေများ၊ ရခိုင်ပြည်နယ်မြောက်ပိုင်း ဒေသများနှင့် ပလက်ဝဒေသတွင် AA အကြမ်းဖက်သောင်းကျန်းသူများနှင့် ထိတွေ့မှု များဖြစ်ပွားလျက် ရှိပြီး AA အကြမ်းဖက်သောင်းကျန်းသူများက ပလက်ဝဒေသ၏ ရေလမ်း၊ ကုန်းလမ်း ဆက်သွယ်ရေး လမ်းကြောင်းများကို ပိတ်ဆို့ဖြတ်တောက်ထားသဖြင့် တပ်မတော်မှ ဒေသခံပြည်သူများလုံခြုံရေး၊ လမ်းပန်းဆက်သွယ်မှု ချောမွေ့စေရေးနှင့် စားနပ်ရိက္ခာများ၊ ဆေးဝါးများပို့ဆောင်ပေးခဲ့မှု အခြေအနေများ၊ ထိုသို့ပို့ဆောင်စဉ် AA အကြမ်းဖက်သောင်းကျန်းသူများ၏ ပစ်ခတ်မှုကြောင့်  WFP  မှမော်တော်ယာဉ်အချို့ ထိမှန်ပျက်စီးခဲ့ပြီး ယာဉ်မောင်းတစ်ဦးဒဏ်ရာရရှိခဲ့သည့် အခြေအနေများ၊ ရာသီဥတုဆိုး ဝါးမှုကြောင့်  WFP မှ မော်တော်ယာဉ်များ သွားလာနိုင်ခြင်း မရှိသဖြင့် တပ်မတော်က ဆက်လက်ပို့ဆောင်ပေးသော်လည်း လက်တွေ့အခြေအနေနှင့် မကိုက်ညီစွာပြောဆိုလာမှုများကြောင့် နောင်တွင် စဉ်းစားချင့်ချိန်လုပ်ဆောင်ရတော့မည် အခြေအနေများ။   

COVID-19  ရောဂါဖြစ်ပွားမှုကြောင့် တိုင်းပြည်၏ စွမ်းအား၊ ပြည်သူ၏ စွမ်းအား၊ ကုန်ထုတ်လုပ်မှု၊ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ကာကွယ်ရေး စွမ်းအားများကို ထိခိုက်စေသည့်အတွက် တပ်မတော်က အမျိုးသားအရေး၊ နိုင်ငံ့အရေးအဖြစ် လုပ်ဆောင် သင့်သည် မှန်သမျှကို လူမျိုး၊ ဘာသာ မခွဲခြားဘဲ အဖွဲ့အစည်းပေါင်းစုံနှင့် ပူးပေါင်း၍ လုပ်ဆောင်ပေးလျက်ရှိသည့် အခြေအနေများ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အပါအဝင် တပ်မတော်သားအားလုံး၏ လုပ်ခလစာငွေများမှ လှူဒါန်းရရှိ ငွေများဖြင့် COVID-19  ရောဂါကာကွယ်ထိန်းချုပ်ကုသရေး အထောက်အကူပြုဆေးရုံသုံးပစ္စည်း များကို တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ ပြည်သူ့ဆေးရုံသို့ လှူဒါန်းလျက်ရှိသည့် အခြေအနေများ၊ ဒေသခံပြည်သူများအပြင့် UWSA (ဝ)အဖွဲ့နှင့်  KIO/KIA အဖွဲ့များအား သွားရောက်ပေးပို့ လှူဒါန်းခဲ့သည့် အခြေအနေများနှင့် ကျန်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများထံသို့လည်း ဆက်လက် ထောက်ပံ့ ပို့ဆောင်လှူဒါန်းပေးသွားမည့် အခြေအနေများ။   

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေ၊ အင်းလေ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ နောင်တရား၊ ပင်လောင်း၊ တီကျစ်နယ်မြေများရှိ အာလူး၊ ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်စသည့် ရာသီသီးနှံများအား မတ်လကုန်မှစ၍ ခူးဆွတ်ရောင်းချနိုင်သည့် အခြေအနေဖြစ်သော်လည်း COVID-19 ရောဂါ ဖြစ်ပွားမှုကြောင့် ကုန်စည်စီးဆင်းမှု များရပ်ဆိုင်းပြီး ရောင်းချရခြင်းမရှိဘဲ ဒေသခံများအခက်အခဲ ဖြစ်ပေါ်ခဲ့သောကြောင့် တပ်မတော်က ၎င်းတို့ရောင်းချလိုသောဈေးဖြင့် ဝယ်ယူပေးခဲ့မှု အခြေအနေများနှင့် ဆက်လက်၍လည်း ရောင်းချရန်အခက်အခဲဖြစ်ပေါ်လျက်ရှိသည့် ဒေသများမှ ရာသီ သီးနှံများကို ဒေသခံများ၏အကျိုးကိုရှေးရှု၍ ဝယ်ယူရောင်းချနိုင်ရေး ဆောင်ရွက်သွားမည့် အခြေအနေများ၊ ထို့ပြင် လမ်းပန်းဆက်သွယ်မှုခက်ခဲပြီး ဝေးလံခေါင်းပါးဒေသများသို့ ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်း၊ ဆေးနှင့် ဆေးပစ္စည်းများလှူဒါန်း ပေးလျက်ရှိသည့် အခြေအနေများ၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်းနှင့် မြန်မာ့စီးပွားရေး ဦးပိုင်အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်တို့ရှိ စက်ရုံ၊ အလုပ်ရုံများတွင် သတ်မှတ်ချက်များနှင့် အညီလုပ်ငန်းလည်ပတ်နေမှု အခြေအနေများနှင့် COVID-19 ရောဂါကာကွယ်ရေး အထောက်အကူပြုဆေးဖျန်းဝတ်စုံနှင့် လက်သန့် ဆေးရည်များ ထုတ်လုပ်နေမှု အခြေအနေများ၊ PPE  ဝတ်စုံများအား သတ်မှတ်ထားသည့်  Bio Safety Level အတိုင်း ပိုးသတ်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းပြောကြားပြီးနောက် တက်ရောက်လာကြသည့် သတင်းဌာန အသီးသီး၏ မေးမြန်းမှုများအပေါ် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြန်လည် ရှင်းလင်း ပြောကြားခဲ့သည်။   

အဆိုပါသတင်းမီဒီယာတွေ့ဆုံပွဲသို့ ပြည်တွင်းသတင်းဌာနများ၊ နေ့စဉ်ထုတ် သတင်းစာများ၊ ဂျာနယ်များ၊ ပြည်တွင်းရုပ်မြင်သံကြားသတင်းဌာနများ၊ ပြည်တွင်း အခြေစိုက်ပြည်ပ သတင်းဌာနများ စုစုပေါင်းသတင်းဌာန(၂၂)ခုမှ သတင်းထောက် ၃၁ ဦး လာရောက်တွေ့ဆုံသတင်းရယူခဲ့ကြကြောင်း သတင်းရရှိသည်။

Read 33 times Last modified on Friday, 22 May 2020 21:17