SJ WorldNews - шаблон joomla Авто

COVID-19 ရောဂါကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းများအတွက် ဆေးရုံသုံးပစ္စည်းများ ဆက်လက် လှူဒါန်း

Friday, 22 May 2020 22:01 font size decrease font size decrease font size increase font size increase font size

 COVID-19 ရောဂါကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းများအတွက် ဆေးရုံသုံးပစ္စည်းများ ဆက်လက် လှူဒါန်း

နေပြည်တော်၊ မေ - ၂၂   

တပ်မတော်အနေဖြင့် COVID-19 ရောဂါကူးစက်ပြန့်ပွားမှုကာကွယ် တားဆီးရေးနှင့် ထိန်းချုပ်ရေး လုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် မြို့နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများ၊ ကျန်းမာရေးဌာနခွဲများ၌ ကာကွယ်ကုသရေးများတွင် အဆင်ပြေချောမွေ့စေရေး အတွက် ဆေးရုံသုံးပစ္စည်းများကို ပေးပို့လှူဒါန်းလျက်ရှိသည်။   

ယနေ့တွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်အနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နှင့် ဥတ္တရသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်တို့ရှိ ပြည်သူ့ဆေးရုံများ၊ ပျဉ်းမနားမြို့နယ်၊ ဝဲကြီး၊ ဇီးရိုင်း၊ ဆင်သေတို့ရှိ ကျေးလက်ကျန်းမာရေးဌာနခွဲများနှင့် လယ်ဝေးမြို့နယ်ရှိ အေလာတိုက်နယ် ကျန်းမာရေး ဌာနများ၊ ဇေယျာသီရိမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ်တို့ရှိ အရိုး အကြောအထူးကုဆေးရုံကြီးများ၌ လည်းကောင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နှင့် မိုးမောက်မြို့ တို့ရှိ ပြည်သူ့ဆေးရုံများ၌ လည်းကောင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နှင့် သီပေါမြို့တို့ရှိ ပြည်သူ့ ဆေးရုံများ၊ စံလောင်းနှင့် မိုင်းကောင်တို့ရှိ တိုက်နယ်ဆေးရုံများ၊ မန်မံနှင့် လွယ်ငင်းတို့ရှိ ကျေးလက်ကျန်းမာရေးဌာနများ၌ လည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ဟိုပုံးမြို့နယ်၊ ကျောက်တန်းကျေးရွာ၊ တိုက်နယ်ဆေးရုံနှင့် ကျေးလက်ကျန်းမာရေးဌာန၊ တောင်ကြီး မြို့နယ်၊ ရွှေညောင်တိုက်နယ် ဆေးရုံနှင့် ကျေးလက်ကျန်းမာရေးဌာနနှင့် အေးသာယာတိုက်နယ် ဆေးရုံတို့၌ လည်းကောင်း၊  တြိဂံဒေသတိုင်းစစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့၊ မိုင်းယန်းမြို့၊  တာချီလိတ်မြို့၊ မိုင်းဖြတ်မြို့၊ တုံတာမြို့နှင့် မိုင်းပျဉ်းမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းကျေးရွာအုပ်စု၊ ဂျိုးဖြူကျေးရွာ ကျေးလက်ကျန်းမာရေး ဌာနခွဲများ၌ လည်းကောင်း၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်အနေဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့၊ ကံပေါက်ကျေးရွာနှင့် ဖောင်းတောကျေးရွာတို့ရှိ ကျေးလက်ကျန်းမာရေးဌာနတို့၌ လည်းကောင်း၊  အနောက်တောင်တိုင်းစစ်ဌာနချုပ်အနေဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော် မြို့နယ်၊ အင်းမ၊ ကွင်းပေါက်အစုကြီးနှင့် ကျောင်းကုန်းမြို့နယ်၊ ဒေါင့်ကြီးတို့ရှိတိုက်နယ်ဆေးရုံများ၌ လည်းကောင်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့၊ ဒီပဲယင်းမြို့၊ ရေဦးမြို့၊ တန့်ဆည်မြို့၊ ချောင်းဦးမြို့၊ ဆားလင်းကြီးမြို့၊ ယင်းမာပင်မြို့၊ ပုလဲမြို့၊ ကနီမြို့၊ မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့၊ ချင်းပြည်နယ်၊ ဟားခါးမြို့နှင့် ဖလမ်းမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၌ လည်းကောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် မန္တလေးတိုင်း ဒေသကြီး၊ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ အလုပ်သမားဆေးရုံကြီး၊ တိုင်းရင်းဆေးရုံကြီး၊ နား၊ နှာခေါင်း၊ လည်ချောင်းဆေးရုံကြီး၊ မိတ္ထီလာမြို့နယ်၊ ရှမ်းမငယ်၊ အလယ်ရွာ၊ ရမည်းသင်းမြို့နယ်၊ ရန်အောင်၊ အနောက်လျှော်ဖြူကုန်း၊ တောင်ညောင်ကုန်း၊ သီးပင်နှင့် ရွှေညောင်ဖူးတို့ရှိ တိုက်နယ်ဆေးရုံများနှင့် ပျော်ဘွယ်မြို့နယ်ဆေးရုံတို့၌ လည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့၊ ပြည်သူ့ဆေးရုံ၌လည်းကောင်း တပ်မတော်က လှူဒါန်းသော ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း Surgical  Mask များ၊  N95 Mask များ၊  Personal Protective Equipment (PPE)  ဝတ်စုံများ၊   ခွဲစိတ်ခန်းသုံးလက်အိတ်(Surgical Gloves)  များ၊ မျက်မှန်(Goggles)များ၊ Pulse Oxymeter (Finger Tip)  များ၊ Non- Contact Infrared Thermometer  များ၊ Non Touch Thermometer  များ၊ Portable  X-Ray Machine စက်၊ ECG  Machine စက်၊ Suction  Machine   စက်များ၊ OT Cap  များ၊ Face Shield များ၊ ပိုးသတ်ဆေးပုလင်းများ၊ Sodium Hypochloride များနှင့် ရေမလိုလက်သန့်ဆေးရည်များကို တိုင်းမှူးများနှင့် တာဝန်ရှိသူများက ဆေးရုံ အသီးသီးရှိ တာဝန် ရှိသူများထံသို့ ပေးအပ်လှူဒါန်းကြသည်။   

ထို့ပြင် တိုင်းစစ်ဌာနချုပ်များနှင့် တပ်နယ်အသီးသီးများရှိ ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျန်းမာရေးဌာနခွဲများတို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများ၊ ဆေးရုံ တက်ရောက်ကုသမှုခံယူလျက်ရှိသော ပြည်သူများနှင့် ဒေသခံပြည်သူများအတွက် ဆေးဝါးများနှင့် ဘီစကစ်၊ ကြက်ဥ၊ နွားနို့၊ ကုလားပဲ၊ ငှက်ပျောသီး၊ ပေါင်မုန့်၊ ခေါက်ဆွဲခြောက်၊ အိုဗာတင်း၊ ရွှေဖီဦးလဖက်ရည်ထုပ်၊ နို့ဆီ၊ သကြား၊ ကော်ဖီမစ်(စ်)၊ တီးမစ်(စ်) စသည့် အာဟာရဖြည့် စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

Read 28 times Last modified on Friday, 22 May 2020 22:04