SJ WorldNews - шаблон joomla Авто

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်

Saturday, 23 May 2020 21:50 font size decrease font size decrease font size increase font size increase font size

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်

နေပြည်တော် ၊  မေ - ၂၃   

နေပြည်တော်ကောင်စီနယ်မြေ၊  တပ်ကုန်းမြို့နယ်၊ အခြေခံပညာအလယ်တန်း ကျောင်း(သပြေချောင်း)၊ ပျဉ်းမနားမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း (သပြေပင်)၊ ဥတ္တရသီရိမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(တောင်ညို)တို့တွင် ကျောင်းဖွင့်ချိန်တွင် တက်ရောက်ပညာသင် ကြားမည့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းပတ် ဝန်းကျင် သန့်ရှင်းသာယာ လှပရေးတို့အတွက် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံ တပ်မတော်သားများက ကျောင်းများအတွင်း၊ အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်း၊ စာသင်ခန်းများအတွင်း သန့်ရှင်းရေး လုပ်ငန်းဆောင်ရွက် ခြင်းနှင့် ပိုးသတ်ဆေးဖျန်း ခြင်းလုပ်ငန်းများ စုပေါင်းဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။

 

Read 33 times Last modified on Saturday, 23 May 2020 21:53