SJ WorldNews - шаблон joomla Авто

မြစ်ကြီးနားမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများအား ကြည့်ရှု အားပေး

Saturday, 23 May 2020 22:02 font size decrease font size decrease font size increase font size increase font size

မြစ်ကြီးနားမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများအား ကြည့်ရှု အားပေး

နေပြည်တော် ၊  မေ - ၂၃   

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံတွင် တက်ရောက် ဆေးကုသမှု ခံယူလျက် ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များကို မေ ၂၂ ရက် နေ့လယ်ပိုင်း တွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် တေဇကျော်နှင့်အဖွဲ့ဝင်များက သွား ရောက်ကြည့်ရှု အားပေးပြီး တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်မှု အခြေအနေများအား ရင်းရင်းနှီးနှီးမေးမြန်းအားပေးစကားပြောကြားပြီး  စားသောက်ဖွယ်ရာများ ပေးအပ်သည်။   

ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

Read 84 times Last modified on Saturday, 23 May 2020 22:04