SJ WorldNews - шаблон joomla Авто

COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီး၌ ဆက်လက်ဆောင်ရွက်

Sunday, 24 May 2020 20:48 font size decrease font size decrease font size increase font size increase font size

COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီး၌ ဆက်လက်ဆောင်ရွက်

နေပြည်တော်၊ မေ - ၂၄

COVID-19   ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အထောက်အကူဖြစ်စေရန် အတွက် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးတွင် ဆေးအဖွဲ့များဖြင့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးဖျန်း ပေးခြင်းများအပါအဝင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို နေ့စဉ် ဆောင်ရွက်ပေးလျက် ရှိသည်။   

ယနေ့တွင်လည်း နေပြည်တော်တိုင်းစစ်ဌာနချုပ်အနေဖြင့် နေပြည်တော်ကောင်စီ နယ်မြေ၊ ဥတ္တရသီရိ မြို့နယ်၌လည်းကောင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ တန့်ယန်းမြို့၊ နမ္မတူမြို့၊ ကွမ်းလုံမြို့နှင့် လောက်ကိုင်မြို့တို့၌လည်းကောင်း၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ဟိုပုံးမြို့၊ ရွှေညောင်မြို့၊ ရပ်စောက်မြို့၊ ကလောမြို့၊ အောင်ပန်းမြို့၊ ဟဲဟိုးမြို့၊ တီကျစ်မြို့၊ ပင်လောင်းမြို့၊ ဆီဆိုင်မြို့၊ ဘန်းယဉ်မြို့၊ ဖယ်ခုံမြို့နှင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဒီးမော့ဆိုမြို့၊ ဘောလခဲမြို့နှင့် ဖားဆောင်းမြို့တို့၌လည်းကောင်း၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကာလိမြို့၊ မိုင်းကိုင်မြို့၊ မိုင်းပန်မြို့၊ လင်းခေးမြို့၊ မိုးနဲမြို့နှင့် လွိုင်လင်မြို့တို့၌ လည်းကောင်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့တို့၌ လည်းကောင်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် အနေဖြင့် ကရင်ပြည်နယ်၊ ဘားအံမြို့၊ လှိုင်းဘွဲမြို့၊ မြဝတီမြို့၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကျိုက်ထိုမြို့၊ သထုံမြို့နှင့် မုဒုံမြို့တို့၌ လည်းကောင်း၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်အနေဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်း မြို့၊ ကလိန်အောင်မြို့၊ ရေဖြူမြို့၊ ထားဝယ်မြို့၊ ပလောက်မြို့၊ မြိတ်မြို့၊ ကျွန်းစုမြို့၊ တနင်္သာရီမြို့နှင့် ဘုတ်ပြင်းမြို့နယ်တို့၌လည်းကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ မှော်ဘီမြို့နယ်၊ တိုက်ကြီးမြို့နယ်၊ အင်းစိန်မြို့နယ်၊ ညောင်တုန်းမြို့နယ်၊ လှည်းကူးမြို့နယ်နှင့် ဆိပ်ကြီးခနောင်တိုမြို့နယ်တို့၌ လည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်အနေဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကျုံပျော်မြို့နှင့် မြန်အောင်မြို့တို့၌လည်းကောင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် ကျောက်ဖြူမြို့၌ လည်းကောင်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အလုံတပ်မြို့၊ ရွှေဘိုမြို့၊ ကလေးမြို့နှင့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့တို့၌လည်းကောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ မိတ္ထီလာမြို့၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နှင့် စကုမြို့တို့၌လည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် အနေဖြင့် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့၊ ထန်းတပင်မြို့၊ အုတ်တွင်းမြို့၊ ရွှေကျင်မြို့၊ ကျောက်ကြီးမြို့၊ ပြည်မြို့၊ ရွှေတောင်မြို့နှင့် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နှင့် လိပ်သိုမြို့တို့၌လည်းကောင်း ဆေးအဖွဲ့များက ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ အခြားဘာသာရေးခေါင်းဆောင်များနှင့် ဘာသာရေးအဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ပြည်သူ့စစ်အဖွဲ့ဝင်များ၊ အငြိမ်းစား နိုင်ငံ့ ဝန်ထမ်းများ၊ မသန်စွမ်းသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မိဘမဲ့ကျောင်းများမှ ကလေးငယ်များ၊ ပရဟိတစေတနာ့ ဝန်ထမ်း များ၊ ဒေသခံပြည်သူများနှင့် မီးရထားစီးခရီးသည်များကို COVID-19 ရောဂါနှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်း၊ စနစ်တကျ လက်ဆေးနည်းနှင့် Face Mask အသုံးပြုနည်းတို့ကို သရုပ်ပြသခြင်း၊ လက်ကမ်းစာစောင်များ၊ စားသောက်ဖွယ်ရာများ၊ ရေမလိုလက်သန့်ဆေးရည် များနှင့် Face Mask  များဖြန့်ဝေပေးခြင်း၊ အသံချဲ့စက်ဖြင့် ကျန်းမာရေးအသိပညာ ပေးခြင်းများကို ဆောင်ရွက်ပေးကြပြီး မြို့နယ်အသီးသီးရှိ အများပြည်သူ အသုံးပြုသောနေရာများ၌ မီးသတ် တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ဆေးဖျန်းယာဉ်များ၊ မီးသတ်ယာဉ်များ၊ ရေသယ်ယာဉ်များဖြင့် ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ပေးကြသည်။ ထိုသို့ဆောင်ရွက်နေမှုများ၊ တပ်မတော် ဆေးရုံတက် လူနာများနှင့် COVID-19 ရောဂါနှင့်ပတ်သက်၍  သီးသန့် စောင့်ကြည့်ရမည့်သူများ ထားရှိရန်ပြင်ဆင်ထားရှိမှုများကို တိုင်းမှူးများနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုကြသည်။   

ထို့ပြင် ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများ၊ ပရဟိတကျောင်းများနှင့် ဘိုးဘွားရိပ်သာများအတွက် ဆန်၊ ဆီ၊ စားသောက်ဖွယ်ရာများနှင့် လှူဖွယ်ပစ္စည်းများကို ပေးအပ် လှူဒါန်း ခဲ့ကြကြောင်းသတင်းရရှိသည်။

Read 59 times Last modified on Sunday, 24 May 2020 20:52