SJ WorldNews - шаблон joomla Авто

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများအတွက် ဆေးရုံသုံးပစ္စည်းများ ဆက်လက် လှူဒါန်း

Sunday, 24 May 2020 21:09 font size decrease font size decrease font size increase font size increase font size

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများအတွက် ဆေးရုံသုံးပစ္စည်းများ ဆက်လက် လှူဒါန်း

နေပြည်တော်၊ မေ - ၂၄

တပ်မတော်အနေဖြင့် COVID-19 ရောဂါကူးစက်ပြန့်ပွားမှုကာကွယ် တားဆီးရေးနှင့် ထိန်းချုပ်ရေး လုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် မြို့နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တိုက်နယ် ဆေးရုံများ၊ ကျန်းမာရေးဌာနခွဲများ၌ ကာကွယ်ကုသရေးများတွင် အဆင်ပြေချောမွေ့စေရေးအတွက် ဆေးရုံသုံးပစ္စည်းများကို ပေးပို့လှူဒါန်းလျက်ရှိသည်။   

မေ ၂၃ ရက်နှင့် ယနေ့တို့တွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်အနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ်ရှိ အရိုးအကြောအထူးကုဆေးရုံကြီး၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆေးရုံကြီး၊ ဇေယျာသီရိမြို့နယ်ရှိ ပြည်သူ့ဆေးရုံ၊ ပျဉ်းမနားမြို့နယ်၊ ဇီးကုန်း၊ ဖလောင်း၊ နတ်သူရဲ၊ လယ်ဝေးမြို့နယ်၊ အင်ပင်သာ၊ သပြေပင်နှင့် ဗောဓိကုန်းတို့ရှိ ကျေးလက်ကျန်းမာရေး ဌာနခွဲများ၌လည်းကောင်း၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်အနေဖြင့် ကချင်ပြည်နယ်၊ မိုးကောင်းမြို့၊ ပူတာအိုမြို့၊ မချမ်းဘော့မြို့၊ မူလာရှီးဒီမြို့၊ ဆွမ်ပရာဘွမ်မြို့၊ ကန်ပိုက်တီမြို့၊ အင်ဂျန်းယန်မြို့နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မဘိမ်းမြို့တို့ရှိ ပြည်သူ့ဆေးရုံများနှင့် ဘန်ကောက်တိုက်နယ်ဆေးရုံတို့၌ လည်းကောင်း၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့၊ နမ့်လန်မြို့တို့ရှိ ပြည်သူ့ ဆေးရုံများ၊ နမ့်စလပ်၊ စံလောင်းတို့ရှိ တိုက်နယ်ဆေးရုံများ၊ နမ့်ကျွမ်းနှင့် ပုံဝိုးတို့ရှိ ကျေးလက်ကျန်းမာရေးဌာနများ၌လည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ နောင်ကား၊ ဟမ်းဆီးနှင့် နောင်မွန်၊ ဆိုက်ခေါင်၊ နောင်ထော်၊ လွယ်ပွတ်၊ ပန်ကန်း၊ နောင်ရင်းဒုံနှင့် လောဓလေးတို့ရှိ ကျေးလက်ကျန်းမာရေး ဌာနများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်၊ ဘန်းယဉ်၊ ဆိုက်ခေါင်၊ နောင်ထော်နှင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လောဓလေးတို့ရှိ တိုက်နယ်ဆေးရုံများ၊ တောင်ကြီးမြို့ရှိ စဝ်စံထွန်းပြည်သူ့ ဆေးရုံကြီး၊ ရွှေညောင်မြို့၊ ဟိုပုံးမြို့နှင့် ဖယ်ခုံမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၌ လည်းကောင်း၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့ရှိ ပြည်သူ့ဆေးရုံ၌လည်းကောင်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ လွိုင်မွေ တိုက်နယ်ဆေးရုံ၊ မိုင်းယောင်းမြို့ရှိပြည်သူ့ဆေးရုံ၊ မိုင်းယုမြို့ရှိတိုက်နယ် ဆေးရုံ၊ မိုင်းဆတ်မြို့၊ မိုင်းညှင်းမြို့၊ ကျိုက်လတ်မြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ မိုင်းလင်း၊ နမ့်ငေါ့နှင့် ပုံပါကျင်တို့ရှိ ကျေးလက် ကျန်းမာရေးဌာနများ၊ မိုင်းပါလျှိုးနယ်စပ်ဆေးပေးခန်းနှင့် မိုင်းတုံမြို့နယ်ရှိ ပုံပါကျင်တိုက်နယ်ဆေးရုံ တို့၌ လည်းကောင်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်အနေဖြင့် မွန်ပြည်နယ်၊ ပေါင်မြို့၊ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နှင့် ဘားအံမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၌ လည်းကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်ရှိ အထွေထွေရောဂါကုဆေးရုံကြီး၌ လည်းကောင်း၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ တင်သား ကျေးရွာနှင့် ဟံသာဝတီ၊ မင်းကွန်းနှင့် ပဒူတို့ရှိ တိုက်နယ်ပြည်သူ့ဆေးရုံများ၊ စစ်ကိုင်းမြို့၊ မြောင်မြို့၊ မြင်းမူမြို့နှင့် ချင်းပြည်နယ်၊ ဖလမ်းမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၌လည်းကောင်း၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်အနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်ရှိ ညောင်ရမ်းတိုက်နယ်ဆေးရုံ၊ မိုးကုတ်မြို့နယ်ရှိ ပြည်သူ့ဆေးရုံနှင့် ကြပ်ပြင် တိုက်နယ်ဆေးရုံတို့၌ လည်းကောင်း၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်အနေဖြင့် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့၊ ထန်းတပင်မြို့၊ အုတ်တွင်းမြို့၊ ကရင် ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့နှင့် ၁၃ မိုင်ကျေးရွာတို့ရှိ ပြည်သူ့ဆေးရုံများနှင့် ရွှေကျင်မြို့နယ်၊ ကွင်းဆိပ်တိုက်နယ်ဆေးရုံတို့၌လည်းကောင်း တပ်မတော်က လှူဒါန်းသော ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း  Surgical  Mask များ၊  N95 Mask များ၊  Personal Protective Equipment (PPE) ဝတ်စုံများ၊ခွဲစိတ်ခန်းသုံးလက်အိတ်(Surgical Gloves)များ၊ မျက်မှန်(Goggles)များ၊ Pulse Oxymeter (Finger Tip) များ၊ Non- Contact Infrared Thermometer များ၊  Non Touch Thermometer  များ၊ Portable  X-Ray Machine  စက်၊ ECG  Machine   စက်၊ Suction  Machine  စက်များ၊ OT Cap  များ၊ Face Shield များ၊ ပိုးသတ်ဆေးပုလင်းများ၊ Sodium Hypochloride  များ၊ ECG   စက်၊ ချွဲစုပ်စက်နှင့် ရေမလိုလက်သန့်ဆေးရည်များကို တိုင်းမှူးများနှင့် တာဝန်ရှိသူများက ဆေးရုံ အသီးသီးရှိ တာဝန်ရှိသူများထံသို့ ပေးအပ်လှူဒါန်းကြသည်။    

ထို့ပြင် တိုင်းစစ်ဌာနချုပ်များနှင့် တပ်နယ်အသီးသီးများရှိ ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျန်းမာရေးဌာနခွဲများတို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများ၊ ဆေးရုံ တက်ရောက် ကုသမှုခံယူလျက်ရှိသော ပြည်သူများနှင့်  ဒေသခံပြည်သူများအတွက် ဆေးဝါးများနှင့် ဘီစကစ်၊ ကြက်ဥ၊ နွားနို့၊ ကုလားပဲ၊ ငှက်ပျောသီး၊ ပေါင်မုန့်၊ ခေါက်ဆွဲခြောက်၊ အိုဗာတင်း၊ ရွှေဖီဦးလဖက်ရည်ထုပ်၊ နို့ဆီ၊ သကြား၊ ကော်ဖီမစ်(စ်)၊ တီးမစ်(စ်) စသည့် အာဟာရဖြည့် စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

Read 57 times Last modified on Sunday, 24 May 2020 21:21