SJ WorldNews - шаблон joomla Авто

မိုင်းခတ်မြို့နယ်အတွင်း လက်ပစ်ဗုံးဟောင်း ၁ လုံး ပေါက်ကွဲ၍ ဒေသခံကလေးငယ် ၁ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရရှိ

Monday, 25 May 2020 21:11 font size decrease font size decrease font size increase font size increase font size

မိုင်းခတ်မြို့နယ်အတွင်း လက်ပစ်ဗုံးဟောင်း ၁ လုံး ပေါက်ကွဲ၍ ဒေသခံကလေးငယ် ၁ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရရှိ

နေပြည်တော် ၊  မေ - ၂၅   

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်၊ ပါပွန်းကျေးရွာအုပ်စု၊ ဟွေဖယ်ကျေးရွာနေ ယာအု(ဘ) ဦးကျရှောနှင့် ကျလား(ဘ)ဦးကျရှော တို့ ညီအစ်ကို ၂ ယောက်သည် ယနေ့ နံနက် ၁၁ နာရီ ၁၅ မိနစ် ခန့်တွင် ဟွေဖယ်ကျေးရွာနှင့် ပါပီကျေးရွာကြား လယ်ကွင်းထဲသို့ ကျွဲကျောင်းသွားစဉ် လက်ပစ်ဗုံး ဟောင်း ၁ လုံးအား တွေ့ရှိကောက်ယူခဲ့ပြီး ၎င်းနေရာ၏ အနောက်ဘက် မီတာ ၂၀၀ ခန့်အကွာရှိ လယ်တဲနေရာ၌ အဆိုပါလက်ပစ်ဗုံးအား  မြေအောက်သို့ ချစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အဆိုပါ လက်ပစ်ဗုံး ပေါက်ကွဲမှုကြောင့် ယာအု မှာ သေဆုံးသွားခဲ့ကြောင်းနှင့် ကျလား ၌ ဦးခေါင်း၊ ခန္ဓာကိုယ်၊ ခြေထောက်တို့၌ လက်ပစ်ဗုံးစ ထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။   

အဆိုပါဒဏ်ရာရရှိသူအား ကျိုင်းတုံမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ ပို့ဆောင်  ဆေးကုသမှုခံယူစေ လျက်ရှိကြောင်း သတင်းရရှိသည်။

Read 40 times Last modified on Monday, 25 May 2020 21:12