SJ WorldNews - шаблон joomla Авто

သောက်သုံးရေ ရှားပါးလျက်ရှိသော နေရာများသို့ တပ်မတော်သားများက သောက်သုံးရေများ ဖြန့်ဝေ လှူဒါန်း

Monday, 25 May 2020 21:15 font size decrease font size decrease font size increase font size increase font size

သောက်သုံးရေ ရှားပါးလျက်ရှိသော နေရာများသို့ တပ်မတော်သားများက သောက်သုံးရေများ ဖြန့်ဝေ လှူဒါန်း

နေပြည်တော်၊ မေ - ၂၅   

သောက်သုံးရေရှားပါးလျက်ရှိပြီး COVID-19  ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ် နိုင်ရေးအတွက် သွားလာမှုကန့်သတ်ချက်များကြောင့် သောက်သုံးရေအခက်အခဲဖြစ်ပေါ် လျက်ရှိသော ပြည်နယ်နှင့် တိုင်းဒေသကြီးများအတွင်းရှိ ကျေးရွာများသို့ နယ်မြေခံတပ်မတော် သားများက သောက်သုံးရေများ သွားရောက်လှူဒါန်းလျက်ရှိသည်။   

ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင်  နေပြည်တော်တိုင်းစစ်ဌာနချုပ်အနေဖြင့် နေပြည်တော်ကောင်စီ နယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ဝန်ပြန်ကျေးရွာသို့ သောက်သုံးရေ ဂါလန် ၁၂၀၀ နှင့် ပုဗ္ဗသီရိမြို့နယ်၊ သပြေစမ်းကျေးရွာသို့ သောက်သုံးရေ ဂါလန် ၁၂၀၀ ကို လည်းကောင်း၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် အနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ သဖန်းကျေးရွာ သစ္စာပြုတောင်ဘုန်းတော်ကြီး ကျောင်းသို့ သောက်ရေသန့် ၂၀ လီတာဆံ့ ၄၀ ဘူး၊ မောက်လောက်ကျေးရွာသို့ သောက်ရေသန့် ၂၀ လီတာဆံ့ ၂၀၀ ဘူးနှင့် မကွေးမြို့နယ်၊ စန်းကန်ကျေးရွာသို့ သောက်သုံးရေ ၆၂၅ ဂါလန်ကို လည်းကောင်း အသီးသီး သွားရောက်ဖြန့်ေ၀ လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

Read 53 times Last modified on Monday, 25 May 2020 21:17