SJ WorldNews - шаблон joomla Авто

မူဆယ်မြို့နယ်၊ မန်ဝိန်းဂိတ်အနီး၌ ဒီတိုနေတာများ တင်ဆောင်ထားသော မော်တော်ယာဉ် ၁ စီးအား သိမ်းဆည်းရမိ

Monday, 25 May 2020 21:18 font size decrease font size decrease font size increase font size increase font size

မူဆယ်မြို့နယ်၊ မန်ဝိန်းဂိတ်အနီး၌ ဒီတိုနေတာများ တင်ဆောင်ထားသော မော်တော်ယာဉ် ၁ စီးအား သိမ်းဆည်းရမိ

နေပြည်တော် ၊  မေ - ၂၅   

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များပါဝင် သော ပူးပေါင်းအဖွဲ့သည်ယနေ့ နေ့လယ် ၁ နာရီ ၄၀ မိနစ်ခန့်တွင် မန်ဝိန်းဂိတ် အနီးနေရာ၌ မသင်္ကာဖွယ်ရာ မော်တော်ယာဉ် ၁ စီး ရပ်တန့်ထားကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ ယာဉ်မောင်းအား မတွေ့ရှိဘဲ ISUZU အမျိုးအစား (၆)ဘီးယာဉ်  ၁ စီးကို တွေ့ရှိရပြီး ယာဉ်ပေါ်မှ Shock Tube ဒီတိုနေတာများ ထည့်ထားသော စက္ကူ ဂျက်ဖာ  ၃၁၈ ဖာ(စုစုပေါင်း ဒီတိုနေတာ ၉၅၄၀၀ ချောင်း)ကို သိမ်းဆည်းရမိခဲ့သည်။   

အဆိုပါ သိမ်းဆည်းရမိမော်တော်ယာဉ်နှင့် ဒီတိုနေတာများကို မူဆယ်မြို့မ ရဲစခန်းသို့ စနစ်တကျလွှဲ ပြောင်းအပ်နှံပြီးဖြစ်ကြောင်း သတင်းရရှိသည်။

Read 54 times Last modified on Monday, 25 May 2020 21:21