SJ WorldNews - шаблон joomla Авто

COVID-19 ရောဂါနှင့်ပတ်သက်၍ Antibody စစ်ဆေးရာတွင် အသုံးပြုရန် အတွက် Bioscience Axceed 260 Immunoassay စက် ၂ လုံးနှင့် Reagents များပေးအပ်လှူဒါန်း

Monday, 25 May 2020 21:21 font size decrease font size decrease font size increase font size increase font size

COVID-19 ရောဂါနှင့်ပတ်သက်၍ Antibody စစ်ဆေးရာတွင် အသုံးပြုရန် အတွက် Bioscience Axceed 260 Immunoassay စက် ၂ လုံးနှင့် Reagents များပေးအပ်လှူဒါန်း

နေပြည်တော်၊ မေ - ၂၅   

COVID-19ရောဂါနှင့်ပတ်သက်၍ Antibody စစ်ဆေးရာတွင် အသုံးပြုရန် အတွက် ငွေကျပ်သိန်း ၃၀၀၀ ကျော်တန်ဖိုးရှိ Bioscience Axceed 260 Immunoassay စက် ၂ လုံးနှင့် လူဦးရေ ၁၀၀၀၀ စာအတွက် Reagents များကို ထူးကုမ္ပဏီများအုပ်စုက ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ဆေးဝန်ထမ်းညွှန်ကြား ရေးမှူးရုံးသို့ ပေးအပ်လှူဒါန်းခြင်းကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)၌ ပြုလုပ်သည်။   

ဦးစွာ တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀) တပ်မှူး ဗိုလ်မှူးချုပ် မြင့်ဇော်က နှုတ်ခွန်းဆက်စကား ပြောကြားပြီး ထူးကုမ္ပဏီများအုပ်စုမှ တာဝန်ရှိသူတစ်ဦးက လှူဒါန်းရခြင်း နှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။ ထို့နောက် အလှူရှင်များက လှူဒါန်းပစ္စည်းများ ပေးအပ်ရာ ဗိုလ်မှူးချုပ် မြင့်ဇော်က လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ပြီး ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

Read 58 times Last modified on Monday, 25 May 2020 21:24