SJ WorldNews - шаблон joomla Авто

COVID-19 ရောဂါဖြစ်ပွားမှုကာလအတွင်း အချိန်ကို အကျိုးရှိစေရေးအတွက် ၁၀ ယောက်စု နှုန်း စာဖတ် ဝိုင်းများဖြင့် ကျောင်းသင်ခန်းစာများ ပြန်လည်ဖတ်ရှုလေ့လာစေခြင်း၊ ယဉ်ကျေးလိမ္မာ၊ အင်္ဂလိပ်စာနှင့် ကွန်ပျူတာသင်ခန်းစာ သင်ကြားပေးခြင်းများ ဆောင်ရွက်

Monday, 25 May 2020 21:26 font size decrease font size decrease font size increase font size increase font size

COVID-19 ရောဂါဖြစ်ပွားမှုကာလအတွင်း အချိန်ကို အကျိုးရှိစေရေးအတွက် ၁၀ ယောက်စု နှုန်း စာဖတ် ဝိုင်းများဖြင့် ကျောင်းသင်ခန်းစာများ ပြန်လည်ဖတ်ရှုလေ့လာစေခြင်း၊ ယဉ်ကျေးလိမ္မာ၊ အင်္ဂလိပ်စာနှင့် ကွန်ပျူတာသင်ခန်းစာ သင်ကြားပေးခြင်းများ ဆောင်ရွက်

နေပြည်တော် ၊  မေ - ၂၅

COVID-19  ရောဂါကြောင့် သွားလာမှုကန့်သတ်ချက်များရှိနေချိန် နွေရာသီ ကျောင်းပိတ်ရက်များတွင် ကျောင်းများပြန်လည်ဖွင့်လှစ်ခြင်း မပြုနိုင်မီ တပ်တွင်းရှိ မှီခို ကျောင်းသား၊ ကျောင်းသူများ အချိန်ကို အလဟသမဖြစ်စေဘဲ အကျိုးရှိစေရေးအတွက် ယခင်နှစ်သင်ကြားခဲ့သည့် အတန်းလိုက် သင်ခန်းစာများ ကို ပြန်လည်ဖတ်ရှုလေ့လာကြရန်  ၁၀ ယောက်စုနှုန်းဖြင့် စာဖတ်ဝိုင်းများ စီစဉ်ပေးခြင်း၊ လောကနီတိ အခြေခံဖြစ်သော ၃၈ ဖြာ မင်္ဂလာကဲ့သို့ ယဉ်ကျေးလိမ္မာသင်ခန်းစာများ သင်ကြားပေးခြင်းတို့ကို စီစဉ်ပေးရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က COVID-19 ရောဂါကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေးနှင့် အခြားလိုအပ်ချက်များ ဆောင်ရွက်ပေး နိုင်ရေး ညှိနှိုင်းအစည်းအဝေးတွင် လမ်းညွှန်မှာကြားခဲ့သည်။   

ထိုသို့လမ်းညွှန်မှာကြားချက်များနှင့်အညီ နေပြည်တော်တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်နယ် အသီးသီးမှ ကျောင်းသား၊ ကျောင်းသူ ၃၀၆၉ ဦးကို ယဉ်ကျေးလိမ္မာနှင့် အတန်းလိုက်သင်ခန်းစာများ  ပြန်လည်ဖတ်ရှုလေ့လာခြင်းများကို  မေ ၂၃ ရက်မှစ၍ ဇွန် ၅ ရက်အထိ လည်းကောင်း၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်နယ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူ ၆၀၇၁ ဦးတို့ကို ယဉ်ကျေး လိမ္မာ၊ အခြေခံအင်္ဂလိပ်စာနှင့် ကွန်ပျူတာအခြေခံသင်ခန်းစာများ၊ ယခင်နှစ်သင်ကြားခဲ့သည့် အတန်းလိုက်သင်ခန်းစာများ ပြန်လည်ဖတ်ရှုလေ့လာခြင်းများကို မေ ၂၅ ရက်မှစ၍ ကျောင်းများ မဖွင့်လှစ်မီအချိန်အထိ လည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ကျောင်းသား၊ ကျောင်းသူများအား ယဉ်ကျေးလိမ္မာသင်ခန်းစာများကို မေ ၂၅ ရက်မှစ၍ ဇွန် ၆ ရက်အထိ လည်းကောင်း သင်ကြားပေး လျက်ရှိပြီး ကျန်တိုင်းစစ်ဌာနချုပ်များတွင်လည်း အလားတူ စီစဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။   

ယင်းသို့သင်ကြားပို့ချပေးရာတွင် ကျောင်းသား၊ ကျောင်းသူ ၁၀ ဦးနှုန်းလျှင် ၁ စုနှုန်းဖြင့် စုဖွဲ့၍ တပ်တွင်းရှိ အရာရှိ၊ စစ်သည်၊ ဇနီးများဖြင့်လည်းကောင်း၊ မဟာဘွဲ့ရ အရာရှိများဖြင့် လည်းကောင်း၊ သံဃာတော်များ၊ ဆရာ၊ ဆရာမများက ဥညူငညန စနစ်ဖြင့်  လည်းကောင်း သင်ကြားပို့ချပေးလျက်ရှိ ကြောင်းနှင့် သင်ကြားပို့ချပေးနေမှုများကို တိုင်းမှူးများနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

Read 57 times Last modified on Monday, 25 May 2020 21:29