SJ WorldNews - шаблон joomla Авто

COVID-19 ရောဂါကူးစက်ပြန့်ပွားမှုကာကွယ်တားဆီးရေးနှင့် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် မြန်မာနိုင်ငံကိုးကန့်လူမှုဖွံ့ဖြိုးရေးအသင်းက အလှူငွေနှင့် ကာကွယ်ရေးပစ္စည်း များ ပေးအပ်လှူဒါန်း

Monday, 25 May 2020 21:31 font size decrease font size decrease font size increase font size increase font size

COVID-19 ရောဂါကူးစက်ပြန့်ပွားမှုကာကွယ်တားဆီးရေးနှင့် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် မြန်မာနိုင်ငံကိုးကန့်လူမှုဖွံ့ဖြိုးရေးအသင်းက အလှူငွေနှင့် ကာကွယ်ရေးပစ္စည်း များ ပေးအပ်လှူဒါန်း

နေပြည်တော်၊ မေ- ၂၅   

တပ်မတော်က ဆောင်ရွက်လျက်ရှိသော COVID-19  ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်တားဆီးရေးနှင့် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် မြန်မာ နိုင်ငံကိုးကန့်လူမှုဖွံ့ဖြိုးရေးအသင်း က အလှူငွေနှင့်ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့ ညနေပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် သက်ပုံနှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကိုးကန့်လူမှုဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဒေါ်ချောချောအေးနှင့်အဖွဲ့ဝင်များ တက်ရောက် ကြသည်။   

ဦးစွာ မြန်မာနိုင်ငံကိုးကန့်လူမှုဖွံ့ဖြိုးရေးအသင်းမှ အဖွဲ့ဝင် တစ်ဦးက လှူဒါန်းရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး COVID-19  ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ် တားဆီးရေးနှင့် ထိန်းချုပ်ကုသ ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အလှူငွေ ကျပ်သိန်း ၂၀၀ နှင့် Surgical  Mask ၅၀၀၀၀ ခုတို့အား ပေးအပ်လှူဒါန်းရာ တိုင်းမှူးက လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ ကြောင်း သတင်းရရှိသည်။

Read 120 times Last modified on Monday, 25 May 2020 21:32