SJ WorldNews - шаблон joomla Авто

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများအတွက် ဆေးရုံသုံးပစ္စည်းများ ဆက်လက် လှူဒါန်း

Thursday, 28 May 2020 21:39 font size decrease font size decrease font size increase font size increase font size

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများအတွက် ဆေးရုံသုံးပစ္စည်းများ ဆက်လက် လှူဒါန်း

နေပြည်တော်၊ မေ - ၂၈

တပ်မတော်အနေဖြင့် COVID-19 ရောဂါကူးစက်ပြန့်ပွားမှုကာကွယ် တားဆီးရေးနှင့် ထိန်းချုပ်ရေး လုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် မြို့နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများ၊ ကျန်းမာရေးဌာနခွဲများ၌ ကာကွယ်ကုသရေးများတွင် အဆင်ပြေချောမွေ့စေရေး အတွက် ဆေးရုံသုံးပစ္စည်းများကို ပေးပို့လှူဒါန်းလျက်ရှိသည်။   

ယနေ့တွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်အနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်၊ ဘို့မကျေးရွာ၊ သစ်လေးလုံးကျေးရွာ၊ ဂမုန်းတောင်ကျေးရွာ၊ လယ်ဝေးမြို့နယ်၊ ကြောင်ရေကျေးရွာ၊ အောင်စည်လာကျေးရွာနှင့် ခရမ်းကိုင်းကျေးရွာများရှိ ကျေးလက်ကျန်းမာရေး ဌာနခွဲများ၌ လည်းကောင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့၊ ကျောက်မဲမြို့နှင့်နောင်ချိုမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ နမ့်ဖတ်ကာ တိုက်နယ်ဆေးရုံ၊ ဆောင်ကြဲနှင့် ပုံလျှန်းတို့ရှိ ကျေးလက်ကျန်းမာရေးဌာနများ၌လည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ ခေါင်တိုင်၊ မင်းချောင်းနှင့် ဟဲယာရွာမကျေးလက် ကျန်းမာရေးဌာနများနှင့် ဟဲယာရွာမကျေးရွာတိုက်နယ် ဆေးရုံ၊ ရပ်စောက်မြို့နယ်၊ ပင်ဖြစ်၊ မယ်စဲ့မြို့နယ်၊ ပန်တိန်းတို့ရှိ တိုက်နယ်ဆေးရုံများ၊ ကောင်းဘို့၊ ဒေါရောက်ခူ၊ ကြယ်ဖိုးကြီးနှင့် မယ်စဲ့နမ်တို့ရှိကျေးလက်ကျန်းမာရေးဌာနများ၌လည်းကောင်း၊  အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့ရှိပြည်သူ့ ဆေးရုံနှင့် လင်းခေးခရိုင်၊ ဟိုမိန်းကျေးလက်ကျန်းမာရေးဌာန၌လည်းကောင်း၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ် အနေဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ကတ်ထိုက်၊ ကတ်ဝုန်း၊ လွယ်ဆောင်၊ ဖန်ဖု၊ မိုင်းနင်း၊ မိုင်းလုံ၊ မိုင်းဖြတ်မြို့နယ်၊ ဆွမ်ပလောင်၊ မိုင်းခတ်မြို့နယ်၊ မိုင်းဟန်၊ ဖာလန်ကော်တို့ရှိ ကျေးလက်ကျန်းမာရေးဌာနခွဲများ၊ မိုင်းငန်းကျေးရွာအုပ်စု၊ မိုင်းကိုင်နှင့် မိုင်းဆတ်မြို့နယ်၊ မိုင်းခုတ်တိုက်နယ်ဆေးရုံတို့၌လည်းကောင်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် အနေဖြင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌ လည်းကောင်း၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်အနေဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့၊ ကလိန်အောင်မြို့တို့ရှိ ပြည်သူ့ဆေးရုံများနှင့် ကလိန်အောင်၊ ဖောင်းတောတို့ရှိ ကျေးလက်ကျန်းမာရေးဌာနများ၌ လည်းကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့ရှိ ပြည်သူ့ဆေးရုံ နှင့် ကွမ်းခြံကုန်းမြို့နယ်ရှိ လက်ခုပ်ကုန်းတိုက်နယ်ဆေးရုံတို့၌ လည်းကောင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်အနေဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့ရှိ ပြည်သူ့ဆေးရုံ၊ ဇလွန်မြို့နယ်၊ ကော့ကပ်၊ ကျုံရှနှင့် ဟင်္သာတမြို့နယ်၊ ရှားခဲတို့ရှိ တိုက်နယ်ဆေးရုံများ၌လည်းကောင်း၊ အနောက် မြောက်တိုင်းစစ်ဌာနချုပ်အနေဖြင့် စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့ရှိ အမျိုးသမီးသားဖွားမီးယပ်နှင့် ကလေးဆေးရုံကြီး၊  ကလေးမြို့၊ ဖောင်းပြင်မြို့ နှင့် ချင်းပြည်နယ်၊ မတူပီမြို့တို့ရှိ ပြည်သူ့ဆေးရုံများနှင့် ဟုမ္မလင်းမြို့နယ်၊ ထမံသီကျေးရွာ တိုက်နယ်ပြည်သူ့ဆေးရုံတို့၌လည်းကောင်း၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်အနေဖြင့် ပဲခူးတိုင်း ဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ဗောဓိကုန်းကျေးရွာ၊ ဖြူးမြို့နယ်၊ ဇေယျဝတီမြို့၊ ပြည်မြို့နယ်၊ ပေါက်ခေါင်းမြို့၊ တောင်လယ်ကျေးရွာ၊ ညောင်ကုန်းကျေးရွာ၊ ငါးခူအိုင်ကျေးရွာ၊ အလယ်ရွာ ကျေးရွာ၊ အင်းမမြို့၊ ပေါင်းတည်မြို့၊ မင်းလှ မြို့၊ သဲကုန်းမြို့နှင့် မိုးညိုမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများ၊ မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေး ဌာနများနှင့် ကျေးလက်ကျန်းမာရေးဌာနများ၌လည်းကောင်း တပ်မတော်က လှူဒါန်းသော ခွဲစိတ်ခန်း သုံးနှာခေါင်းစည်း Surgical  Mask များ၊ N95 Mask  များ၊ Personal Protective Equipment (PPE) ဝတ်စုံများ၊  ခွဲစိတ်ခန်းသုံးလက်အိတ် (Surgical Gloves)များ၊ မျက်မှန်(Goggles)များ၊ Pulse Oxymeter (Finger Tip)  များ၊ Non Touch Thermometerများ၊ Portable  X-Ray Machine စက်၊ Suction  Machine စက်များ၊ OT Cap  များ၊ Face Shield  များ၊ Hand Gel များ၊ Hand Wash  များ၊ ပိုးသတ်ဆေးပုလင်းများ၊ Portable  Sodium Machine  စက်၊ ECG Machine စက်များ၊ Sodium Hypochloride များ၊ ချွဲစုပ်စက်နှင့် ရေမလိုလက်သန့် ဆေးရည်များကို တိုင်းမှူးများနှင့် တာဝန်ရှိသူ များက ဆေးရုံအသီးသီးရှိ တာဝန်ရှိသူများထံသို့ ပေးအပ် လှူဒါန်းကြသည်။     

ထို့ပြင် တိုင်းစစ်ဌာနချုပ်များနှင့် တပ်နယ်အသီးသီးများရှိ ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျန်းမာရေးဌာနခွဲများတို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများ၊ ဆေးရုံ တက်ရောက်ကုသမှုခံယူလျက်ရှိသော ပြည်သူများနှင့်  ဒေသခံပြည်သူများအတွက် ဆေးဝါးများနှင့် ဘီစကစ်၊ ကြက်ဥ၊ နွားနို့၊ ကုလားပဲ၊ ငှက်ပျောသီး၊ ပေါင်မုန့်၊ ခေါက်ဆွဲခြောက်၊ အိုဗာတင်း၊ ရွှေဖီဦးလဖက်ရည်ထုပ်၊ နို့ဆီ၊ သကြား၊ ကော်ဖီမစ်(စ်)၊ တီးမစ်(စ်) စသည့် အာဟာရဖြည့် စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

Read 39 times