SJ WorldNews - шаблон joomla Авто

AA အကြမ်းဖက်သောင်းကျန်းသူများထောင်ထားသည့် နင်းမိုင်းနင်းမိပေါက်ကွဲ၍ မြေပုံ မြို့နယ်၊ တောင်ပြင်ကျေးရွာနေ ရွာသားတစ်ဦးသေဆုံး

Thursday, 28 May 2020 21:38 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ မေ - ၂၈
    
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ တောင်ပြင်ကျေးရွာနေ ရွာသားတစ်ဦးသည် မေ ၂၇ ရက်နံနက် ၁၁ နာရီခန့်တွင် AA အကြမ်းဖက်သောင်းကျန်းသူများထောင်ထားသည့် ဒေသန္တရ နင်းမိုင်းနင်းမိပေါက်ကွဲ၍  သေဆုံးခဲ့ကြောင်း သိရှိရသည်။
    
ဖြစ်စဉ်မှာ  မြေပုံမြို့နယ်၊ တောင်ပြင်ကျေးရွာနေ ဦးထွန်းမြစန်းနှင့် ဦးစိန်လင်းတို့ နှစ်ဦးသည် မေ ၂၇ ရက် နံနက်ပိုင်းတွင် မျောခုတ်ရန်ကျေးရွာမှထွက်ခွာလာစဉ် ပိန်းချောင်း ချောင်းအနီးသို့အရောက်၌ AA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသော ဒေသန္တရနင်းမိုင်းတစ်လုံးကို ဦးထွန်းမြစန်းက နင်းမိပေါက်ကွဲ၍ မိုင်းထိမှန်ဒဏ်ရာများ ရရှိကာ သေဆုံးခဲ့ကြောင်း၊ ဦးစိန်လင်းတွင် ထိခိုက်ဒဏ်ရာမရရှိခဲ့ကြောင်း သိရှိရသည်။
    
AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ရခိုင်ပြည်နယ်အတွင်း အဖျက် အမှောင့်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့်အပြင် ဒေသခံများ၏ ကျေးရွာပတ်ဝန်း ကျင်တစ်ဝိုက်များတွင်ပါ ဒေသန္တရနင်းမိုင်းထောင်ခြင်းများ ပြုလုပ်လျက်ရှိခြင်းကြောင့် ယခုကဲ့သို့ အပြစ်မဲ့ပြည်သူများ ထိခိုက်သေကြေလျက်ရှိကြောင်း သတင်းရရှိသည်။

Read 106 times Last modified on Thursday, 28 May 2020 21:44