SJ WorldNews - шаблон joomla Авто

သောက်သုံးရေ ရှားပါးလျက်ရှိသော နေရာများသို့ တပ်မတော်သားများက သောက်သုံးရေများ ဖြန့်ဝေ လှူဒါန်း

Thursday, 28 May 2020 21:52 font size decrease font size decrease font size increase font size increase font size

သောက်သုံးရေ ရှားပါးလျက်ရှိသော နေရာများသို့ တပ်မတော်သားများက သောက်သုံးရေများ ဖြန့်ဝေ လှူဒါန်း

နေပြည်တော်၊ မေ - ၂၈   

သောက်သုံးရေရှားပါးလျက်ရှိပြီး COVID-19 ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ် နိုင်ရေးအတွက် သွားလာမှုကန့်သတ်ချက်များကြောင့် သောက်သုံးရေအခက်အခဲဖြစ်ပေါ် လျက်ရှိသော ပြည်နယ်နှင့် တိုင်းဒေသကြီးများအတွင်းရှိ ကျေးရွာများသို့ နယ်မြေခံတပ်မတော် သားများက သောက်သုံးရေများ သွားရောက်လှူဒါန်းလျက်ရှိသည်။   

ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင်  နေပြည်တော်တိုင်းစစ်ဌာနချုပ်အနေဖြင့် နေပြည်တော်ကောင်စီ နယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ဒိုးပင်ခုံကျေးရွာသို့ သောက်သုံးရေ ဂါလန် ၁၂၀၀ နှင့် ပုဗ္ဗသီရိမြို့နယ်၊ ရေအိုးစင်ကျေးရွာသို့ သောက်သုံးရေဂါလန် ၁၂၀၀ ကို လည်းကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ပုဂံတောင်ကျေးရွာသို့ သောက်သုံးရေဂါလန် ၁၂၀၀နှင့် ဓမ္မိကာရာမပျိုးဥယျာဉ်ပရိယတ္တိ ရွှေကျင်စာသင်တိုက်သို့ သောက်သုံးရေဂါလန် ၄၀၀ ကိုလည်းကောင်း၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်အနေဖြင့် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ကျောက်လှေခါး ကျေးရွာသို့ သောက်သုံးရေဂါလန် ၁၀၈၀၀ ကိုလည်းကောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ကြာအင်းကျေးရွာနှင့် ဝမ်းတွင်းမြို့နယ်၊ ကန်ကုန်း ကျေးရွာသို့ ရေသန့်ဘူးများ၊ ရေနံချောင်းမြို့နယ်၊ နှော့ကံကျေးရွာသို့ သောက်သုံးရေဂါလန် ၃၁၀၀ ဂါလန်၊ မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ အောင်သပြေကျေးရွာသို့ သောက်သုံးရေဂါလန် ၃၃၆ ဂါလန်၊ ကျွန်းတောကျေးရွာသို့ သောက်သုံးရေဂါလန် ၁၀၀နှင့် ဖက်တောကျေးရွာသို့ သောက်သုံးရေဂါလန် ၁၅၀ တို့ကိုလည်းကောင်းအသီးသီး သွားရောက်ဖြန့်ဝေလှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

Read 45 times