SJ WorldNews - шаблон joomla Авто

အိန္ဒိယနိုင်ငံမှ ပြန်လည်ရောက်ရှိလာသော သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များနှင့် လူပုဂ္ဂိုလ်များ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိ

Thursday, 28 May 2020 22:05 font size decrease font size decrease font size increase font size increase font size

အိန္ဒိယနိုင်ငံမှ ပြန်လည်ရောက်ရှိလာသော သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များနှင့် လူပုဂ္ဂိုလ်များ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိ

နေပြည်တော်၊ မေ- ၂၈   

ကမ္ဘာ့ကပ်ရောဂါ COVID-19  ရောဂါဖြစ်ပွားမှုကြောင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိရန် အခက်အခဲ ဖြစ်ပေါ်လျက်ရှိသည့် အိန္ဒိယနိုင်ငံတွင် ရောက်ရှိနေသော သံဃာတော် ၅၈ ပါး၊ သာသနာနွယ်ဝင်သီလရှင် ၈ ပါးနှင့် လူပုဂ္ဂိုလ် ၁ ဦး၊ စုစုပေါင်း ၆၇ ဦးတို့ကို သီတဂူဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော် များ၏အဓိပတိ၊ အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ မဟာဓမ္မကထိက၊ ဗဟုဇန ဟိတဓရ၊ တွဲဖက် ရွှေကျင်သာသနာပိုင်၊ သီတဂူဆရာတော်ဘုရားကြီး ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရ ၏ အစီအစဉ်ဖြင့် အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ သွားရောက်ပင့်ဆောင်လာသည့် လေယာဉ် တစ်စင်းသည် ယနေ့ညနေပိုင်းတွင် မန္တလေးမြို့၊ တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ဆိုက်ရောက်ခဲ့ရာ သီတဂူဗုဒ္ဓတက္ကသိုလ်မှ အုပ်ချုပ်ရေးမှူး ဆရာတော် ဘဒ္ဒန္တကောဝိဒ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး ဝင်းမြတ်နှင့်တာဝန်ရှိသူများ၊ မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက Express ယာဉ် ၂ စီးဖြင့် ကြိုဆိုခဲ့ကြပြီး စစ်ကိုင်းမြို့၊ သီတဂူဗုဒ္ဓတက္ကသိုလ်သို့ ပို့ဆောင်ပေးသည်။   

စစ်ကိုင်းမြို့၊ သီတဂူဗုဒ္ဓတက္ကသိုလ်သို့ ပို့ဆောင်ပေးခဲ့သော ရဟန်းရှင်လူများကို သီတဂူ ဝိပဿနာ တက္ကသိုလ်၊ သီတဂူဗုဒ္ဓတက္ကသိုလ်နှင့် ဗုဒ္ဓဆေးရုံတို့၌ Quarantine၂၁ ရက်ထားရှိ မည်ဖြစ်ပြီး လိုအပ်သောကျန်းမာရေးစစ်ဆေးဆောင်ရွက်ခြင်းများကို နယ်မြေခံဆေးတပ်ရင်းနှင့် စစ်ကိုင်းပြည်သူ့ ဆေးရုံ တို့မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သတင်းရ ရှိသည်။

Read 49 times