SJ WorldNews - шаблон joomla Авто

ကျန်းမာရေးနှင့်ညီညွတ်သော ကျောင်းမုန့်ဈေးတန်းများစီမံချက်ကို အကောင်အထည်ဖော်ဆောင်ရွက် ရာတွင် ၂ဝ၂ဝ ပြည့်နှစ်မှစတင်၍ ၂ဝ၂၃ ခုနှစ်တွင် တစ်နိုင်ငံလုံးလွှမ်းခြုံနိုင်ရေးလျာထားသတ်မှတ်

Friday, 29 May 2020 08:12 font size decrease font size decrease font size increase font size increase font size

 

နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ယနေ့တွင် ဒုတိယအကြိမ် အမျိုးသား လွှတ်တော် (၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကျင်းပသည်။

 

အစည်းအဝေးတွင် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဒေါက်တာဇော်လင်းထွဋ်၏ အခြေခံပညာ ကျောင်းများရှိ မုန့်ဈေးတန်းများတွင်ရောင်းချနေသော အန္တရာယ်ရှိသည့် အသင့်စားမုန့်များ ပပျောက် စေရန် မည်သို့စီမံကိန်းချမှတ်၍ ဆောင်ရွက်နေသည်ကို သိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ကျန်းမာရေးနှင့်ညီညွတ်သော ကျောင်းမုန့် ဈေးတန်းများ စီမံချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ၂ဝ၂ဝ ပြည့်နှစ်မှစတင်၍  ၂ဝ၂၃ ခုနှစ်တွင်  တစ်နိုင်ငံလုံးလွှမ်းခြုံနိုင်ရေး လျာထားသတ်မှတ်ထားရှိကြောင်း၊ ကျန်းမာရေးနှင့်ညီညွတ် သော ကျောင်းမုန့်ဈေးတန်းများဖန်တီးနိုင်ရေးအတွက်    သက်ဆိုင်ရာမြို့နယ် ကျောင်းကျန်းမာရေး ကော်မတီများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နှီးနွှယ်ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ မိဘ၊ ဆရာအသင်းများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ၊ ရပ်မိရပ်ဖများ၊ ကျောင်းဈေးသည်များ၊ စေတနာရှင်အသင်းအဖွဲ့၊ လူပုဂ္ဂိုလ်များပူးပေါင်း၍ ခေတ္တလှုပ်ရှားမှုမျိုးမဟုတ်ဘဲ ရေရှည်ထိန်းသိမ်း ဝိုင်းဝန်းဆောင်ရွက်သွားကြခြင်းဖြင့် အနာဂတ်တွင် ရုပ်ပိုင်းဆိုင်ရာ၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ကြီးထွား ဖွံ့ဖြိုးမှုတွင်သာမက ဉာဏ်ရည်ပြည့်ဝသော တိုင်းပြည်၏အနာဂတ်ခေါင်းဆောင်များ  ပေါ်ထွန်းလာ နိုင်မည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

 

ထို့နောက်   စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ   ဦးကိုကိုနိုင်၏ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း ရာဇဝတ်မှု - မှုခင်းများ၊  ဒုစရိုက်မှုများ၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို  အချိန်နှင့်တစ်ပြေးညီ ထိထိရောက်ရောက် ကာကွယ်တားဆီးမှုများ ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ် အသီးသီးရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့များ အသုံးပြုနိုင်ရန် အရည်အသွေးကောင်းမွန်သော  4 WD - Double Cab  မော်တော်ယာဉ်အသစ်များကို လိုအပ်လျက်ရှိသော မြို့နယ်များသို့ ဖြည့်ဆည်းထောက်ပံ့ပေးရန် အစီအစဉ်ရှိ၊ မရှိမေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်က မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရန် အတွက်  မြို့နယ်ရဲတပ်ဖွဲ့ ၃၃ဝ သို့ Double Cab  ယာဉ် ၂၃၆ စီး၊ Single Cab  ယာဉ် ၇၅ စီးနှင့် Extra Cab  ယာဉ် ၁၉ စီး စုစုပေါင်းယာဉ် ၃၃ဝ စီးကို ထုတ်ပေးထားရှိပြီးဖြစ်ကြောင်း၊ မော်တော်ယာဉ်များ ကြံ့ခိုင်မှုကောင်းမွန်စေရန် ပြင်ဆင်ခြင်းအတွက် သာမန်ပြင်ဆင်စရိတ် အသုံးပြုမှုအနေဖြင့် Double Cab/ Single Cab/ Extra Cab  ယာဉ်အတွက် တစ်နှစ်လျှင်    ငွေကျပ် ၆ဝဝဝဝဝ အား သတ်မှတ် ခွင့်ပြု ပြီး အဆိုပါသာမန်ပြင်ဆင်စရိတ် ခွင့်ပြုသတ်မှတ်နှုန်းအပြင်  လိုအပ်သောအစိတ်အပိုင်းများကို     ထပ်မံ ၍ အကြီးစားပြင်ဆင်လိုပါက ကုန်ကျစရိတ်ရရှိရေးအတွက် ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့်  စစ်ဆေးရေး ဦးစီးဌာနသို့   လုပ်ထုံးလုပ်နည်းနှင့်အညီ  တင်ပြတောင်းခံနိုင်ကြောင်း။

 

စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့ကွပ်ကဲမှုအောက်ရှိ မြို့နယ်ရဲတပ်ဖွဲ့  ၃၇ ဖွဲ့အနက် မြို့နယ်ရဲတပ်ဖွဲ့  ၁၅ ဖွဲ့သို့ Double Cab ယာဉ် ၁၅ စီးနှင့် ကျန်မြို့နယ်ရဲတပ်ဖွဲ့  ၂၂ ဖွဲ့သို့ Single Cab ယာဉ် ၂၂ စီးတို့ ထုတ်ပေးထားရှိပြီးဖြစ်ကြောင်း၊ ကလေးခရိုင်အတွင်းရှိ    မြို့နယ်များဖြစ်သော ကလေးမြို့နယ်၌ Double Cab  ယာဉ် တစ်စီး၊ ကလေးဝမြို့နယ်၌ Single Cabယာဉ်တစ်စီးနှင့် မင်းကင်းမြို့နယ်၌ Single Cabယာဉ်တစ်စီးတို့ကို ထုတ်ပေးထားပြီး လက်ရှိအသုံးပြုလျက်ရှိကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွက် အရည်အသွေးကောင်းမွန်သော 4WD-Double Cab  မော်တော်ယာဉ် အသစ်များအပါအဝင် လုပ်ငန်းသုံး ယာဉ်များ ဖြည့်တင်းဝယ်ယူနိုင်ရန် ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ်တွင် မော်တော်ယာဉ် ၇၃ စီးအား ဝယ်ယူရန် လျာထားတောင်းခံမှုအပေါ် နိုင်ငံတော် ဘဏ္ဍာငွေအခြေအနေအရ စိစစ်ခဲ့ပြီး ခွင့်ပြုပေးနိုင်ခြင်း မရှိသေး သဖြင့် ဝယ်ယူနိုင်ခဲ့ခြင်းမရှိသေးကြောင်း၊ သို့ဖြစ်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ နောင်လာမည့် ဘဏ္ဍာရေး နှစ်များတွင် မော်တော်ယာဉ်အသစ်များ ဝယ်ယူပြီးပါက   လုပ်ငန်းလိုအပ်လျက်ရှိသော မြို့နယ်များသို့ ဦးစားပေးလဲလှယ်ထုတ်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။         

 

Read 50 times Last modified on Friday, 29 May 2020 08:24