SJ WorldNews - шаблон joomla Авто

မြန်မာ့စားနပ်ရိက္ခာနှင့ ်စိုက်ပျိုးမွေးမြူရေးစနစ် ဖွံ့ဖြိုးရေးစီမံကိန်းအတွက် ကမ္ဘာ့ဘဏ်၊ IDA ထံမှ အမေရိကန်ဒေါ်လာသန်း ၂ဝဝ ချေးငွေရယူရေးနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များဆွေးနွေး

Friday, 29 May 2020 10:09 font size decrease font size decrease font size increase font size increase font size

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်(၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်း အဝေးခန်း၌ ကျင်းပ သည်။အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှပေးပို့ထားသော COVID-19  ရောဂါကြောင့် လူမှု စီးပွားရေးထိခိုက်မှုများကိုကုစားနိုင်ရေးနှင့် မြန်မာနိုင်ငံ၏ စီးပွားရေးမူဝါဒ ပြုပြင်ပြောင်းလဲမှု တိုးတက်ရေးအတွက် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင် ရွက်ရေး အေဂျင်စီ (JICA)ထံမှ ဂျပန်ယန်း၃ဝ ဘီလီယံ ချေးငွေရယူရေးနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စား လှယ်များ၏ ဆွေးနွေး ချက်များအပေါ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြန်လည်ရှင်းလင်းဆွေးနွေးပြီးလွှတ်တော်၏ အဆုံးအဖြတ်ရယူသည်။ ဆက်လက်၍ နိုင်ငံတော် သမ္မတထံမှ ပေးပို့ထားသော ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စု အစိုးရအပ်ငွေစာရင်း၏ လိုငွေဖြည့်ဆည်းရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ချေးငွေ ကျပ် ၁၃၁၁ ဒသမ ဝ၆၄ ဘီလီယံ အတွင်းရယူရေးနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန    ဒုတိယဝန်ကြီး ဦးမောင် မောင် ဝင်းနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်တို့က ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး လွှတ်တော်၏အဆုံးအဖြတ်ရယူသည်။

 

ထို့နောက် နိုင်ငံတော်သမ္မတထံမှပေးပို့ထားသော အဋ္ဌမအကျော့ အာဆီယံငွေရေး ကြေးရေးဝန်ဆောင်မှု လုပ်ငန်းများဖြေလျှော့ပေးရေးသဘော တူညီချက်အသက်ဝင်ရေးအတည်ပြုစာချွန်လွှာတွင်  မြန်မာနိုင်ငံ မှ ပါဝင်လက်မှတ်ရေး ထိုးနိုင်ရေးနှင့်စပ်လျဉ်း၍ လွှတ်တော်၏အဆုံးအဖြတ်ရယူသည်။ ယင်းနောက် နိုင်ငံတော်သမ္မတ ထံပေးပို့ထားသော မြန်မာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေးစနစ်ဖွံ့ဖြိုးရေး စီမံကိန်းအတွက် ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအဖွဲ့(IDA)ထံမှ အမေရိကန်ဒေါ်လာသန်း ၂ဝဝ ချေးငွေရယူရေးနှင့်စပ်လျဉ်း၍ အမည်စာရင်းတင်သွင်းထားကြသော လွှတ်တော်ကိုယ်စားလှယ် များ ကဆွေးနွေးကြရာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူး သောင်းထိုက်စိုးက မိမိ အနေဖြင့် ဆွေးနွေးမှုကို အပိုင်းသုံးပိုင်းနှင့် ဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ ပထမအပိုင်းသည် ချေးယူမှုအပိုင်းဖြစ်ကြောင်း၊ ယခုချေးယူမည့် အမေ ရိကန်ဒေါ်လာသန်း ၂ဝဝ မှာ မူလစီမံကိန်း အတွက် အမေရိကန်ဒေါ်လာ ၈၅ သန်းနှင့် CERP  အတွက်  အမေရိကန်ဒေါ်လာ ၁၁၅ သန်းဖြစ်ကြောင်း၊ ယင်းချေးငွေနှစ်ခုအနက် မူလရင်းနှီးမြှုပ်နှံငွေ အမေရိကန်ဒေါ်လာ ၈၅ သန်းအတွက် ဖြစ်မြောက်နိုင် စွမ်းကို ၂ဝ၁၉ ခုနှစ် ဇူလိုင်လမှ ဒီဇင်ဘာလအထိ ဆောင်ရွက်ခဲ့သည်ဟုဆိုကြောင်း၊ ၎င်းသည် မူလစီမံကိန်းအတိုင်းဖြစ်သည့်အတွက် သတ်မှတ်ချက်နှင့် အညီ ချေးယူခြင်းဟုဆိုနိုင်ကြောင်း၊ သို့သော် ကျန်ရှိသည့် အမေရိကန် ဒေါ်လာ ၁၁၅ သန်းကို CERP အတွက်ချေးယူသည်ဟုသိရကြောင်း၊ ထိုချေးငွေဒေါ်လာ ၁၁၅ သန်းအတွက် ဖြစ်မြောက်နိုင်စွမ်းကို ၂ဝ၂ဝ ပြည့်နှစ် မတ်လနှင့်မေလအတွင်း ဆောင်ရွက်ခဲ့သည်ဟုဆိုကြောင်း၊သို့သော် CERP  အစီအစဉ်ကို ၂ဝ၂ဝ ပြည့်နှစ် ဧပြီ ၂၇ ရက်ကမှ ထုတ်ပြန်ခဲ့ခြင်းဖြစ် ကြောင်း၊ ထို့ကြောင့် CERP  မထုတ်ပြန် သေးမီကပဲ ဖြစ်မြောက်နိုင်စွမ်းဆောင်ရွက် ခဲ့သည်မှာ အချိန်ကာလကိုက်ညီမှုမရှိသည် ကို တွေ့ရကြောင်း၊ ထို့ကြောင့် ချေးငွေရယူရန်အတွက် စီမံကိန်းရေးဆွဲခြင်းလား သို့မဟုတ် စီမံကိန်းလိုအပ်ချက်အရ ချေးငွေရယူခြင်းလားဆိုသည်ကို မေးခွန်းထုတ်လိုကြောင်း။

 

ဒုတိယအပိုင်းအနေဖြင့် လွှတ်တော်၏ အခန်းကဏ္ဍဖြစ်ကြောင်း၊ လွှတ်တော်၏ တာဝန်သုံးရပ်ဖြစ် သည့်   ဥပဒေပြုရေး၊ ကိုယ်စားပြုရေးနှင့် အပြန်အလှန်ထိန်းကျောင်းမှုအရ လွှတ်တော်အနေဖြင့်  အစိုးရ၏ မူဝါဒများ၊ ဘဏ္ဍာငွေသုံးစွဲမှုနှင့် ထိရောက်မှု၊ စီမံကိန်းအကောင်အထည်ဖော်မှုများကိုလည်း ပြန်လည် စိစစ်ထိန်းကျောင်းနိုင်ရန်လိုအပ်ကြောင်း၊  COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များကို ကုစားနိုင်ရန်အတွက် နိုင်ငံတော်ဘတ်ဂျက်မှရယူသုံးစွဲခြင်း၊ နိုင်ငံတကာမှ အကူအညီ ပေးသည့်ငွေများ၊ ပြည်တွင်းလှူဒါန်းငွေများနှင့် နိုင်ငံတကာက ချေးငွေများရယူသုံးစွဲ နေသည်ကိုတွေ့ရကြောင်း၊ ယခုကာလတွင် နိုင်ငံတကာချေးငွေများရယူရန် လွှတ်တော်ကိုတင် ပြလာသည်မှာ စုစုပေါင်းအမေရိကန် ဒေါ်လာ ၁ဝ၁ဝ သန်း၊ ဂျပန်ယန်း ၃ဝ ဘီလီယံ ရှိနေပြီဖြစ်ကြောင်း၊ နိုင်ငံတကာက ကူညီထားသည့်ငွေများနှင့်ပတ်သက်ပြီး မည်မျှရရှိ၍ မည်သို့သုံးစွဲနေလဲဆိုသည်ကို လွှတ်တော်က မသိရှိရကြောင်း၊ အစိုးရအနေဖြင့်လည်း လာရောက်မရှင်းလင်းသလို လွှတ်တော်အနေဖြင့်လည်း စိစစ်နိုင်ခြင်း မရှိသည်ကိုတွေ့ရကြောင်း။ တတိယအချက် အနေဖြင့် ယခုဖြစ်ပွားနေသည့် COVID-19 နှင့်ပတ်သက်၍ ဖြစ်ပေါ်လာနိုင်သည့်အကျိုးဆက်များကို ကုလသမဂ္ဂအပါအဝင် သက်ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းများက အစီရင်ခံစာများထုတ်ပြန် ထားပြီးဖြစ်ကြောင်း၊ ကပ်ရောဂါနှင့်အတူ ကမ္ဘာတစ်ဝန်းတွင်ရှိသည့် ဆင်းရဲချမ်းသာ မရွေး နိုင်ငံ အများ စုသည် လူသားဖွံ့ဖြိုးမှု၏ အခြေခံကျသော   နယ်ပယ်များတွင် ထိခိုက်ကျဆင်းလာသော ကြောင့် ယခုနှစ်အတွင်း ကမ္ဘာပေါ်ရှိ လူတစ်ဦးချင်းစီ၏ ပျမ်းမျှဝင်ငွေသည် ၄ ရာခိုင်နှုန်း ကျဆင်း သွားမည်ဟု ခန့်မှန်းထားသည်ကိုတွေ့ရကြောင်း၊ ထိုကပ်ဘေး ၏ စုပေါင်းအကျိုး သက်ရောက်မှုများကြောင့် အကြီးမားဆုံးသော လူသားဖွံ့ဖြိုးမှုကျဆင်းခြင်းစံချိန်တင် လာသည်ဟုလည်းဆိုနိုင်ကြောင်း၊ လူမှုစီးပွားဆိုင်ရာ အကျိုးသက်ရောက်မှုများကို ချမ်းသာသည့် နိုင်ငံများထက် ထိထိ ရောက် ရောက် ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းအားနည်းသည့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် လူသား ဖွံ့ဖြိုးမှုကျဆင်းခြင်းများ ပိုမိုကြီးမားလိမ့်မည်ဟုလည်း ကုလသမဂ္ဂကခန့်မှန်းထားကြောင်း၊ ထိုအကျိုး သက်ရောက်မှုများကြောင့် ယခင်ပုံမှန်အခြေအနေဆီ ပြန်လည်ရောက်ရှိသွားရန်ထက် အစိုးရများ အနေဖြင့် စီးပွားရေးကဏ္ဍသစ် ဖွင့်လှစ်ပြီး အလုပ်အကိုင်များ ပိုမိုဖန်တီး ပေးနိုင်ရန်၊ ဆောင်ရွက် နိုင်ရန် တိုက်တွန်းထားကြောင်း။ မြန်မာနိုင်ငံအနေဖြင့်လည်း COVID-19 ကြောင့် ဖြစ်လာ သည့်အကျိုးဆက်များကို တုံ့ပြန်ရန် CERP  ကို ထုတ်ပြန်ထားသော်လည်း မည်သည့်ကဏ္ဍ တွင် မည်မျှလောက် ထိခိုက်နိုင်သည်ဆိုသည့် ဖြစ်လာနိုင်သောအကျိုးဆက်များအပေါ်ခန့်မှန်းသုံးသပ် ချက်များ၊ တိကျသည့်စီမံချက်များ၊ ငွေကြေးလျာထားချက်များ၊ စီမံခန့်ခွဲမှုများကို ယေဘုယျ သဘောသာတွေ့ရှိရကြောင်း၊ ၎င်းတို့ကိုမသိရှိ၊ မစစ်ဆေး၊ မသုံးသပ်နိုင်ဘဲနှင့် ချေးငွေများကို ယူနေမှုသည် လုပ်ငန်းစဉ်များလွဲချော်နေသည်ဟု ထောက်ပြလိုကြောင်း၊ ထိုချေးငွေများ၏ထိ ရောက်နိုင်မှု နှင့် အကျိုးရရှိမှုများကို မည်သူမှမသိနိုင်ကြောင်း၊ သို့သော်လည်း ထိုချေးငွေ များကို အချိန်တန်၍ ပြန်ဆပ်ကြရမည်ဆိုပါက ပြည်သူ့ဘဏ္ဍာငွေများနှင့် ပြန်ဆပ်ရမည်ဖြစ်၍ ပြည်သူများ ပဲခံစားကြရမည်ဖြစ်ကြောင်း၊ ချေးငွေရယူဆောင်ရွက်သည့်စီမံကိန်းများထိရောက်တိုးတက် အောင် မြင်ရေး စနစ်တကျဆောင်ရွက်ရန်လိုအပ်သည်ကို အကြံပြု ဆွေးနွေးလိုကြောင်း၊  မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အလျောက်  စိုက်ပျိုးရေးကဏ္ဍအရင်း အမြစ်များဖွံ့ဖြိုးတိုး တက်ရန်လိုအပ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂ဝဝ၈ ခုနှစ်) ပုဒ်မ ၂၃ ပုဒ်မခွဲ(ခ)တွင်လည်း ''နိုင်ငံတော်သည် တောင်သူလယ်သမားများ၏ စိုက်ပျိုးထုတ် လုပ်သည့် ကောက်ပဲသီးနှံများ သင့်တင့် မျှတသည့်တန်ဖိုးရရှိရန် ကူညီဆောင်ရွက် ရမည်''ဟု ပြဋ္ဌာန်းထားကြောင်း။

 

ကမ္ဘာ့နိုင်ငံအများအပြားတွင် COVID-19 ကြောင့် လူမှုစီးပွားဘဝထိခိုက်မှုများကို ပြန်လည် ကုစားရန် အမျိုးမျိုးသောအစီအစဉ်များ ချမှတ်ဆောင်ရွက်နေကြသည်ဖြစ်၍ မိမိတို့နိုင်ငံ အနေဖြင့် လည်း လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ယခုလို IDA ထံမှချေးငွေ ရယူဆောင်ရွက် မည်ကိုကြို ဆိုကြောင်း၊ စီမံကိန်းကို အဓိကတာဝန်ယူလုပ်ဆောင်မည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်း ဝန်ကြီးဌာန၏ ၃၁-၁၂-၂ဝ၁၉ အထိ ပြည်ပချေးငွေစုစုပေါင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၄၆ ဘီလီယံရှိပြီး  ထုတ်ယူသုံးစွဲငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၃၁ ဘီလီယံရှိကြောင်း၊  ကြွေးမြီဆပ်ရန် လက် ကျန်အမေရိကန်ဒေါ်လာ ၉ဝ၃ ဒသမ ၂၁၄ သန်းဖြစ်ကြောင်းကို သိရ ကြောင်း၊၃၁-၁၂-၂ဝ၁၉ တွင် ရှိသည့် နိုင်ငံတော်၏   ပြည်ပကြွေးမြီလက်ကျန် အမေရိကန်ဒေါ်လာ  ၁ဝ ဒသမ ၂၄၅ ဘီလီယံရှိသော ကြောင့် ယခုစီမံကိန်းကိုအကောင်အထည် ဖော်မည့် ဝန်ကြီးဌာန၏ ကြွေးမြီဟာ ပြည်ပကြွေးမြီ အားလုံး ၏ ၅ ပုံ ၁ ပုံရှိသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊  သို့သော်လည်း ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ ၄/၂ဝ၂ဝ အစီရင်ခံစာအမှတ်စဉ် ၇ တွင်လယ်ယာကဏ္ဍ အနေဖြင့် GDP ၏ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ၂၄ ဒသမ ၉ ရာခိုင်နှုန်း၊ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာ နှစ် တွင် ၂၃ ရာခိုင်နှုန်း၊ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် ၂၁ ဒသမ ၃ ရာခိုင်နှုန်း အသီးသီး လျော့နည်း ပြောင်းလဲ လာသည်ကို ဝန်ကြီးဌာနအနေဖြင့် သတိချပ် သင့်ကြောင်း ဆွေးနွေးသည်။

 

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးကျော်မိုးအောင်က ယခုကျင်းပ လျက်ရှိ သည့် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလအတွင်း ဆွေးနွေး ဆောင်ရွက်သည့် ပြည်ပချေးငွေ ရယူမည့် အစီအစဉ်ရှစ်ခုအနက် ယခုချေးငွေသည် ခုနစ်ခုမြောက်ချေးငွေဖြစ် ကြောင်း၊ ကမ္ဘာ့နိုင်ငံများကို  လေ့လာကြည့်ပါက ပြည်ပချေးငွေများနှင့် တိုင်းပြည်၏ စီးပွားရေးတိုးတက်လာအောင် စွမ်းဆောင် နိုင်ခဲ့သည့် နိုင်ငံများရှိသလို ပြည်ပကြွေးမြီ ဝန်ထုပ်ဝန်ပိုးများကြောင့်    တိုင်းပြည်စီးပွားရေး နာလန် မထူနိုင်သည့်နိုင်ငံများလည်းတွေ့ရကြောင်း၊ အဓိကမှာ တိုင်းပြည်စီးပွားရေး အတွက် အကျိုးရှိမည့် စီမံကိန်းမျိုးကိုချမှတ် ရေးဆွဲပြီး အချိန်ကိုက်နေရာ ကိုက်စီမံခန့်ခွဲမှု ကောင်းစွာနှင့် အကောင် အထည်ဖော်တတ် ရန်ပဲဖြစ်ကြောင်း၊ ယခုစီမံကိန်းမှာ အဓိက ကဏ္ဍသုံးခုနှင့်ကဏ္ဍခွဲငါးခုပါဝင်ပြီး မြို့နယ်ပေါင်း ၂၂၈ မြို့နယ်တွင် အကောင်အထည် ဖော်ဆောင်ရွက်မည်ဟုသိရကြောင်း၊ မြန်မာနိုင်ငံ သည် လယ်ယာကဏ္ဍကို အဓိကထားသည့် နိုင်ငံဖြစ်ပြီး  နိုင်ငံ့လူဦးရေ၏ ၇ဝ ရာခိုင်နှုန်းခန့်သည် ထိုလုပ်ငန်းနှင့်ဆက်စပ် ပတ်သက်နေကြောင်း၊ ယခုစီမံကိန်းသည် COVID-19 ကြောင့် ထိခိုက်သွားသည့် လယ်ယာကဏ္ဍ စီးပွားရေးလုပ်ငန်းများကို ကုစားပေးနိုင်ရန် ဝင်ငွေနည်းအခြေခံပြည်သူများကို ဦးတည်ပြီး စားနပ်ရိက္ခာဖူလုံရေး၊ ကဏ္ဍအလိုက်ထုတ်ကုန်မြင့်မားရေးတို့ကို ရည်ရွယ်ချက်ထား အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ကိုသိရ၍ ကြိုဆိုရမည် ဖြစ်ကြောင်း၊ ချေးငွေ၏ Grant Element က  ၃၈ ဒသမ ၃၇ ရာခိုင်နှုန်းဖြစ်သည့် အတွက် သက်သာသည့်ချေးငွေအမျိုးအစား တွင် ပါဝင်ကြောင်း။ ယခုစီမံကိန်းသည် World Bank  နှင့် ပူးပေါင်းရေးဆွဲထားသည့် Combined Project ဖြစ်ပြီး စီမံကိန်းပါစိုက်ပျိုးရေးသုတေသနလုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်မှု ကြောင့် စိုက်ပျိုးရေးဖွံ့ဖြိုးမှုနှင့် ဆင်းရဲမှု လျှော့ချရေး အကျိုးရလဒ်သည် ၁ဝ ရာခိုင် နှုန်းမှ ၁၅ ရာခိုင်နှုန်းခန့်အထိရှိလာမည်ဟု ခန့်မှန်း ထားကြောင်း၊ စီမံကိန်းကြောင့် တောင်တန်းဒေသများနှင့် လူနည်းစုလူမျိုးစု  များနေထိုင်ရာ ဒေသများ၊ ပဋိပက္ခဖြစ်ပွားနေသည့်ဒေသများအထိ တိုးတက်မှုများ ရရှိနိုင်သည်ကို ရေးဆွဲ ဖော်ပြထားကြောင်း၊ ချေးငွေရရုံသက်သက်ရေးဆွဲသည့် သဘောမျိုးမဖြစ်ရန်နှင့် မြေပြင်တွင် အမှန်တကယ် အကျိုးရှိထိ ရောက်မည့်၊ ရေမြေဒေသနှင့်ကိုက်ညီသည့် စီမံကိန်းမျိုးဖြစ်ရန် လိုကြောင်း၊ ယခုစီမံကိန်းသည် ပညာ ရေး၊ ကျန်းမာရေးကဏ္ဍများလို အချိန်ကြာမြင့်မှ အကျိုးအမြတ်ရလဒ်ပြသည့် ရင်းနှီးမြှုပ်နှံမှုမျိုး မဟုတ်ဘဲ အချိန်တိုအတွင်း ရလဒ်ဖြစ်ပေါ်စေမည့် စီးပွားရေးလုပ်ငန်းရင်းနှီးမြှုပ်နှံမှုဖြစ်သည့်အတွက် လာမည့်ဘဏ္ဍာရေးနှစ်များတွင် လယ်ယာ ကဏ္ဍ၏ အကောင်အထည်ဖော်နိုင်မှု အခြေအနေကို ကြည့်ခြင်းအားဖြင့်  ထိရောက်သည့်စီမံကိန်း ဟုတ်၊ မဟုတ်၊ အကျိုးရှိသည့်ချေးငွေ ဟုတ်၊ မဟုတ် သုံးသပ်နိုင်မည်ဖြစ်ကြောင်း၊ ယခုစီမံကိန်း၏ မူလရင်းနှီးမြှုပ်နှံငွေ အမေရိကန်ဒေါ်လာ ၈၅ သန်းအတွက် စီမံကိန်းဖြစ်မြောက်နိုင်စွမ်း လေ့လာဆန်းစစ်မှုကို ၂ဝ၁၉ ခုနှစ် ဇူလိုင်လမှ ဒီဇင်ဘာလအထိ  ခြောက်လကြာ အချိန်ပေးဆောင်ရွက်ခဲ့ပြီး CERP နှင့်စပ်လျဉ်းသည့် ပိုမိုများပြားသည့် ရင်းနှီးမြှုပ်နှံမှု ဖြစ်သော အမေရိကန် ဒေါ်လာ ၁၁၅ သန်းအတွက် စီမံကိန်းဖြစ်မြောက်နိုင်စွမ်း လေ့လာဆန်းစစ်မှုကို ၂ဝ၂ဝ ပြည့်နှစ်  မတ်လနှင့်  မေလ နှစ်လသာ   ဆောင်ရွက်ခဲ့သည်ကို သိရကြောင်း၊ ထိုနှစ်လကလည်း COVID-19 ကြောင့် သွားလာမှုများကန့်သတ်ထားသည့် ကာလဖြစ်ကြောင်း၊  အချိန်မရတော့၍ တက်သုတ်ရိုက် လုပ်ခဲ့သည်လား သို့မဟုတ် ယခင်ခြောက်လတာ လေ့လာဆန်းစစ်ချက် ရလဒ်များရှိပြီး ဖြစ်၍ နှစ်လနှင့်အပြီးဆောင်ရွက်နိုင်ခဲ့သည်လားကို သိလိုကြောင်း၊ အချိန်မရ၍ နှစ်လနှင့်ပဲ အပြီးဖြတ်ခဲ့ သည်ဆိုပါက ရင်းနှီးမြှုပ်နှံမှုပမာဏများပြားသည့်အပြင် စီမံကိန်းဧရိယာလည်း နိုင်ငံတစ်ဝန်းလုံး နီးပါး ဖြစ်သည့်အတွက် အချက်အလက်မှားများနှင့် သုံးသပ်ချက်လွဲပါက ဆုံးရှုံးမှုများမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စီမံကိန်းမစမီရလာ သောအချိန်လေးတွင်  Rapid  Assess-ment Form ကောက်ယူခြင်းကဲ့ သို့သော ဆန်းစစ်မှုနည်းလမ်းများနှင့် သေချာမှုရှိအောင် ထပ်မံဆောင် ရွက်သင့်ကြောင်း။

 

စီမံကိန်းကို မူရင်းအင်္ဂလိပ်ဘာသာဖြင့် ရေးဆွဲထားသည်ဖြစ်၍ မြန်မာဘာသာသို့ ပြန်ဆိုထားခြင်း မရှိသေးပါက ပြန်ဆိုထားသင့်ကြောင်း၊ လက်တွေ့အကောင်အထည်ဖော်မည့် အောက်ခြေအဆင့်နှင့် အလယ်အလတ်အဆင့် အမှုထမ်းအရာထမ်းများ ရှင်းရှင်းလင်းလင်းနား လည်စေရန်နှင့် အများစုသော ကျေးလက်နေပြည်သူများ အလွယ်တကူ သိရှိစေရန် အတွက်ဖြစ် ကြောင်း၊ စီမံကိန်းစတင်ရန်  တစ်လခန့်သာ လိုတော့သည့်အတွက် ဆောလျင်စွာဆောင်ရွက် သင့်သည်ကိုအကြံပြုဆွေးနွေး လိုကြောင်း၊ ထို့ပြင် စီမံကိန်း၏ ကဏ္ဍခွဲတစ်ခုဖြစ်သည့် သုတေသန လုပ်ငန်းများနှင့်ပတ်သက်၍ တချို့ သော သုတေသနလုပ်ငန်းများကို အချိန်ကုန်ငွေကုန်မခံဘဲ  ''နောက်ကျနေသူ''တို့၏ အခွင့်အလမ်း ဖြစ်သည့် Leap Frog  အစီအစဉ်ကိုလည်း အသုံးချသင့်ကြောင်း၊ မိမိတို့ နိုင်ငံသည် နည်းပညာနှင့် သုတေသနဖွံ့ဖြိုးမှုတွင် နောက်ကျနေခဲ့ကြောင်း၊ ရှေ့ရောက်နေသူများဆီက နည်းပညာသစ်များ သုတေ သနရလဒ်သစ်များကို ရနိုင်သလောက် ရယူအသုံးပြုနိုင်မည့်အခွင့်အလမ်းများကို ကြံဆဆောင်ရွက်သင့် ကြောင်း၊ ယခုချေးငွေရယူ ဆောင်ရွက် မည့်စီမံကိန်းသည် MSDP ပါ တန်ဖိုးကွင်းဆက်    ဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းစဉ်၊ စိုက်ပျိုးရေးဖွံ့ဖြိုး တိုးတက်မှု မဟာဗျူဟာ (၂ဝ၁၈ ခုနှစ်)ပါ မဏ္ဍိုင်(၂) ''ကုန် ထုတ်စွမ်းအား''၊ မဏ္ဍိုင် (၃) ''ဈေးကွက် အချိတ်အဆက်များနှင့် ယှဉ်ပြိုင်နိုင်စွမ်းအား''၊ CERP ၏ ပန်းတိုင်(၂)ရှိ မဟာဗျူဟာ(၁)၊    စီမံချက် အမှတ်(၇)တို့နှင့် ကိုက်ညီမှုရှိသည့်အပြင်   နိုင်ငံလူဦးရေ အများစုဖြစ်သည့် ကျေးလက်နေ တောင်သူလယ်သမားများ၏ လူမှုဘဝတိုးတက်ရေး၊ COVID-19 ၏ ထိခိုက်မှုများကို ကုစားနိုင်ရေးတို့အတွက် များစွာအထောက်အကူဖြစ်မည်ဟု ယူဆသည့်အတွက် ထောက်ခံကြောင်း၊ စီမံကိန်းရည်မှန်းချက်အတိုင်း အောင်မြင်ရေးအတွက် စီမံခန့်ခွဲမှုကောင်းစွာ ဖြင့်   အကောင် အထည်ဖော်ဆောင်ရွက်သွားရန်လိုအပ်ကြောင်းနှင့် ချေးငွေများကို အသုံးပြုရာတွင် နိုင်ငံတော်က ချမှတ်ထားသည့် ဖွံ့ဖြိုးမှုအကူအညီဆိုင်ရာ  မူဝါဒအတိုင်း ပွင့်လင်းမြင်သာမှုရှိပြီး ဖွံ့ဖြိုးမှုရလဒ်များ ပြည့်မီစေရေး၊   တာဝန်ယူမှု၊ တာဝန်ခံမှုရှိရေး၊  ပြည်သူများ၏ အမှန်တကယ် လိုအပ်ချက်၊ လိုလား ချက်များနှင့် ကိုက်ညီစေရေးတို့အတွက်   အလေးထားဆောင်ရွက်သင့်ကြောင်း ဆွေးနွေ သည်။

 

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးဇော်ဝင်းဦးက  မြန်မာ့စားနပ်ရိက္ခာနှင့်စိုက်ပျိုး မွေးမြူရေးစနစ်ဖွံ့ဖြိုးရေးစီမံကိန်း  National   Food and Agriculture System Projcet(NFASP)ကို ၂ဝ၁၈ ခုနှစ်ကရေးဆွဲပြီး စီမံကိန်း၏ မူလရင်းနှီးမြှုပ်နှံငွေအမေရိကန်ဒေါ်လာ ၈၅ သန်း လျာထားသည် ဟုသိရကြောင်း၊ COVID-19 စီးပွားရေးကုစားမှုအစီအစဉ် CERP အရ မူလရင်း နှီးမြှုပ်နှံငွေ အမေရိကန်ဒေါ်လာ ၈၅ သန်းအပေါ်အခြေခံပြီး အမေရိကန်ဒေါ်လာ ၁၁၅ သန်းကို ကမ္ဘာ့ဘဏ်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနတို့ပူးပေါင်းပြီး ၂ဝ၂ဝ ပြည့်နှစ် မတ်လနှင့် မေလ အတွင်း ဖြစ်မြောက်နိုင်စွမ်းလေ့လာဆန်းစစ်မှုဆောင်ရွက်ခဲ့သည်ဟု သိရကြောင်း၊ ချေးငွေရယူပြီး သည်နှင့်ဆိုင်းငံ့ကာလငါးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၄ သန်းခန့်နှင့် ပြန်ဆပ် ကာလ ၂၅နှစ်အတွက်  အရင်း၊ အတိုးပေါင်း ၁ဝ ဒသမ၅၆ သန်းခန့်တို့ကို နှစ်စဉ်ပြန်လည်ပေးဆပ် ရမည်ဆို၍ စီမံကိန်းကာလ ငါးနှစ်ခွဲအတွင်းအခြေခိုင်အောင်လုပ်ဆောင်ရန်လိုကြောင်း၊ မည်သို့ အခြေခိုင်အောင်လုပ်ဆောင်မည်လဲ ဆိုသည်ကို အသေးစိတ်ချပြရှင်းလင်းရန်လိုကြောင်း၊ လက်ရှိထိုအချက်များနှင့်ပတ်သက်ပြီး ရေးဆွဲပြီးပြီ လားဆိုသည်ကိုသိလိုကြောင်း။ မြန်မာနိုင်ငံလူဦးရေ၏ ၇ဝ ရာခိုင်နှုန်းသည် ကျေးလက်ဒေသများတွင် နေထိုင် လျက်ရှိကြောင်း၊ နေထိုင်သူလူဦးရေ၏ အများစုလုပ်ကိုင်သည့်စီးပွားရေးလုပ်ငန်းသည် လယ်ယာလုပ်ငန်းဖြစ်ကြောင်း၊ နိုင်ငံ့ GDP ၏ ၃ဝ ရာခိုင်နှုန်းခန့်ကို လယ်ယာကဏ္ဍကရရှိခြင်းဖြစ် ကြောင်း၊ တောင်သူလယ်သမားအများစုသည် ဝင်ငွေနိမ့်ကျပြီး အကြွေးသံသရာအတွင်းက ရုန်းမထွက် နိုင်ဖြစ်နေသည်ကို ကုစားပေးရန်လို ကြောင်း၊NFASP စီမံကိန်း၏ ကဏ္ဍ(၂)တန်ဖိုးမြှင့်ကွင်းဆက်ဖွံ့ဖြိုး တိုးတက်လာခြင်းမှာ တန်ဖိုးမြှင့်ကွင်းဆက်အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်အောင်၊ နိုင်ငံ တကာစံချိန်စံညွှန်းမီသော ထောက်ခံချက်များထုတ်ပေးခြင်းဖြင့်ပို့ကုန်များကိုတိုးမြှင့်လာအောင် မည်သို့ လုပ်ပေးမည်လဲ ဆိုသည် ကို ရှင်းလင်းတိကျရန်လိုကြောင်း၊ စီမံကိန်းအကောင်အထည် ဖော်ရန်အတွက် ၂၂၈ မြို့နယ်ကိုလွှမ်းခြုံပြီး ၎င်းမြို့များတွင်ရှိသည့် တောင်သူများကို စိုက်ပျိုးစရိတ်ထုတ်ချေးရုံလား၊ နည်းပညာများကိုမည်သို့ ပံ့ပိုးပြီး မည်သို့သင်တန်းများပို့ချပေးမည်လဲဆိုသည်ကို စီမံချက်များ အသေး စိတ်ရေးဆွဲရန်လိုကြောင်း၊ ထိုစီမံချက်ကိုရေးဆွဲပြီးပြီလား၊ ရေးဆွဲပြီးပါက ပြည်သူ လူထု ဆောင်ရွက်တတ်အောင် မည်သို့ ချပြမည်လဲကိုသိလိုကြောင်း၊ ယခုအချိန် ကမ္ဘာတစ် ဝန်းစားနပ် ရိက္ခာ လိုအပ်ချက် မြင့်မားနိုင်သောကြောင့် မြန်မာ့ပို့ကုန်ပစ္စည်း များဈေးကွက်ဝေစုပိုမိုရရှိပြီး  အခြေအနေ ကောင်းမွန်နိုင်သည်ဟု မြင်မိကြောင်း၊ ယနေ့ ကမ္ဘာပေါ်တွင် နည်းပညာများ ဘယ်လောက်ဖွံ့ဖြိုး တိုးတက်နေပါသည်ဟု ပြောပြော အဓိကလိုအပ်ချက်ဖြစ်သည့် စားနပ်ရိက္ခာကဏ္ဍသည် အရေးကြီး နေဆဲဖြစ်ကြောင်း၊ယခုကပ်ရောဂါကြောင့် နိုင်ငံအသီးသီးက နယ်စပ်များပိတ် ထားခြင်း၊ လေကြောင်း လိုင်းများရပ်ဆိုင်းထားခြင်း၊ ကွန်တိန်နာလိုင်းများ ပိတ်ထားခြင်းစသည့် အခြေအနေ အကြောင်းများ သည် ပြည်တွင်းမှာပဲ သွင်းကုန်အစား ထိုးစိုက်ပျိုးထွက်ကုန်များ ပိုမိုစိုက်ပျိုး၊ ထုတ်လုပ်သင့်သည့် အခြေအနေဖြစ်ကြောင်း၊ စိုက်ပျိုးရေးကဏ္ဍအနေဖြင့် ပြည်ပသွင်း ကုန်အစားထိုးထုတ်လုပ်မှုအပြင် ပြည်တွင်းမှာလည်း ရေရှည်သိုလှောင်နိုင်ရန်ဖန်တီးခြင်း၊ ကာလကြာကြာထားနိုင်သော သီးနှံများ စိုက်ပျိုးခြင်းဖြင့် နိုင်ငံအတွက် ပြည်တွင်းရိက္ခာဖူလုံနိုင်ရုံသာမက ဘဲ ဖရဲ၊ သခွားမွှေးနှင့် ပြောင်းဖူးစသည့် သီးနှံများကိုဆုံးရှုံးခြင်းမှ လွတ်ကင်းနိုင်စေမည်ဖြစ်ကြောင်း၊ ဈေးကွက်ရှာ ပေးရန်လည်းလိုအပ်ကြောင်း၊ ထိုအချက်များကိုလည်း စဉ်းစားထားသည် များ ရှိပါသလား၊လုပ်ရန်အစီအစဉ်လည်းရှိပါသလား သိလိုကြောင်း၊ တပ်မတော်အနေဖြင့် ကမ္ဘာ့ကပ်ရောဂါ COVID-19 ကြောင့် သွားလာမှုရပ်ဆိုင်းပြီး ကုန်စည်စီးဆင်းမှုများရပ်ဆိုင်းကာ ရောင်းချရန်အခက်အခဲဖြစ်နေသည့် သီးနှံများပျက်စီးဆုံးရှုံးပြီး တောင်သူများ ဆုံးရှုံးနစ်နာမည့် အခြေအနေကို တစ်ဖက်တစ်လမ်းက တတ်နိုင်သမျှ တစ်ပိုင်တစ်နိုင် ကူညီဆောင်ရွက်ပေး သည့်အနေဖြင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နောင်တရား၊ ပင်လောင်း၊ တီကျစ် နယ်မြေနှင့်ရွှေညောင်၊အင်းလေးဒေသတွင်ရှိသော တောင်သူများသီးနှံများပျက်စီးဆုံးရှုံးပြီး နစ်နာမှု မရှိစေရန်ဧပြီလနှင့် မေလအတွင်း  တောင်သူများရောင်းချနိုင်သည့်ဈေးပေးကာ ဝယ်ယူခဲ့ ကြောင်း၊ ထိုဝယ်ယူခဲ့သည့်သီးနှံများကို တပ်ရင်း/တပ်ဖွဲ့များနှင့် ရာသီသီးနှံရှားပါးသည့်ဒေသတွင်ရှိသော ပြည်သူလူထုထံသက်သာသောဈေးနှုန်းနှင့် ရောင်းချပေးခဲ့ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃(ခ)တွင်''နိုင်ငံတော်သည် တောင်သူလယ်သမားများ၏ စိုက်ပျိုးထုတ်လုပ်သည့်ကောက်ပဲသီးနှံများ သင့်တင့်မျှတသည့်တန်ဖိုးရရှိရန်ကူညီဆောင်ရွက်မည်''ဟု  ပြဋ္ဌာန်းထားကြောင်း၊ ယခုကာလတွင် ဖရဲသီးများ၊ ပြောင်းဖူးများ၊ ခရမ်းချဉ်သီးများ စွန့်ပစ်နေရသည့်သတင်းများ၊ စိုက်ပျိုးသမျှ တွက်ခြေ မကိုက်စီးပွားရေးအထိနာသော သတင်းများကို ကြားသိနေရသော်လည်း တောင်သူများ၏ နစ်နာမှုများ ကိုအစိုးရလယ်ယာကဏ္ဍ၊ကုန်သွယ်ရေးကဏ္ဍ၊ စက်မှုကဏ္ဍအသီးသီးတို့၏မူဝါဒဆိုင်ရာ တုံ့ပြန်ဖြေရှင်း ရန် မည်သို့အစီအမံများဆောင်ရွက်နေသည်ကို သိလိုကြောင်း၊ ကုန်သွယ်နေသည့် တစ်ဖက်နိုင်ငံက နိုင်ငံကြီးဆိုသော်လည်း ကုန်သွယ်ရေးကဏ္ဍတွင် နိုင်ငံအချင်းချင်းအပြန်အလှန် လေးစား မှုရှိစေရေး တစ်ဖက်နိုင်ငံနှင့်ထိရောက်သည့်ပုံစံဖြင့် မည်သို့ညှိနှိုင်းဆောင်ရွက်နေသလဲကိုသိလိုကြောင်း၊ ညှိနှိုင်း ဆောင်ရွက်နိုင်ပါမှ ချေးငွေနှင့်ဆောင်ရွက်သည့် စီမံကိန်းများကထွက်ရှိလာမည့် သီးနှံများ၊ စိုက်ပျိုး၊ မွေးမြူရေးထုတ်ကုန်များအတွက်ခိုင်မာသောဈေးကွက် ရရှိမည်ဖြစ်ကြောင်း။

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်(၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို နှစ်ပတ်အချိန်ကာလ အတွင်း  ကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊ အစည်းအဝေးကျင်းပသည့်ရက်နည်းသော်လည်း ယခုချေးယူမည့် ဒေါ်လာ သန်း ၂ဝဝ အပါအဝင် ချေးယူမှုခေါင်းစဉ် ကိုးခု ချေးငွေငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၁ဝ၆ဝ၊ ဂျပန်ယန်း ၃ဝ ဘီလီယံယူရိုငွေ ၃၃ သန်းနှင့် မြန်မာကျပ်ငွေ ၁၃၁၁ ဒသမ ဝ၆၄ ဘီလီယံ ချေးယူရေးဆောင်ရွက် နေကြပြီ လည်းဖြစ်ကြောင်း၊   စိုက်ပျိုးရေး၊ မွေးမြူရေးဆောင်ရွက်မည့်သူများကို ငွေထုတ် ချေးရုံလောက်ဆိုရင် ဒေသတွင်းမှာရှိသည့် မျိုးစေ့၊ သားပေါက်ကိုသာ ဝယ်ယူစိုက်ပျိုးမွေး မြူသွားမည်၊ အောင်မြင်မည်၊ မအောင်မြင်ဘူးဆိုသည်က ကံသေကံမအတိုင်းဖြစ်ကြောင်း၊ မအောင်မြင်ပါက တောင်သူများ ယခုထက်ပိုပြီး အကြွေးနွံနစ်သွားမည်ကိုစိုးရိမ်ရကြောင်း၊ တောင်သူ များလိုအပ်နေသည်မှာ ငွေကြေးနှင့်အတူ စောင့်ကြပ်ထိန်းမတ်ပေးနိုင်မည့်ပညာရှင်နှင့် နည်းပညာကို ပါလိုအပ်ကြောင်း၊ တကယ့်လက်တွေ့ နယ်ပယ်တွင် စိုက်/မွေးပညာရှင်တောင်လုံလောက်အောင် မပေးနိုင်သေးသည့်အခြေအနေဖြစ်နေ ကြောင်း၊ ထိုအချက်များနှင့်ပတ်သက်ပြီး ပညာရှင်များကို မည်သို့ မွေးထုတ်ပေးမည် လဲဆိုသည်ကို သိချင်ကြောင်း၊ ယခုချေးယူ မည့်ချေးငွေသည်  CERP    ပန်းတိုင် ၂-၁-၇ နှင့် MSDP နှင့် ပါဆက်စပ်နေသည်ဖြစ်၍ အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအလေးထားကြပ် မတ်ဆောင်ရွက်ရန်လိုကြောင်း အကြံပြုဆွေးနွေးသည်။

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်(၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေးသတ္တမ နေ့ကို မေ ၂၉ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

Read 62 times Last modified on Friday, 29 May 2020 10:18