SJ WorldNews - шаблон joomla Авто

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ရှိ သဇင်မြိုင် ရဲကင်းစခန်းအား AA အကြမ်းဖက် သောင်းကျန်းသူ များက အင်အား အလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်

Friday, 29 May 2020 14:44 font size decrease font size decrease font size increase font size increase font size

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ရှိ သဇင်မြိုင် ရဲကင်းစခန်းအား AA အကြမ်းဖက် သောင်းကျန်း သူများက အင်အား အလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်

နေပြည်တော်၊ မေ - ၂၉   

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ရှိ သဇင်မြိုင် ရဲကင်းစခန်းအား AA  အကြမ်းဖက်သောင်းကျန်း သူများက ယနေ့နံနက် ၂ နာရီခန့်တွင် အင်အား အလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင် ၄ ဦးကျဆုံးပြီး ရဲတပ်ဖွဲ့ဝင် ၆ ဦး၊ မိသားစုဝင် ၃ ဦး (ကလေး ၁ ဦးအပါ)တို့ ပျောက်ဆုံး လျက်ရှိကြောင်း သိရသည်။   

ဖြစ်စဉ်မှာ ပလက်ဝဒေသနှင့် မင်းပြားရာမောင်တံတားအနီး ပွိုင့်-၁၁၄ တိုက်ပွဲ ဖြစ်စဉ် များ၌ AA  အကြမ်းဖက်အုပ်စုအနေဖြင့် တပ်မတော်၏ တန်ပြန်အကြမ်းဖက်မှုနှိမ်နင်းရေး စစ်ဆင်ရေးဆောင်ရွက်မှု များကြောင့် အထိနာလျက်ရှိသဖြင့် ကျဆင်းနေသည့် စစ်ရေးနှင့် လက်အောက်ခံအဖွဲ့များ၏ စိတ်ဓာတ် ကျဆင်းနေမှုကြောင့် အဆက်မပြတ်ထွက်ပြေး နေမှုများကို ဟန့်တားနိုင်ရေး အင်အားနည်း ရဲစခန်းများ ဖြစ်သည့်အပြင် နိုင်ငံတော်၏ တရားဥပဒေစိုးမိုးရေး (Law Enforcement) အဖွဲ့ဖြစ်သည့် ရသေ့တောင် မြို့နယ်ရှိ သဇင်မြိုင်ရဲကင်းစခန်းရှိ ပင်မစခန်းနေရာအား AA  အကြမ်းဖက်သောင်းကျန်းသူ ၁၀၀ ဦး ခန့်က ယနေ့နံနက် ၂ နာရီ ၁၀ မိနစ်ခန့်တွင် လက်နက်ကြီး၊ လက်နက်ငယ်များ အသုံးပြုကာ အင်အား အလုံးအရင်းဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံတိုက်ခိုက်ခဲ့ရာ နံနက် ၅ နာရီချိန် ခန့်တွင် အင်အားချင်းမမျှသဖြင့် ပင်မစခန်းမှ ရဲတပ်ဖွဲ့ဝင်အချို့မှာ ကာကင်းကုန်းစခန်းသို့ သွားရောက်ပူးပေါင်းခဲ့ပြီး ရဲတပ်ဖွဲ့ဝင်အချို့နှင့် မိသားစုဝင် အချို့ပျောက်ဆုံးလျက်ရှိကြောင်း၊ အဆိုပါ ရဲကင်းစခန်းနေရာသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တပ်မတော်စစ်ကြောင်းများကစစ်ကူပေးနိုင်ရေး အမြန်ဆုံး သွားရောက်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။   

AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် နိုင်ငံတော်၏ တရားဥပဒေစိုးမိုးရေး၊ မြို့နယ်ကျေးရွာများ လုံခြုံရေးနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်နေသော ရဲကင်းစခန်း များအား တိုက်ခိုက်ခဲ့မှုအနေဖြင့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်ရှိ ကထီးလှ၊ ငမြင်းဘော်၊ ဂုပ္ပိနှင့် ကျောင်းတောင် ရဲကင်းစခန်း ၄ ခုအားလည်းကောင်း၊ မတ် ၉ ရက်တွင် ပုဏ္ဏားကျွန်း မြို့နယ်ရှိ ယိုးတရုတ် ရဲကင်းစခန်းအားလည်းကောင်း၊ ဧပြီ ၁၀ ရက်တွင် မြောက်ဦးမြို့ရှိ ရဲတပ်ရင်းဌာနချုပ် အားလည်းကောင်း၊ ဇူလိုင် ၁၆ ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်ရှိ ညောင်ချောင်း နယ်မြေရဲကင်းစခန်းအားလည်းကောင်း အသီးသီး တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၂၅ ဦး ကျဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့ကာ ရဲတပ်ဖွဲ့ဝင်အချို့နှင့် မိသားစုဝင်အချို့ (ကလေးများ အပါအဝင်) ဖမ်းဆီးခြင်းခံ ခဲ့ရသည်။

AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ယခုကဲ့သို့ ရဲစခန်းများနှင့် ရဲတပ်ဖွဲ့ ဝင်များအား ပစ်မှတ်ထား၍ အစဉ်တစ်စိုက် တိုက်ခိုက်ခဲ့ခြင်းသည် စစ်ရာဇဝတ်မှုအား ကျူးလွန်ခြင်းဖြစ်သည်။ နိုင်ငံတော်၏ တရားဥပဒေစိုးမိုးရေး၊ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေးနှင့် ရပ်ရွာအေးချမ်း သာယာရေးတို့ကို နှောင့်ယှက်ဖျက်ဆီး၍ အကြမ်းဖက်မှုများ အမြဲမပြတ်ကျူးလွန်လျက်ရှိသော AA အကြမ်းဖက်သောင်းကျန်းသူများအား ထိရောက်သည့်တန်ပြန်အကြမ်းဖက်မှု တိုက်ဖျက်ရေးစစ်ဆင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Read 192 times Last modified on Friday, 29 May 2020 19:29