SJ WorldNews - шаблон joomla Авто

AA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် နင်းမိုင်း ၁ လုံးနင်းမိပေါက်ကွဲ၍ မင်းပြား မြို့နယ်၊ ရွှေကျွန်းကျေးရွာနေ ဒေသခံပြည်သူတစ်ဦး မိုင်းစထိမှန်ဒဏ်ရာများရရှိ

Friday, 29 May 2020 23:03 font size decrease font size decrease font size increase font size increase font size

AA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် နင်းမိုင်း ၁ လုံးနင်းမိပေါက်ကွဲ၍ မင်းပြား မြို့နယ်၊ ရွှေကျွန်းကျေးရွာနေ ဒေသခံပြည်သူတစ်ဦး မိုင်းစထိမှန်ဒဏ်ရာများရရှိ

နေပြည်တော် ၊  မေ - ၂၉   

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရွှေကျွန်းကျေးရွာနေ ဦးသာထွန်းအေး(ဘ) ဦးစိန်ဖိုးဦးသည် မေ ၂၈ ရက် တွင် မျော၊ ဝါးများ ခုတ်ရန်အတွက် ထွက်ခွာခဲ့ရာ  နေ့လယ် ၂ နာရီခန့်တွင် ကျေးရွာ၏ အရှေ့မြောက် ဘက် မီတာ ၁၃၀၀ ခန့်အကွာရှိ ဆပ်ပြာတောင် (ဒေသအခေါ်)သို့ အရောက်၌ AA အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသည့် ဒေသန္တရနင်းမိုင်း ၁ လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့သည်။   

အဆိုပါမိုင်းထိလူနာအား ပန်းမြောင်းတိုက်နယ်ဆေးရုံမှတစ်ဆင့် ည ၆ နာရီခန့်တွင် မြောက်ဦးပြည်သူ့ ဆေးရုံသို့ ဆက်လက်ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သတင်းရရှိသည်။

Read 59 times