SJ WorldNews - шаблон joomla Авто

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများအတွက် ဆေးရုံသုံးပစ္စည်းများ ဆက်လက် လှူဒါန်း

Friday, 29 May 2020 23:07 font size decrease font size decrease font size increase font size increase font size

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများအတွက် ဆေးရုံသုံးပစ္စည်းများ ဆက်လက် လှူဒါန်း

နေပြည်တော်၊ မေ - ၂၉

တပ်မတော်အနေဖြင့် COVID-19 ရောဂါကူးစက်ပြန့်ပွားမှုကာကွယ် တားဆီးရေးနှင့် ထိန်းချုပ်ရေး လုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် မြို့နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တိုက်နယ် ဆေးရုံများ၊ ကျန်းမာရေးဌာနခွဲများ၌ ကာကွယ်ကုသရေးများတွင် အဆင်ပြေချောမွေ့စေရေးအတွက် ဆေးရုံသုံးပစ္စည်းများကို ပေးပို့လှူဒါန်းလျက်ရှိသည်။   

ယနေ့တွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်အနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ် နှင့် ဇေယျာသီရိမြို့နယ်တို့ရှိ ကျေးလက်ကျန်းမာရေးဌာနခွဲများ၌ လည်းကောင်း၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ္မတူမြို့နှင့် ကွမ်းလုံမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ နမ့်စလပ်နှင့် နမ့်ဖတ်ကာ တိုက်နယ်ဆေးရုံများ၊ စင်ကျော့နှင့် သရက်ကုန်း ကျေးလက်ကျန်းမာရေး ဌာနများ၌ လည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် အနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံး မြို့နယ်၊ ရပ်စောက်မြို့နယ်၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဖရူဆိုမြို့၊ ဘောလခဲမြို့နှင့် ဖားဆောင်းမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေးဌာနများ၌ လည်းကောင်း၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့၊ လင်းခေးမြို့နှင့် မောက်မယ်မြို့တို့ရှိ ပြည်သူ့ဆေးရုံများနှင့် နမ့်စန်မြို့ရှိ ဟိုက်ဖက် ကျေးလက် ကျန်းမာရေးဌာန၌ လည်းကောင်း၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်နှင့် မိုင်းခတ်မြို့နယ်တို့ရှိ ပြည်သူ့ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေးဌာနများ၌ လည်းကောင်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် အနေဖြင့် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့နှင့် ကရင်ပြည်နယ်၊ ဘားအံမြို့တို့ရှိ ပြည်သူ့ ဆေးရုံများ၌ လည်းကောင်း၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်အနေဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နှင့် ပလောက်မြို့တို့ရှိ တိုက်နယ်ဆေးရုံများ၊ ပလောက်၊ ပြင်ဘုကြီး၊ ခန္ဓီနှင့် ပုလောကုန်း ကျေးလက်ကျန်းမာရေးဌာနများ၌လည်းကောင်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ အမှတ်(၉)ရပ်ကွက်ရှိ တက္ကသိုလ်များဆေးရုံနှင့် လှည်းကူးမြို့နယ်ရှိ ဒါးပိန်တိုက်နယ်ဆေးရုံတို့၌ လည်းကောင်း၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်အနေဖြင့် ရခိုင်ပြည်နယ်၊ အမ်းမြို့ပြည်သူ့ဆေးရုံ၌လည်းကောင်း၊ အနောက်မြောက် တိုင်းစစ်ဌာနချုပ်အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ မြောင်မြို့နယ်၊ ဝက်လက်မြို့၊ ဝန်းသိုမြို့၊ ခင်ဦးမြို့၊ ကလေးဝမြို့နှင့် မင်းကင်းမြို့တို့ရှိ ပြည်သူ့ဆေးရုံ များနှင့် တိုက်နယ်ဆေးရုံ များ၌လည်းကောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနနှင့် ကျောက်မီးတိုက်နယ် ဆေးရုံနှင့် ကျောက်ဆည်မြို့နယ်ရှိ တိုက်နယ်ဆေးရုံများ၌ လည်းကောင်း၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်အနေဖြင့် ပဲခူးတိုင်း ဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ရွှေကျင်မြို့နယ်၊ ပြည်မြို့နှင့် ပန်းတောင်းမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေးဌာန များ၌လည်းကောင်း တပ်မတော်က လှူဒါန်းသော ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း Surgical  Mask များ၊  N95 Mask များ၊ Personal Protective Equipment (PPE)  ဝတ်စုံများ၊  ခွဲစိတ်ခန်းသုံးလက်အိတ်(Surgical Gloves)  များ၊ မျက်မှန်(Goggles) များ၊ Non Touch Thermometer များ၊ Portable  X-Ray Machine စက်၊ Suction  Machine  စက်များ၊ OT Cap များ၊ Face Shield များ၊ Hand Gel များ၊ Hand Wash များ၊ ပိုးသတ်ဆေးပုလင်းများ၊ Portable  Sodium Machine စက်၊ ECG Machine စက်များ၊ Sodium Hypochloride များ၊ ချွဲစုပ်စက်နှင့် ရေမလိုလက်သန့် ဆေးရည်များကို တိုင်းမှူးများနှင့် တာဝန်ရှိသူများက ဆေးရုံအသီးသီးရှိ တာဝန်ရှိသူများထံသို့ ပေးအပ်လှူဒါန်းကြသည်။   

ထို့ပြင် တိုင်းစစ်ဌာနချုပ်များနှင့် တပ်နယ်အသီးသီးများရှိ ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျန်းမာရေးဌာနခွဲများတို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများ၊ ဆေးရုံ တက်ရောက်ကုသမှုခံယူလျက်ရှိသော ပြည်သူများနှင့်  ဒေသခံပြည်သူများအတွက် ဆေးဝါးများနှင့် ဘီစကစ်၊ ကြက်ဥ၊ နွားနို့၊ ကုလားပဲ၊ ငှက်ပျောသီး၊ ပေါင်မုန့်၊ ခေါက်ဆွဲခြောက်၊ အိုဗာတင်း၊ ရွှေဖီဦး လဖက်ရည်ထုပ်၊ နို့ဆီ၊ သကြား၊ ကော်ဖီမစ်(စ်)၊ တီးမစ်(စ်) စသည့် အာဟာရဖြည့်စားသောက် ဖွယ်ရာများကို ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

Read 61 times Last modified on Saturday, 30 May 2020 10:37