SJ WorldNews - шаблон joomla Авто

COVID-19 ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့်သူများအား နေပြည်တော် နှင့် ရန်ကုန်မြို့တို့ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ ဆက်လက်လက်ခံ

Friday, 29 May 2020 23:12 font size decrease font size decrease font size increase font size increase font size

COVID-19 ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့်သူများအား  နေပြည်တော် နှင့် ရန်ကုန်မြို့တို့ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ ဆက်လက်လက်ခံ

နေပြည်တော်၊ မေ - ၂၉   

Coronavirus Disease 2019 (COVID-19) ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့် ရမည့်သူများအား နေပြည်တော်၊ စစ်ကြောရေးနှင့်တည်းခိုရေး စခန်းနှင့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းတို့၌ လက်ခံ၍ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များရှိ နယ်မြေခံဆေးကုသရေးအဖွဲ့များနှင့် တာဝန်ရှိသူများက နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကိုဆောင်ရွက်ပေး လျက်ရှိသည်။   

ထိုသို့လက်ခံဆောင်ရွက်ပေးခဲ့ရာ ယနေ့တွင် နေပြည်တော်၊ စစ်ကြောရေးနှင့်တည်းခို ရေးစခန်း၌ နယ်စပ်ဒေသမြို့များဖြစ်သည့် လှိုင်းဘွဲမြို့နှင့် မူဆယ်မြို့တို့မှ ပြန်လည်ရောက်ရှိ လာသူအမျိုးသား ၅ ဦး၊ အမျိုးသမီး ၂ ဦးတို့ဖြစ်ပြီး လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခို ရေးစခန်းသို့ ထိုင်းနိုင်ငံမှ ပြန်လည် ဝင်ရောက်လာသူ အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၃ ဦး၊ တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၃ ဦး၊ နယ်စပ်ဒေသများဖြစ်သည့် မူဆယ်မြို့မှ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၄ ဦး ဖြစ်ကြောင်း သိရှိရသည်။   

ထို့ပြင် ၂၁ ရက်ပြည့်မြောက်သည့် စောင့်ကြပ်ကြည့်ရှုထားသူများအနက်မှ နေပြည်တော်၊ စစ်ကြောရေး နှင့်တည်းခိုရေးစခန်းမှ ၈ ဦးနှင့် လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေး စခန်းမှ ၁၆ ဦးတို့ကို ယနေ့တွင် ကျန်းမာရေးဦးစီးဌာနနှင့် စောင့်ကြပ်ကြည့်ရှုရေးစခန်းတို့မှ  Quarantine စောင့်ကြည့် ၂၁ ရက်ပြည့်ပြီးကြောင်း လက်မှတ်များနှင့် COVID-19 ရောဂါနှင့် ပတ်သက်၍ ဆောင်ရန်ရှောင်ရန် စာရွက်စာတမ်းများကို တာဝန်ရှိသူများကပေးအပ်ပြီး သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးများသို့ တပ်မတော်ကစီစဉ်ပေးသည့် မော်တော်ယာဉ်များဖြင့် လိုက်လံပို့ဆောင်ပေးခဲ့သည်။     

ယနေ့ည ၇ နာရီအထိ နေပြည်တော်၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် စုစုပေါင်းပြည်သူ ၅၄၁ ဦး နှင့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေး စခန်းတွင် စုစုပေါင်းပြည်သူ ၂၆၂ ဦးတို့ကို လက်ခံထားရှိပြီး အဆိုပါစောင့်ကြည့်လူနာများ အားလုံးမှာ ကျန်းမာရေးကောင်းမွန် လျက်ရှိကြောင်း သတင်းရရှိသည်။

Read 63 times