SJ WorldNews - шаблон joomla Авто

ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား အသား၊ ငါး၊ ဟင်းသီး ဟင်းရွက်များ၊ တန်ဖိုးသင့် ထမင်းဟင်းများနှင့် တောင်သူများထံမှ ဝယ်ယူခဲ့သော ရာသီသီးနှံများကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေး

Friday, 29 May 2020 23:17 font size decrease font size decrease font size increase font size increase font size

ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား အသား၊ ငါး၊ ဟင်းသီး ဟင်းရွက်များ၊ တန်ဖိုးသင့် ထမင်းဟင်းများနှင့် တောင်သူများထံမှ ဝယ်ယူခဲ့သော ရာသီသီးနှံများကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေး

နေပြည်တော်၊ မေ - ၂၉

COVID-19ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စားရေးအထောက်အကူဖြစ်စေရန် အတွက် နယ်မြေခံတပ်မတော်သားများ၏ တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းမှ ထွက်ရှိလာ သည့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များ၊ ကြက်ဥ၊ ဘဲဥများ၊ နွားနို့များ၊ တပ်မတော်ထုတ် စားသောက် ကုန်ပစ္စည်းများနှင့် တန်ဖိုးသင့် ထမင်းနှင့် ဟင်းများကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်း များဖြင့်  ရောင်းချပေးလျက်ရှိသည်။   

ထိုသို့ရောင်းချပေးလျက်ရှိရာ ယနေ့တွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ အရှေ့တောင် တိုင်းစစ်ဌာနချုပ်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တို့ရှိ မြို့နယ်အသီးသီး၌ နယ်မြေခံတပ်မတော်သားများက ပြင်ပပေါက်ဈေးထက် သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိသည်။   

အလားတူ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် သက်ဆိုင်ရာ နယ်မြေများရှိ တောင်သူများထံမှ ဝယ်ယူခဲ့သော ဂေါ်ဖီထုပ်များနှင့် ရာသီသီးနှံ များကို အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တို့ရှိ နယ်မြေခံတပ်မတော် သားများက ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများထံသို့ အခမဲ့ပို့ဆောင်ပေးခြင်းနှင့် သက်သာသော ဈေးနှုန်းများဖြင့် ဖြန့်ဖြူးရောင်းချပေး ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရ ရှိသည်။

Read 76 times