SJ WorldNews - шаблон joomla Авто

ဗုဒ္ဓကလျာဏယု၀အသင်း YMBA အသင်းကြီးနှင့် စေတနာရှင်အလှူရှင်များက တပ်မတော် အရိုးရောဂါ အထူးကုဆေးရုံကြီး (ခုတင်-၅၀၀)နှင့် တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)တို့အား ဆေးရုံသုံးပစ္စည်းများနှင့် ဆေးဝါးကုသမှုခံယူနေသူများအတွက် နေ့လည်စာနှင့် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန

Friday, 29 May 2020 23:44 font size decrease font size decrease font size increase font size increase font size

 

ရန်ကုန် မေ ၂၉   

 

ဗုဒ္ဓကလျာဏယုဝအသင်း YMBA အသင်းကြီးနှင့် စေတနာရှင်အလှူရှင်များက တပ်မတော်အရိုးရောဂါ အထူးကုဆေးရုံကြီး (ခုတင်-၅၀၀)နှင့် တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) တို့အား ဆေးရုံသုံး ပစ္စည်းများနှင့် ဆေးဝါးကုသမှုခံယူနေသူများအတွက် နေ့လည်စာနှင့် ထောက်ပံ့ငွေများကို ယနေ့ နံနက် ပိုင်းက ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ 

 

ဦးစွာ တပ်မတော်အရိုးရောဂါ အထူးကုဆေးရုံကြီး(ခုတင်-၅၀၀)တွင် ဆေးဝါးကုသမှု ခံယူနေသူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် ချွဲစုပ်စက်တစ်လုံး၊ လူနာတင်လှည်းတစ်စင်း၊ စုစုပေါင်း ငွေကျပ် နှစ်ဆယ့်နှစ်သိန်းငါးသောင်းငါးထောင်ကို ပေးအပ်လှူဒါန်း ရာ တပ်မတော်အရိုးရောဂါ အထူးကုဆေးရုံကြီး(ခုတင်-၅၀၀)တပ်မှူး ဗိုလ်မှူးချုပ် လှအောင်က လက်ခံ ရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ပြီး ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။   

 

ဆက်လက်ပြီး တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)သို့ရောက်ရှိပြီး ကျပ်သိန်း သုံးဆယ်တန်ဖိုးရှိ ဆေးရုံ သုံးပစ္စည်းများနှင့် ဆေးကုသမှုခံယူနေသူများအတွက် နေ့လည်စာနှင့် ထောက်ပံ့ငွေများပေးအပ်လှူဒါန်း ခဲ့ကြသည်။ ယင်းသို့လှူဒါန်းပွဲတွင် တပ်မတော် ဆေးရုံကြီး (ခုတင်-၁၀၀၀)တပ်မှူး ဗိုလ်မှူးချုပ်မြင့်ဇော် က နှုတ်ခွန်းဆက်စကားပြောကြားပြီး လှူဒါန်းရခြင်းနှင့်ပတ်သတ်၍ YMBA အသင်းဗဟိုဥက္ကဌ ဦးရဲထွန်း နှင့် တာဝန်ရှိသူ ၁ ဦးတို့က ရှင်းလင်းပြောကြားသည်။

 

ထို့နောက် အလှူရှင်များက ဆေးရုံသုံးပစ္စည်းများနှင့် ဆေးဝါးကုသမှုခံယူနေသူများအား အလှူငွေများ ပေးအပ်ရာ တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀) တပ်မှူးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

 

အဆိုပါ ဆေးရုံသုံးပစ္စည်းများလှူဒါန်းရာတွင် ဒစ်ဂျစ်တယ်သွေးပေါင်ချိန်စက် လေးခု၊ Pulse Oximeter အောက်စီဂျင်တိုင်းကိရိယာလေးခု၊ Oxigen Manifold အောက်စီဂျင်ဖြန့်ဝေသော မီတာဂိတ်နှင့် ပိုက်လိုင်းစနစ်တစ်ခု၊ သွေးကြောတွင်းဆေး သွင်းပိုက် Cannula-၂၀၀၀ခု၊ ဆီးစွန့်ပစ်အိတ် Urine Bag-၁၀၀၀ခု၊ ဆေးသွင်းပိုက် Infusion Set-၂၀၀၀ခု၊ ဆေးသွင်းပိုက် Blood Set-၁၀၀၀ခု၊ 5cc ဆေးထိုးပြွန်-၃၀၀၀ ခုတို့အပြင် တပ်မတော်ဆေးရုံကြီးတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နေ သူများနှင့် ဆေးကုသမှုခံယူနေသူများအတွက် ဆန်ဆယ်အိတ်၊ နေ့လည်စာ နတ်သုဒ္ဒါတို့ကို အာဟာရ အဖြစ် ကျွေးမွေးခဲ့ကြောင်း သတင်းရရှိသည်။

 

Read 112 times Last modified on Friday, 29 May 2020 23:44