SJ WorldNews - шаблон joomla Авто

ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး(YMBA)နှင့် စေတနာရှင်အလှူရှင်များက တပ်မတော်အရိုးရောဂါ အထူးကု ဆေးရုံကြီး (ခုတင်-၅၀၀)နှင့် တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)တို့အား ဆေးရုံသုံးပစ္စည်းများနှင့် ဆေးဝါး ကုသမှု ခံယူနေသူများအတွက်နေ့လယ်စာနှင့်ထောက်ပံ့ငွေများပေးအပ်လှူဒါ

Saturday, 30 May 2020 10:20 font size decrease font size decrease font size increase font size increase font size

ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး(YMBA)နှင့် စေတနာရှင်အလှူရှင်များက တပ်မတော်အရိုးရောဂါ အထူးကု ဆေးရုံကြီး (ခုတင်-၅၀၀)နှင့် တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)တို့အား ဆေးရုံသုံးပစ္စည်းများနှင့် ဆေးဝါး ကုသမှု ခံယူနေသူများအတွက်နေ့လယ်စာနှင့်ထောက်ပံ့ငွေများပေးအပ်လှူဒါန်း

ရန်ကုန်  မေ  ၂၉

ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး (YMBA)နှင့် စေတနာရှင်အလှူရှင်များက တပ်မတော်အရိုးရောဂါ အထူးကုဆေးရုံကြီး (ခုတင်-၅၀၀)နှင့် တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)တို့အား ဆေးရုံသုံးပစ္စည်း များနှင့်   ဆေးဝါးကုသမှုခံယူနေသူများ တွက် နေ့လယ်စာနှင့် ထောက်ပံ့ငွေများကို ယနေ့နံနက်ပိုင်းတွင် ပေးအပ်လှူဒါန်းခဲ့ ကြောင်း သိရသည်။

ဦးစွာ တပ်မတော်အရိုးရောဂါအထူးကု ဆေးရုံကြီး(ခုတင်-၅၀၀)တွင်   ဆေးဝါးကုသမှု  ခံယူနေသူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ရာ တွင် အသုံးပြုနိုင်ရန်အတွက် ချွဲစုပ်စက် တစ်လုံး၊ လူနာတင်လှည်းတစ်စင်း၊ စုစုပေါင်းငွေကျပ် ၂၂၅၅၀၀၀ ကို ပေးအပ်လှူဒါန်းရာတပ်မတော် အရိုးရောဂါ အထူးကုဆေးရုံကြီး(ခုတင်-၅၀၀) တပ်မှူး ဗိုလ်မှူးချုပ်လှအောင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ များပြန်လည်ပေးအပ်ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ဆက်လက်ပြီး တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)သို့ရောက်ရှိပြီး ကျပ်သိန်း၃၀ တန်ဖိုးရှိ ဆေးရုံသုံး ပစ္စည်းများနှင့် ဆေးကုသမှုခံယူနေသူများအတွက် နေ့လယ်စာ နှင့် ထောက်ပံ့ငွေများပေးအပ်လှူဒါန်းခဲ့ကြသည်။ ယင်းသို့လှူဒါန်းပွဲတွင် တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)တပ်မှူး ဗိုလ်မှူးချုပ်မြင့်ဇော်က နှုတ်ခွန်းဆက် စကားပြောကြားပြီး လှူဒါန်းရခြင်းနှင့်ပတ်သက်၍  YMBAအသင်း ဗဟိုဥက္ကဋ္ဌ ဦးရဲထွန်းနှင့် တာဝန်ရှိသူ တစ်ဦးတို့က ရှင်းလင်းပြောကြားသည်။

ထို့နောက် အလှူရှင်များက ဆေးရုံသုံး ပစ္စည်းများနှင့် ဆေးဝါးကုသမှုခံယူနေသူများ အား အလှူငွေများ ပေးအပ်ရာ တပ်မတော် ဆေးရုံကြီး(ခုတင်-၁၀၀၀) တပ်မှူးက လက်ခံ ရယူပြီး ဂုဏ်ပြုမှတ်တမ်း လွှာများပြန် လည် ပေးအပ်ခဲ့သည်။

အဆိုပါ ဆေးရုံသုံးပစ္စည်းများလှူဒါန်း ရာတွင် ဒစ်ဂျစ်တယ်သွေးပေါင်းချိန်စက်လေးခု၊ Pulse  Oximeter  အောက်စီဂျင် တိုင်းကိရိယာ လေးခု၊ Oxygen  Manifold အောက်ဆီဂျင်ဖြန့်ဝေသော မီတာဂိတ်နှင့် ပိုက်လိုင်း စနစ်တစ်ခု၊ သွေးကြောတွင်းဆေးသွင်းပိုက်(Cannula) ၀၀၀ ခု၊ ဆီးစွန့်ပစ်အိတ်(Urine  Bag)၁၀၀၀ ခု၊ ဆေးသွင်း ပိုက် (Infusion  Set) ၂၀၀၀ ခု ဆေးသွင်း ပိုက် (Blood  Set)၁၀၀၀ ခု၊ 5CC ဆေးထိုး ပြွန် ၃၀၀၀ ခုတို့အပြင် တပ်မတော်ဆေးရုံ ကြီးတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များဆောင်ရွက်နေသူများနှင့် ဆေးကုသမှု ခံယူနေသူများအတွက်  ဆန် ၁၀ အိတ်၊ နေ့လယ်စာ နတ်သုဒ္ဒါတို့ကို အာဟာရအဖြစ် ကျွေးမွေးခဲ့ကြောင်း သတင်းရရှိသည်။

Read 132 times