SJ WorldNews - шаблон joomla Авто

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြည်ပမှပြန်လည်ဝင်ရောက်လာသူများအား မြဝတီစစ်ဆေးရေးဂိတ်၌ စီမံဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ ပါဝင်ဆောင်ရွက်နေသူများနှင့်ဆွေးနွေး

Saturday, 30 May 2020 10:37 font size decrease font size decrease font size increase font size increase font size

 

နေပြည်တော်  မေ   ၂၉

 

Coronavirus Disease  2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ   နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ပမှပြန်လည် ဝင်ရောက်လာသူများအား မြဝတီစစ်ဆေးရေးဂိတ်၌စီမံဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊  စာရင်းအင်းအချက်အလက်များကောက်ခံရေးတွင် ပါဝင် ဆောင်ရွက်နေသည့် ဆရာမဒေါ်ခင်ဥမ္မာမြင့်၊ မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်တို့နှင့် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိနိုင်ငံတော်သမ္မတအိမ်တော်အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ချိတ်ဆက်တွေ့ဆုံ၍ အပြန်အလှန်ဆွေးနွေးသည်။

 

ရှေးဦးစွာ Coronavirus Disease 2019 (COVID-19)  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နှုတ်ခွန်းဆက်စကားပြောကြားသည်။

 

ထို့နောက်  ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က  ထိုင်းနိုင်ငံမှပြန်လည်ဝင် ရောက်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအားကြိုဆိုရေး၊ ပြန်လည်လက်ခံရေးနှင့် သက်ဆိုင် ရာဒေသအသီးသီးသို့ပို့ဆောင်ရေး ကိစ္စရပ်များဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့်အခြေအနေများ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များအတိုင်း စနစ်တကျ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များဆောင်ရွက်နေမှု၊ COVID-19 နှင့်ပတ်သက် သည့်ကာကွယ်ရေး ပစ္စည်းများကို  လိုအပ်သည့်နေရာများသို့ စနစ်တကျပြန်လည်ဖြန့်ခွဲပေးနေမှု၊ အသိပညာပေးရေး လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့်သတင်းဖြန့်ဝေပေးမှုလုပ်ငန်းများ   စနစ်တကျဆောင်ရွက်နေမှု၊ ပြန် လည်ဝင်ရောက်လာသူများ၏ စားသောက်နေထိုင်ရေးနှင့်စည်းကမ်းလိုက်နာမှုအခြေအနေ၊ ပြည်သူများ ပူးပေါင်းပါဝင်လာအောင် ဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း၊ စာရင်းအင်း အချက် အလက်များကောက်ခံရေးတွင် ပါဝင်ဆောင်ရွက်နေသည့် ဆရာမဒေါ်ခင်ဥမ္မာမြင့်က ပြည်ပမှ ဝင်ရောက် လာသူများပြန်လည်လက်ခံရာ၌   ပါဝင်စာရင်းကောက်ခံပေးခဲ့မှု၊   နေရပ်အသီးသီးသို့ ပြန်လည်ပို့ ဆောင်ရေးတွင်   စာရင်းအင်းနှင့်အညီ စနစ်တကျဖြစ်စေရေးဆောင်ရွက်မှုနှင့်  ကြုံတွေ့ရသည့် အခက်အခဲများကို လည်းကောင်း၊ မြဝတီခရိုင်အုပ်ချုပ်ရေးမှူးဦးတေဇာအောင်က ပြန်လည် ဝင်ရောက် လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား မော်တော်ယာဉ်များဖြင့် နွေးနွေးထွေးထွေးသွား ရောက်ကြိုဆိုမှု၊ စနစ်တကျပြန်လည်လက်ခံမှု၊   နေရပ်အသီးသီးသို့ စနစ်တကျပြန်လည် ပို့ဆောင်နေ မှုနှင့် ယာယီနေထိုင်ရန်နေရာများနှင့်နေထိုင်စားသောက်ရေးအဆင်ပြေစေရန် ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း ဆွေးနွေးတင်ပြကြသည်။

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပမှပြန်လည် ဝင်ရောက်လာသူများ အား စနစ်တကျပြန်လည်လက်ခံမှု၊ နေရပ်အသီးသီးသို့စနစ်တကျ ပြန်လည်ပို့ဆောင်မှုနှင့်စပ်လျဉ်း၍ မည်သူတစ်ဦးတစ်ယောက်မျှမကျန်ရှိရေး  ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း၊ COVID-19 နှင့် ပတ် သက်၍ စိန်ခေါ်မှုမှာရုပ်ပိုင်းဆိုင်ရာခွာခွာနေသည်နှင့်အမျှ စိတ်ပိုင်းဆိုင်ရာနီးစပ်ရန်   အင်မတန်အရေး ကြီးကြောင်း၊ ယခုအချိန်တွင် အားလုံးပူးပေါင်းဆောင်ရွက်မှအောင်မြင်နိုင်မည်ဖြစ်ကြောင်း။

 

အားလုံးကတစ်ဦးအပေါ်တစ်ဦးနားလည်မှု၊ စာနာမှုရှိမှ ယင်းစိန်ခေါ်မှုကိုအောင်မြင်နိုင်မည်ဖြစ်ကြောင်း၊   ယခုအချိန်တွင် လူသားများ၏သဘာဝကိုလည်း လျစ်လျူရှုထား၍မရကြောင်း၊    တင်းကျပ်သည့် စည်း ကမ်းများကို ကြာကြာထိန်းသိမ်းထားရန်မလွယ်ကူကြောင်း၊ အခြေအနေပိုကောင်းလာသည်နှင့်အမျှ ဖြေလျှော့ပေးရန်စဉ်းစားရကြောင်း၊ သိပ်အဆင်မပြေပါက၊ နည်းနည်းနောက်ပြန်ဆုတ်သင့်ပါက နောက်ပြန်ဆုတ်ရမည်ဖြစ်ကြောင်း။

 

ပညာရေးကိုလည်း  လျစ်လျူရှုထား၍မရကြောင်း၊ စာသင်ကျောင်းများကို ဇူလိုင်လတွင် အထက်တန်း ကစပြီး ဖွင့်ရန်စတင်စီစဉ်နေကြောင်း၊ ဇူလိုင်လဆန်းပိုင်းတွင်ကျောင်းများပြန်လည်ဖွင့်ရန်  အဆင်ပြေ၊ မပြေကို တစ်ချိန်လုံး ချင့်ချိန်နေရကြောင်း။

 

COVID-19 နှင့်ပတ်သက်၍ တဖြည်းဖြည်းတိုးတက်မှုရရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊  ယင်း ရောဂါနှင့်ပတ်သက်ပြီး ရောဂါကာကွယ်ရေးနှင့် ရောဂါပျောက်ကင်းရေးတို့သည် ဆေးပညာနှင့် သက် ဆိုင်ကြောင်း၊ မိမိတို့နိုင်ငံသည်   ဆေးပညာဘက်တွင် ထိပ်တန်းနိုင်ငံမဟုတ်သည့်အတွက် အခြား ဖွံ့ဖြိုး တိုးတက်သည့်နိုင်ငံများက ကာကွယ်ဆေး၊ ကုသဆေးရှာဖွေနေသည့် အခြေအနေဖြစ်ကြောင်း၊ မိမိတို့ တွင် သိပ္ပံပညာအင်အား၊ ဖွံ့ဖြိုးရေးအင်အားမရှိသော်လည်း ပြည်သူလူထု၏ စည်းလုံးမှုအင်အားကို  အားကိုးရမည်ဖြစ်ကြောင်း၊ ပြည်သူလူထုကစည်းစည်းလုံးလုံးဖြင့် လုပ်ဆောင်မည်ဆိုပါက အခြေအနေ ကိုထိန်းသိမ်းထားနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ထိန်းသိမ်းထားနိုင်ပါက အခက်အခဲများကို ကျော်လွှား နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယခု COVID-19 ကိုရင်ဆိုင်သည့်အခါတွင်  ပူးပေါင်းဆောင်ရွက်ရေး သည်အဓိကဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

 

ထို့နောက်  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိဂုံးချုပ်အနေဖြင့်  ပြောကြားရာတွင် ကရင်ပြည်နယ်မှ ပြည်သူများအားလုံးကို ကျေးဇူးတင်ရှိကြောင်း၊   နယ်စပ်မှပြန်လာသည့်  ပြည်သူများနှင့်ပတ်သက်၍ အဓိကတာဝန်ယူရသည်မှာ ကရင်ပြည်နယ်အစိုးရနှင့်  ကရင်ပြည်နယ်ပြည်သူလူထုဖြစ်ကြောင်း၊ အားလုံးပူးပေါင်းဆောင်ရွက်သည့်အတွက် ယခုကဲ့သို့ ချောချောမွေ့မွေ့ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ကနဦးပိုင်းတွင် စိုးရိမ်ပူပန်မှုများရှိသော်လည်း ပူးပေါင်းဆောင်ရွက်သည့်နေရာတွင်   အင်မတန်လေး စားစရာကောင်းကြောင်း၊ ကျေးဇူးတင်စရာကောင်းကြောင်း၊  ကရင်ပြည်နယ်မှအစိုးရပိုင်း၊ အုပ်ချုပ်ရေး ပိုင်း၊ ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပြည်သူအားလုံးကိုကျေးဇူးတင်ရှိကြောင်း၊ ယခုအတိုင်း ဆက်လက်သွားမည်ဆိုပါက COVID-19 စိန်ခေါ်မှုကြီးကို ကျော်လွှားနိုင်မည်ဟု ယုံကြည်ကြောင်းနှင့် အားလုံးကျန်းမာချမ်းသာကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သကြောင်း ပြောကြားသည်။              

 

Read 110 times Last modified on Saturday, 30 May 2020 10:48