SJ WorldNews - шаблон joomla Авто

COVID-19 ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့်သူများအား နေပြည်တော် နှင့် ရန်ကုန်မြို့တို့ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ ဆက်လက်လက်ခံ

Sunday, 31 May 2020 00:02 font size decrease font size decrease font size increase font size increase font size

COVID-19 ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့်သူများအား နေပြည်တော် နှင့် ရန်ကုန်မြို့တို့ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ ဆက်လက်လက်ခံ

နေပြည်တော်၊ မေ - ၃၀

Coronavirus Disease 2019 (COVID-19) ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့် ရမည့်သူများအား နေပြည်တော်၊ စစ်ကြောရေးနှင့်တည်းခိုရေး စခန်းနှင့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့ နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းတို့၌ လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်လည်း နေပြည်တော်၊ စစ်ကြောရေးနှင့်တည်းခို ရေးစခန်း၌ တရုတ်နိုင်ငံမှပြန်လည်ရောက်ရှိလာသူ အမျိုးသမီး ၁ ဦး၊ နယ်စပ်ဒေသ မြို့များဖြစ်သည့် တာချီလိတ်မြို့၊ မူဆယ်မြို့၊ ကျိုင်းတုံမြို့နှင့် လောက်ကိုင်မြို့တို့မှ ပြန်လည်ရောက်ရှိ လာသူအမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၁ ဦးတို့ဖြစ်ပြီး လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခို ရေးစခန်းသို့ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၁၁ ဦး ဖြစ်ကြောင်း သိရှိရသည်။   

ထို့ပြင် ၂၁ ရက်ပြည့်မြောက်သည့် စောင့်ကြပ်ကြည့်ရှုထားသူများအနက်မှ နေပြည် တော်၊ စစ်ကြောရေး နှင့် တည်းခိုရေးစခန်းမှ ၉ ဦးနှင့် လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းမှ ၄ ဦးတို့ကို ယနေ့ တွင် ကျန်းမာရေးဦးစီးဌာနနှင့် စောင့်ကြပ်ကြည့်ရှု ရေးစခန်းတို့မှ Quarantine  စောင့်ကြည့် ၂၁ ရက်ပြည့်ပြီးကြောင်း လက်မှတ်များနှင့် COVID-19  ရောဂါနှင့် ပတ်သက်၍ ဆောင်ရန်ရှောင်ရန် စာရွက်စာတမ်းများကို တာဝန်ရှိသူများက ပေးအပ်ပြီး သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးများသို့ တပ်မတော်ကစီစဉ်ပေးသည့် မော်တော်ယာဉ်များဖြင့် လိုက်လံပို့ဆောင်ပေးခဲ့သည်။   

ယနေ့ည ၇ နာရီအထိ နေပြည်တော်၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် စုစုပေါင်းပြည်သူ ၅၅၀ ဦးနှင့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေး စခန်းတွင် စုစုပေါင်းပြည်သူ ၂၈၅ ဦးတို့ကို လက်ခံထားရှိပြီး အဆိုပါစောင့်ကြည့်လူနာများ အားလုံးမှာ ကျန်းမာရေးကောင်းမွန်လျက် ရှိသည်။   

လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ Quarantine ဆောင်ရွက်လျက်ရှိသည့် တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ်များအား ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သက်ပုံ က တွေ့ဆုံအားပေးစကားပြောကြားပြီး သီးသန့်စောင့်ကြည့်ရမည့် သူများ၏နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးနေမှုများကို လိုက်လံကြည့်ရှု၍ လိုအပ်သည် များ ညှိနှိုင်းဆောင်ရွက်ပေးသည်။   

ထို့ပြင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ မော်လမြိုင်မြို့ရှိ တည်းခိုးရေးစခန်းတွင် COVID-19  ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့် သူများအား လည်း လက်ခံပေးလျက်ရှိရာ ယနေ့အထိ ၉၃ ဦးလက်ခံထားရှိပြီးဖြစ်ကြောင်းနှင့် ဆေးအဖွဲ့များက လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးပြီး ၎င်းတို့ နေထိုင်စားသောက်မှုဆိုင်ရာများအား တိုင်းစစ် ဌာနချုပ်မှ စီစဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အဆိုပါစောင့်ကြည့် လူနာများအားလုံးမှာ ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း သတင်းရရှိသည်။များက လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးပြီး ၎င်းတို့ နေထိုင်စားသောက်မှုဆိုင်ရာများအား တိုင်းစစ် ဌာနချုပ်မှ စီစဉ်ဆောင်ရွက်ပေးလျက် ရှိကြောင်းနှင့် အဆိုပါစောင့်ကြည့်လူနာများ အားလုံးမှာ ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း သတင်းရရှိသည်။

Read 248 times