SJ WorldNews - шаблон joomla Авто

မြန်မာ-တရုတ် ချစ်ကြည်ရင်းနှီးစွာဆက်သွယ်ဆောင်ရွက်ရေးအဖွဲ့အစည်း (Myanmar-China Friendly Contact Organization) က COVID-19 ရောဂါကာကွယ်ရေးအတွက် အထောက် အကူပြု ပစ္စည်းများပေးအပ်လှူဒါန်း

Sunday, 31 May 2020 10:24 font size decrease font size decrease font size increase font size increase font size

နေပြည်တော်    မေ   ၃၀

COVID-19 ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိသောတပ်မတော်အတွက် အထောက်အကူ ဖြစ်စေရန်  လူဦးရေ ၁၀၀၀ ဦးစစ်ဆေးနိုင်သည့် COVID-19 Real Time PCR Kit များ ပေးအပ်လှူဒါန်းခြင်းကို မေ ၂၉ ရက် နေ့လယ်ပိုင်းတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ ပေါင်းလောင်း ရိပ်သာ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်သောင်းထိုက်ရွှေနှင့်အဖွဲ့ဝင်များ၊ အလှူရှင်များဖြစ်သည့် မြန်မာ-တရုတ် ချစ်ကြည်ရင်းနှီးစွာဆက်သွယ်ဆောင်ရွက်ရေး  အဖွဲ့အစည်း (Myanmar-China Friendly  Contact  Organization)မှ ဦးကိုကိုလှိုင်နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ဦးကိုကိုလှိုင်က လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် COVID-19  ရောဂါစစ်ဆေးရေးဆေးပစ္စည်းများဖြစ်သည့် Sample Collection Swab (နှာခေါင်း၊ အာခေါင် တို့ဖတ်ယူသော တုတ်ချောင်း ၃၀၀၀ ချောင်း)၊ Bio  Detect  Disposable Viral Sampling Tube  ၃၀၀၀ ချောင်း၊ Bioperfectual    Virul  Nucleci

Acid Isolation Kit  (ဗိုင်းရပ်၏ BNA ကို စစ်ထုတ်ယူသောပစ္စည်းများ)လူ ၅၀ ဦးစစ်ဆေးနိုင်သောဘူး ၂၀ ဘူးနှင့် Bioperfectual FI-PCF Kit(RI PCF နည်းစနစ်ဖြင့် စစ်ဆေးရန်ဆေးရည်) လူ၅၀ ဦး စစ်ဆေးနိုင်သော ဘူး ၂၀ ဘူးတို့ကိုပေးအပ်လှူဒါန်းရာ တိုင်းမှူးက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်း လွှာပြန်လည်ပေးအပ်ပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။

            

Read 72 times Last modified on Sunday, 31 May 2020 20:15