SJ WorldNews - шаблон joomla Авто

ပလက်ဝမြို့အနီး နေရာယူ၍ နယ်မြေလုံခြုံရေးနှင့် လမ်းပန်းဆက်သွယ်မှုလုံခြုံရေးကို ခြိမ်းခြောက် လျက်ရှိသည့် AA အကြမ်းဖက်သောင်းကျန်းသူများ၏ အခိုင်အမာ ခြေကုပ်စခန်းသုံးခုနှင့် ကာကင်း စခန်းများအားသိမ်းပိုက်ရရှိ

Sunday, 31 May 2020 20:09 font size decrease font size decrease font size increase font size increase font size

ပလက်ဝမြို့အနီး နေရာယူ၍ နယ်မြေလုံခြုံရေးနှင့် လမ်းပန်းဆက်သွယ်မှုလုံခြုံရေးကို ခြိမ်းခြောက် လျက်ရှိသည့် AA  အကြမ်းဖက်သောင်းကျန်းသူများ၏ အခိုင်အမာ ခြေကုပ်စခန်းသုံးခုနှင့် ကာကင်း စခန်းများအားသိမ်းပိုက်ရရှိ

နေပြည်တော်၊ မေ - ၃၁

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝနယ်မြေအတွင်း နယ်မြေတည်ငြိမ် အေးချမ်းရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ချင်းပြည်နယ်၊ ပလက်ဝမြို့၏ အနောက်တောင်ဘက် မီတာ ၂၅၀၀ ခန့်အကွာရှိ ပလက်ဝမြို့အား စိုးမိုးထားသည့် ပွိုင့်-၆၀၂ ၊ ပွိုင့်-၅၆၅နှင့် ပွိုင့်-၅၄၀ နေရာများ၌ အခိုင်အမာနေရာယူ၍ ပလက်ဝဒေသနယ်မြေလုံခြုံရေး၊ ကုလားတန်မြစ်ကြောင်းတစ်လျှောက် လမ်းကြောင်းလုံခြုံရေးနှင့် လမ်းပန်းဆက်သွယ်မှု လုံခြုံရေးများ အပါအဝင် ကုလားတန်မြစ်ကူးတံတားနှင့် လမ်းဖောက်လုပ်ရေးစီမံကိန်း တို့အား နှောင့်ယှက် ခြိမ်းခြောက်ခဲ့သည့် AA အကြမ်းဖက်သောင်းကျန်းသူများ၏ အခိုင်အမာခြေကုပ်စခန်း ၃ ခုနှင့် ကာကင်း စခန်းများကို ယနေ့နံနက် ၈ နာရီခန့်တွင် တပ်မတော်မှ အပြီးတိုင်သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ AA  အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် မတ်လ မှစတင်၍ ပလက်ဝမြို့ကို ဖြတ်တောက် ပိတ်ဆို့ရန် ကျောက်တော်-ပလက်၀ လမ်းကြောင်း၊ မတူပီ-ဆမီး-ပလက်၀ လမ်းကြောင်း များကို ဖြတ်တောက် ပိတ်ဆို့မှုများ ဆောင်ရွက်ခဲ့ပြီး နိုင်ငံတော် အစိုးရနှင့်တပ်မတော်တို့အား အကြပ်အတည်းဖြစ်စေရေး အများပြည်သူ အသုံးပြုသွားလာ လျက်ရှိသည့် စစ်တွေ-ရန်ကုန် ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ မင်းပြား၊ ရာမောင်တံတား အနီးတစ်ဝိုက်ရှိ ပွိုင့်-၁၁၄ တောင်ကုန်းတွင် နေရာယူကာ လမ်းပန်းဆက်သွယ်မှုအား ပြတ်တောက်စေရန် နှောင့်ယှက်တိုက်ခိုက်မှုများစသည့် အကြမ်းဖက် လုပ်ရပ်များအား ဆက်လက်ဆောင်ရွက်ခဲ့သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ၎င်းတို့ နေရာယူထားသည့် ပွိုင့်-၁၁၄ တောင်ကုန်းအနီးရှိ ၎င်းင်းတို့အခိုင်အမာ နေရာယူထားသည့် နေရာ ၅ နေရာကို  မေလ ၈ ရက်တွင် အဆင့်ဆင့်တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သည်။

ထို့ပြင် AA အကြမ်းဖက်သောင်းကျန်းသူများသည် ပလက်ဝမြို့အနီးရှိ စိုးမိုး တောင်ကုန်းများဖြစ်သည့် ပွိုင့်-၆၀၂ ၊ ပွိုင့်-၅၆၅ နှင့် ပွိုင့်-၅၄၀ တောင်ကုန်းနေရာများ၌ အခိုင်အမာ နေရာယူ၍ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်တွင် ချင်းပြည်နယ်၊ မဲဆန္ဒနယ် အမှတ်(၁၁)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းအား ဖမ်းဆီးခေါ် ဆောင်ခဲ့ သည့်ဖြစ်စဉ်၊ ၂၀၂၀ ပြည့်နှစ် မတ် ၂၃ ရက်တွင် ပလက်၀ - ဇိုရမ်ပူ ကားလမ်း ဖောက်လုပ် နေသည့် C&C ကုမ္ပဏီမှ အိန္ဒိယနိုင်ငံသား ၈ ဦး၊ စကားပြန် ၂ ဦးနှင့် လုပ်သား ၅ ဦး တို့အား အကြောင်းမဲ့ ဝင်ရောက် ဖမ်းဆီးခေါ်ဆောင်ခဲ့သည့်ဖြစ်စဉ်၊ ဧပြီ ၂၂ ရက်တွင် ပလက်ဝမြို့ အတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ နှောင့်ယှက် ပစ်ခတ်မှုကြောင့် မြို့တွင်းရှိ မြန်မာ့စီးပွားရေးဘဏ်အနီး ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဘဏ်ဝန်ထမ်းများနှင့် မိသားစုဝင်များ သေဆုံး၊ ဒဏ်ရာရရှိမှုဖြစ်စဉ်နှင့် ဧပြီ ၁၂ ရက်တွင် အရပ်သားများအသွင် အယောင်ဆောင်၍ ပလက်ဝမြို့အတွင်း ဝင်ရောက်ကာ မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌဖြစ်သူ ဦးမြင့်မောင် (ဘ)ဦးတင်မြင့်အား အတင်းအဓမ္မ ခြိမ်းခြောက်ဖမ်းဆီးခေါ်ဆောင်သွားသည့် ဖြစ်စဉ်အပါအဝင် ပလက်၀ဒေသ နယ်မြေလုံခြုံ ရေး၊ လမ်းကြောင်းလုံခြုံရေးနှင့် လမ်းပန်းဆက်သွယ်မှုလုံခြုံရေးကို ခြိမ်းခြောက် လျက်ရှိပြီး ချင်းပြည်နယ်အစိုးရနှင့် အလှူရှင်များက ပလက်ဝဒေသခံများအတွက် ပေးပို့လှူဒါန်းသည့် ထောက်ပံ့ ရေးပစ္စည်းများနှင့် WFP မှ လှူဒါန်းသည့် ထောက်ပံ့ရေးရိက္ခာပစ္စည်းများကိုလည်း နည်းလမ်းမျိုးစုံဖြင့် ခြိမ်းခြောက်ရယူသုံးစွဲနေကြောင်း သတင်းဖော်ထုတ်ရရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက မေလ ၂၄ ရက်မှ စတင်၍ ပလက်ဝမြို့ဝန်းကျင်နယ်မြေ စိုးမိုးရေးလုပ်ငန်းများကို အသေးစိတ်ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ခဲ့ရာ မေ ၂၄ ရက်တွင် ပွိုင့်-၅၄၀ တောင်ကုန်းအား စတင်တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပြီး အဆင့်ဆင့်ခြေကုပ်ယူတိုက်ခိုက်ခဲ့ရာ မေ ၂၅ ရက်တွင် ၎င်းစခန်း၏ အရှေ့ဘက်နှင့် အရှေ့တောင်ဘက်ရှိ ကာကင်းစခန်း ၂ ခုအားလည်းကောင်း၊ မေ ၃၀ ရက်တွင် ပွိုင့်-၆၀၂၏ ရှေ့ကာကင်းစခန်းအား လည်းကောင်း အသီးသီးသိမ်းပိုက် ရရှိခဲ့ကာ တပ်မတော်စစ်ကြောင်းများအနေဖြင့် ပွိုင့်-၅၆၅ ၊ ပွိုင့်-၆၀၂ နှင့် ၎င်းတောင်ကုန်း ၂ ခုကို အထောက်အကူပြုထားသည့် ကြားကာကင်းကုန်းတို့အား ရင်ဆိုင်ထိန်းချုပ် ထားရှိခဲ့ပြီး ဆက်လက် တိုက်ခိုက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ မဆုတ်မနစ် သက်စွန့် ကြိုးပမ်း ရွပ်ရွပ်ချွံချွံဆောင်ရွက်မှုများကြောင့် ပွိုင့်-၆၀၂၊ ပွိုင့်-၅၆၅နှင့် ပွိုင့်-၅၄၀ အခိုင်အမာနေရာများနှင့် ကာကင်းစခန်း ၄ ခုတို့အား ယနေ့ မေ ၃၁ ရက် နံနက်ပိုင်းတွင် အပြီးတိုင် တိုက်ခိုက် သိမ်းပိုက် ရရှိခဲ့သည်။ 

ဖြစ်စဉ်များတွင် AA အကြမ်းဖက်သောင်းကျန်းသူများထံမှ အလောင်း၊ လက်နက်ကြီးများအပါအဝင် လက်နက် မျိုးစုံ၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်း ရရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ကျဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းနှင့် နယ်မြေ ဒေသလုံခြုံရေး၊ လမ်းပန်းဆက်သွယ်မှုလုံခြုံရေး၊ နယ်မြေ စိုးမိုးရေး လုပ်ငန်းများအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Read 79 times