SJ WorldNews - шаблон joomla Авто

ယနေ့ဓာတ်ခွဲ အဖြေများတွင် COVID-19 ပိုးတွေ့လူနာ ထပ်တိုးမရှိ

Monday, 01 June 2020 09:33 font size decrease font size decrease font size increase font size increase font size

 

 နေပြည်တော်  မေ  ၃၁

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက  ယနေ့နံနက် ၇ နာရီနှင့် ည ၈ နာရီတို့တွင် COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်များ အရ  ဓာတ်ခွဲအဖြေများ၌ COVID-19 ရောဂါပိုးတွေ့ လူနာသစ် မရှိကြောင်း သိရသည်။

အဆိုပါထုတ်ပြန်ချက်များတွင်   (၃၀-၅-၂၀၂၀)ရက်အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာ ဌာန(ရန်ကုန်)မှ  ဒုတိယအသုတ် အဖြစ် ဓာတ်ခွဲနမူနာ ၇၅၂ ခု အား (၃၁-၅-၂၀၂၀)ရက်  နံနက်အစောပိုင်းတွင် စစ်ဆေးပြီး စီးခဲ့ရာ  COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် မတွေ့ရှိရပါ။

(၃၀-၅-၂၀၂၀)ရက်အတွက် COVID-19 ဓာတ်ခွဲ စစ်ဆေးရာတွင်  အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)မှ ဓာတ်ခွဲ န မူနာ ၁၂၁၉ ခု၊ ဆေးသုတေသန ဦးစီးဌာနမှ ဓာတ်ခွဲနမူနာ ၅၂ ခုနှင့် အမှတ် (၁)တပ်မတော် ဆေးရုံကြီး ခုတင်-၁၀၀၀ မှ  ဓာတ်ခွဲ နမူနာ ၆၇ ခု စုစုပေါင်း ၁၃၃၈ ခုအား  စစ်ဆေးခဲ့ပြီး (၃၁-၅-၂၀၂၀)ရက် နံနက် အစောပိုင်းတွင် ဓာတ်ခွဲ စစ်ဆေးမှုများပြီးစီး ခဲ့ သည်။

(၃၁-၅-၂၀၂၀)ရက်အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးရာတွင်  အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)မှ ပထမ အသုတ် အဖြစ် ဓာတ်ခွဲနမူနာ ၅၄၅ ခုနှင့် ဆေးသုတေသန ဦးစီးဌာနမှ ဓာတ်ခွဲ နမူနာ ၁၇၈ ခု စုစုပေါင်း ၇၂၃ ခုအား ယနေ့ ညနေပိုင်းတွင် စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ် မတွေ့ရှိရပါ။

(၃၁-၅-၂၀၂၀)ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြု လူနာ ၂၂၄ဦးရှိသည်။

ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case)များ၏ ဓာတ်ခွဲနမူနာ စစ်ဆေးမှုတွင် နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိ သူ ရှစ်ဦး (Case-60, 64, 89, 153, 178, 183, 184 နှင့် 193) ရှိသဖြင့် (၃၁-၅-၂၀၂၀) ရက်အထိ ရောဂါပိုးကင်း စင်လာသူ စုစုပေါင်း ၁၃၈ ဦးရှိသည်။ ၎င်းတို့ အနက် ၁၂၈ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွား အလာ ဆက်လက် ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှု လျက်ရှိသည်။

ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ ခြောက်ဦးရှိသည်။ (၃၀-၅-၂၀၂၀)ရက် မွန်းတည့် ၁၂ နာရီ မှ (၃၁-၅-၂၀၂၀)ရက် မွန်း တည့် ၁၂ နာရီ အတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာ အသစ် ၃၇ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

 

 

 

Read 63 times Last modified on Monday, 01 June 2020 09:35