SJ WorldNews - шаблон joomla Авто

ရန်ကုန်တိုင်း စစ်ဌာနချုပ်နယ်မြေ အတွင်း အသွားအလာ ကန့်သတ်သီးခြား စောင့်ကြည့် ထားသည့် တပ်မတော်သား ၄ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိ

Monday, 01 June 2020 10:37 font size decrease font size decrease font size increase font size increase font size

 နေပြည်တော်၊ ဇွန် ၁

ရန်ကုန်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း အိန္ဒိယနိုင်ငံမှ သင်တန်းတက်ရောက်ပြီး မေ ၂၄ ရက်တွင် မြန်မာ့ အမျိုးသား လေကြောင်းလိုင်း ဖြင့် ပြန်လည်ရောက်ရှိ လာသည့် တပ်မတော်သား ၁၈ ဦးအား အသွားအလာကန့်သတ် သီးခြား စောင့်ကြည့် ထား လျက် ရှိပြီး အဆိုပါ တပ်မတော်သားများ၏ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်များ ရယူ၍  ၎င်းနေ့တွင်ပင် ပထမအကြိမ် စစ်ဆေး ခဲ့ရာ COVID-19  ရောဂါပိုး မတွေ့ရှိရကြောင်း သိရှိရသည်။

၂၀၂၀ ပြည့်နှစ် မေလ ၃၀ ရက်နေ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ အဆိုပါ တပ်မတော်သားများ စီးနင်း လိုက်ပါလာသည့် လေယာဉ်ဖြင့် လိုက်ပါလာသူများအနက် အရပ်သား အမျိုးသား ၉ ဦး၊ အမျိုးသမီး ၈ ဦးတို့တွင် COVID -19  ရောဂါပိုး တွေ့ရှိကြောင်း သိရှိရသဖြင့် ၎င်းတပ်မတော်သားများအား ဒုတိယအကြိမ် နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်များ ရယူ၍ အမျိုးသားဓာတ်ခွဲဌာန(NHL)သို့ ပေးပို့ စမ်းသပ် စစ်ဆေးရာ ဇွန်လ ၁ ရက်နေ့ နံနက် ၇ နာရီခွဲတွင် ဓာတ်ခွဲအတည်ပြု ထုတ်ပြန်ချက် အရ  အရာရှိ၊ စစ်သည် ၁၈ ဦး အနက် ၄ ဦးတွင် COVID-19  ရောဂါပိုး တွေ့ရှိကြောင်း သိရှိရသည်။ ၎င်း အရာရှိ၊ စစ်သည် များအား  တပ်မတော်မှ COVID-19 ရောဂါ အထူးကုသရန်ကြိုတင်စီစဉ်ထားသည့် တပ်မတော်အသည်း ရောဂါအထူးကု ဆေးရုံကြီး (မင်္ဂလာဒုံ)သို့ ပို့ဆောင်၍ ကုသမှု ခံယူလျက်ရှိကြောင်းနှင့် ၎င်းတို့၏ ကျန်းမာရေး အခြေအနေမှာ တည်ငြိမ်ကောင်း မွန်လျက် ရှိကြောင်း သိရှိရသည်။

၎င်းတို့နှင့် ဆက်စပ် ထိတွေ့မှုရှိခဲ့သူများကိုလည်း လိုအပ်သည့် ရောဂါရှာဖွေ ဖော်ထုတ်ခြင်း၊ အသွားအလာ ကန့်သတ်စောင့်ကြပ် ကြည့်ရှုခြင်းများ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

 

 

 

Read 92 times Last modified on Monday, 01 June 2020 11:35