SJ WorldNews - шаблон joomla Авто

Covid-19 ရောဂါဖြစ်ပွားမှုကာလ အတွင်း အချိန်ကို အကျိုးရှိစေရေးအတွက် ၁၀ ယောက်စု နှုန်း စာဖတ်ဝိုင်းများဖြင့် ကျောင်းသင် ခန်းစာများ ပြန်လည်ဖတ်ရှု လေ့လာစေခြင်း၊ ယဉ်ကျေး လိမ္မာ၊ အင်္ဂလိပ်စာနှင့် ကွန်ပျူတာ သင်ခန်းစာ သင်ကြားပေးခြင်းများ ဆောင်ရွက်

Monday, 01 June 2020 20:20 font size decrease font size decrease font size increase font size increase font size

 နေပြည်တော် ၊  ဇွန် - ၁

Covid-19 ရောဂါကြောင့် သွားလာမှုကန့်သတ်ချက်များရှိနေချိန် နွေရာသီ ကျောင်းပိတ်ရက်များတွင် ကျောင်းများ ပြန်လည် ဖွင့် လှစ်ခြင်း မပြုနိုင်မီ တပ်တွင်းရှိ မှီခို ကျောင်းသား၊ ကျောင်းသူများ အချိန်ကို အလဟသမဖြစ်စေဘဲ အကျိုးရှိစေရေးအတွက် ယခင်နှစ်သင်ကြားခဲ့သည့် အတန်းလိုက် သင်ခန်းစာများကို ပြန်လည်ဖတ်ရှုလေ့လာနိုင်ရန်  ၁၀ ယောက်စုနှုန်းဖြင့် စာဖတ်ဝိုင်းများ စီစဉ်ပေးခြင်း၊ လောကနီတိ အခြေခံဖြစ်သော ၃၈ ဖြာ မင်္ဂလာကဲ့သို့ ယဉ်ကျေးလိမ္မာသင်ခန်းစာများ သင်ကြားပေးခြင်းတို့ကို တိုင်းစစ် ဌာနချုပ်များ အလိုက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်နယ် အသီးသီးမှ ကျောင်း သား၊ ကျောင်းသူ ၂၆၃၈ ဦးကို လည်းကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်နယ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူ ၅၆၇၉ ဦးကို လည်းကောင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်နယ် အသီးသီးမှ ကျောင်းသား၊ ကျောင်းသူ ၅၁၉ ဦးကို လည်းကောင်း ယဉ်ကျေးလိမ္မာ သင်ခန်းစာ၊ အခြေခံ အင်္ဂလိပ်စာနှင့် ကွန်ပျူတာ အခြေခံ သင်ခန်းစာ များနှင့် ယခင်နှစ် သင်ကြားခဲ့သည့် အတန်းလိုက် သင်ခန်းစာများ ပြန်လည်ဖတ်ရှုလေ့လာနိုင်ရန် စာဖတ်ဝိုင်း များဖြင့် သင်ကြား လေ့ကျင့် ပေးသည်။